1. The 4th Company
၁၉၇၀ ခုနှစ်နောက်ပိုင်း မက္ကဆီကို အကျဉ်းထောင်တစ်ခုအတွင်းမှ အကျဉ်းကျနေသူတစ်ယောက်အကြောင်း ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ အကျဉ်းထောင် ဘောလုံးအသင်းတစ်ခုမှာ သူ့အနေနဲ့ ပါဝင်နိုင်အောင် ကြိုးစားရင်း အကျဉ်းထောင်အရာရှိတွေရဲ့ မဟုတ်မှန်တဲ့လုပ်ရပ်တွေ၊ မကောင်းတဲ့ ရည်ရွယ်ချက်တွေအကြောင်း သတိထားမိလာပြီးနောက်ပိုင်း ဘယ်လိုဆက်ဖြစ်လာမလဲဆိုတာကိုတော့ ရုပ်ရှင်ထဲမှာပဲ ဆက်လက်ကြည့်ရှုပေးပါနော် . . .
2. On Body and Soul
Maria မှာ အလွန်တရာမှ ရှက်ကြောက်တတ်သူဖြစ်ပြီး သူမရဲ့ အလုပ်သစ်ထဲမှ လုပ်ဖော်ကိုင်ဖက်များနဲ့ ပြောဆိုဆက်ဆံခြင်း မရှိသူတစ်ယောက် ဖြစ်ပါတယ်။ Endre ကတော့ Maria ရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ဖြစ်ပြီး သူမလိုပဲ လူမှုဆက်ဆံရေးခေါင်းပါးကာ ဖော်ရွေမှုမရှိသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်နေ့မှာတော့ သူတို့ရဲ့ ထူးဆန်းတဲ့ အိပ်မက်တွေကနေတစ်ဆင့် အချင်းချင်းသတိထားမိလာကြပြီး နောက်ပိုင်း ဘယ်လိုတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ ရုပ်ရှင်ထဲမှာပဲ ဆက်လက် ကြည့်ရှုလိုက်ပါနော် . . .
3. Morris From America
အသက် ၁၃ နှစ်အရွယ် Morris ဆိုတဲ့ လူမည်း ဆယ်ကျော်သက် ကောင်းလေးတစ်ယောက်ဟာ သူ့ရဲ့ဖခင်နဲ့အတူ အမေရိကန်ကနေ ဂျာမနီကိုရောက်ရှိလာပြီး နေရာအသစ်နဲ့ အံဝင်ခွင်ကျဖြစ်အောင် ကြိုးစားနိုင်ပါ့မလား၊ သူဖြစ်ချင်နေတဲ့ Rapper အဆိုတော်တစ်ယောက် ဖြစ်လာအောင်ကော အမှန်တကယ် အကောင်အထည်ဖော်နိုင်မလားဆိုတာ စိတ်ဝင်စားစရာကောင်းအောင် ရိုက်ကူးပုံဖော်ထားတဲ့ မေတ္တာဖွဲ့ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။
4. Manson Family Vacation
အခြားဇာတ်မြူးကားတွေနဲ့မတူတဲ့ ဒီဇာတ်ကားလေးကတော့ ညီအစ်ကိုနှစ်ယောက်ရဲ့ မတူညီကွဲပြားတဲ့ အကြောင်းလေးပဲဖြစ်ပါတယ်။ ညီအစ်ကိုနှစ်ယောက်မှာ တစ်ယောက်ကတော့ Los Angeles မှာ အောင်မြင်နေတဲ့ ရှေ့နေတစ်ယောက်ဖြစ်ပြီး ဘဝကို ပြည့်စုံစွာနဲ့ ကောင်းကောင်းမွန်မွန်နေထိုင်နေသူဖြစ်ကာ နောက်တစ်ယောက်ကတော့ ရည်မှန်းချက်မရှိဘဲ ဘဝကို ပေါ့ပျက်ပျက် ဖြတ်သန်းနေသူတစ်ယောက်ပဲဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူ့ညီရှိရာ Los Angeles သို့ အလည်သွားရင် ဘယ်လိုတွေ ဆက်ဖြစ်လာမလဲဆိုတာကိုတော့ Manson Family Vacation ထဲမှာ ဆက်လက် ကြည့်ရှုပေးပါဦးနော် . . .
