Brodie Moss လို့ခေါ်တဲ့ သြစတြေးလျ အမျိုးသားဟာ ပင်လယ်ကမ်းခြေကို ကြိုက်နှစ်သက်သူဖြစ်ပြီး အပျော်တမ်း ငါးဖမ်းခြင်းနဲ့ အခြား စွန့်စွန့်စားစား လုပ်ကိုင်ရတာမျိုးတွေကို ကြိုက်နှစ်သက်သူ ဖြစ်ပါတယ်။
တစ်နေ့မှာတော့ ကမ်းခြေမှာလမ်းလျှောက်နေရင်းနဲ့ ပုံမှန်မဟုတ်တာတစ်ခုကို အဝေးကနေ လှမ်းမြင်ခဲ့တယ်။
ပင်လယ်လိပ်ကြီးတစ်ကောင် ပက်လက်လန်နေပြီး လှုပ်မရဖြစ်နေတာကို တွေ့ရှိခဲ့ပါတယ်။
တွေ့တွေ့ချင်းမှာပဲ Brodie မှာ သဲပြင်ကို တူးဖော်ပြီး ပင်လယ်လိပ်ကြီးကို ကယ်တင်ဖို့အတွက် စတင်လုပ်ဆောင်ပါတော့တယ်။
ထို့နောက် အခြားသူငယ်ချင်းတစ်ယောက်အကူအညီနဲ့ ပင်လယ်လိပ်ကြီးကို ကယ်တင်နိုင်ခဲ့ပါတယ်။
နောက်ဆုံးမှာတော့ ပင်လယ်လိပ်ကြီးကို သူရဲ့ အိမ်ပြန်လမ်းကို ပြန်ပို့ပေးနိုင်ခဲ့ပါတယ်။
#ST (1209Soshwe)