5. Children of Men
ဒီဇာတ်ကားကို Alfonso Cuaron မှ ပုံဖော် ရိုက်ကူးထားတာဖြစ်ပြီး လူးသားမျိုးနွယ်စုတွေကြား ဖြစ်ပျက်နေတဲ့ ပဠိပက္ခတွေအကြောင်း အသားပေးရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ထိုဇာတ်ကားထဲမှာတော့ အမျိုးသားများအနေနဲ့ သားသမီးမွေးဖွားအောင် မစွမ်းဆောင်နိုင်တော့သလို အမျိုးသမီးတွေအနေနဲ့လည်း သားသမီးမရနိုင်တဲ့ အခြေအနေဆိုးနဲ့ ရင်ဆိုင် ကြုံတွေ့နေရပါတယ််။ ထိုအထဲမှာမှ ထူးထူးခြားခြား ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက် ပေါ်ပေါက်လာပြီး ပျက်စီးလုနီးနီးဖြစ်နေတဲ့ မနာလို ရန်လိုမှုများနေတဲ့ Society ထဲကနေ ထိုကိုယ်ဝန်သည်အမျိုးသမီးကို ဘယ်လို ကာကွယ်စောင့်ရှောက်မလဲဆိုတာကိုတော့ ရုပ်ရှင်ထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါနော် . . .
6. The Lovely Bones
အသက် ၁၄ နှစ်အရွယ် Susie ဆိုတဲ့ ကောင်မလေးဟာ သူ့ အိမ်နီးချင်းတစ်ယောက်ရဲ့ ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်ခံခဲ့ရပါတယ်။ Susie ရဲ့ မိသားစုတွေနဲ့ သူငယ်ချင်းတွေဟာလည်း သူမကို ဆုံးရှုံးပြီးနောက်ပိုင်း ကြေကွဲဝမ်းနည်းစွာ နေထိုင်ရင်း အခြေအနေအားလုံး မူလအခြေအနေသို့ ရောက်ရှိအောင် ကြိုးစားနေကြရပါတယ်။ Susie ကလည်း တမလွန်ဘဝကနေ သူမိသားစုကို ကာကွယ်စောင့်ရှောက်ပေးရင်းနဲ့ တစ်နေ့မှာတော့ လူသတ်သမားက Susie ညီမကို သတ်ရန် ထပ်မံ ပြင်ဆင်လာတဲ့အခါမှာတော့ ဘယ်လိုတွေဆက်ဖြစ်လာမလဲဆိုတာကို ရုပ်ရှင်ထဲမှာပဲ ဆက်လက်ကြည့်ရှုပေးပါနော် . . .
7. Holidays
ထိတ်လန့်ကြောက်မက်ဖွယ်ရာ ဇာတ်လမ်းအမျိုးအစားဖြစ်ပြီး Easter, Christmas, New Year, Valentine Day နဲ့ Halloween စသဖြင့် Holiday တွေမှာ လူတွေရဲ့ ကိုးကွယ်ယုံကြည်မှု၊ ကွဲပြားခြားနားတဲ့ အယူအဆတွေအကြောင်း ထူးခြားပြောင်မြောက်စွာ ရိုက်ကူးထားတဲ့ သည်းထိတ်ရင်ဖို ဇာတ်လမ်းအမျိုးအစားဖြစ်ပါတယ်။ Horror ရုပ်ရှင် ကြိုက်နှစ်သက်သူတိုင်း အကြိုက်တွေ့စေမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်မှာ သေချာပါတယ်။
8. Hold The Dark
Russel ဆိုတဲ့ မုဆိုးတစ်ယောက်ဟာ Alaska မြို့တစ်ဝိုက် ခရီးသွားလာနေရင်း တစ်နေ့မှာတော့ အမျိုးသမီးတစ်ယောက်နဲ့ တွေ့ဆုံပြီး သူမကလေးကို သတ်ဖြတ်သွားတဲ့ ဝံပုလွေတွေကို အမဲလိုက်ပေးရန်ကမ်းလှမ်းခဲ့ပါတယ်။ Russel လည်း ထိုအလုပ်ကို လက်ခံပြီးနောက် ဝံပုလွေတွေကို အလွယ်တကူပဲ သတ်ဖြတ်နိုင်မလား ဒါမှမဟုတ် နောက်ကွယ်မှာ ဘယ်လို အကြောင်းအရာတွေ ရှိနေနိုင်မလဲ စသဖြင့် စိတ်လှုပ်ရှားအောင် ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။
9. Super Dark times
Zack နဲ့ Josh ဆိုတဲ့ ဆယ်ကျော်သက် ကောင်လေးနှစ်ယောက်ဟာ ငယ်ငယ်လေးကတည်းက ခင်မင်လာကြတဲ့ သူငယ်ချင်းတွေဖြစ်ကြပြီး တစ်နေ့မှာတော့ မထင်မှတ်ထားတဲ့ မတော်တဆမှုတစ်ခုကို ကြုံတွေ့ခဲ့ကြကာ ထိုမတော်တဆမှုကို ဖုံးကွယ်ဖို့ကြိုးစားရင်း သူငယ်ချင်းတွေအကြား လျှို့ဝှက်ချက်ကို ထိန်းထားနိုင်မလား ဒါမှမဟုတ် ဘယ်လိုအခြေအနေဆိုးတွေနဲ့ ကြုံတွေ့ရမလဲဆိုတာ ရုပ်ရှင်ထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ပါနော် . . .
10. Nocturama
မတူညီတဲ့ လူတန်းစား အလွှာပေါင်းစုံမှ အစွန်းရောက်လူငယ်တွေ စုပေါင်းပြီး ပြင်သစ်နိုင်ငံရဲ့ လမ်းတွေမှာ ဖောက်ခွဲမှုတွေ စတင်လုပ်ကိုင်ရန် ပြင်ဆင်လာကြပါတယ်။ သူတို့ ပြင်ဆင်ထားတဲ့အတိုင်း ဖောက်ခွဲမှုလုပ်ငန်းတွေ အမှန်တကယ်ဖြစ်မြောက်လာခဲ့ပြီး နောက်ထပ်ဘယ်လို တိုက်ခိုက်မှုမျိုးတွေ လုပ်ဆောင်လာမလဲဆိုတာကိုတော့ Nocturama ဆိုတဲ့ ရုပ်ရှင်ကားထဲမှာ ဆက်လက်ခံစားပေးပါနော် . . .
11. Outside In
အသက် ၃၈နှစ်အရွယ်ရှိ Chris ဆိုတဲ့ အမျိုးသားတစ်ယောက်ဟာ သူ့အနေနဲ့ ကျူးလွန်ထားခြင်းမရှိတဲ့ ပြစ်မှုတစ်ခုအတွက် နှစ် (၂၀) ကြာ အကျဉ်းထောင်ကျနေရာကနေ ပြန်လည်လွတ်မြောက်လာပြီး သူ့ရဲ့ မွေးရပ်မြေသို့ ပြန်လာခဲ့ပါတယ်။ အဲ့နောက်မှာတော့ အထက်တန်းကျောင်း ဆရာမတစ်ဦးဖြစ်တဲ့ Carol ဖြစ်သူနဲ့ တွေ့ဆုံပြီး သံယောဇဉ်တွေဖြစ်ကာ ချစ်မိခဲ့ပါတယ်။ ဒါပေမယ့်လည်း နှစ်အတော်ကြာ အချစ်နဲ့ ဝေးကွာနေသူတစ်ယောက်ဖြစ်တဲ့အလျောက် သူ့ရဲ့အချစ်က လွယ်ကူပါ့မလားဆိုတာကိုတော့ ရုပ်ရှင်ထဲမှာပဲ ဆက်လက်ခံစားပေးပါနော် . . .
12. Obvious Child
အသက် (၂၀) အရွယ် ဘဝကို ပျော်ပျော်နေတတ်တဲ့ Donna ဆိုတဲ့ ကောင်မလေးတစ်ယောက် သူမမှာ ကိုယ်ဝန်ရှိနေပြီဆိုတာ သိပြီးနောက်ပိုင်း အလုပ်အကိုင်မရှိတဲ့ လက်ရှိအခြေအနေ၊ သတိလက်မဲ့နေရင်းကနေ ရရှိလာတဲ့ ကိုယ်ဝန်နဲ့ သူမကို လိုက်ပိုးပန်းနေတဲ့အမျိုးသားအကြား Donna တစ်ယောက် ဘယ်လိုဆက်လုပ်မလဲ စသဖြင့် လူငယ်တွေအနေနဲ့ အဓိကထားပြီးကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။
13. Unleashed
Emma လို့ခေါ်တဲ့ App Designer တစ်ယောက်ဟာ သူမချစ်သူရဲ့ သစ္စာဖောက်တာကို ခံရပြီးနောက်ပိုင်း သူမရဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့အတူ San Francisco သို့ ပြောင်းရွှေ့ နေထိုင်ခဲ့ပါတယ်။ ဒါပေမယ့်တစ်နေ့မှာတော့ မမျှော်လင့်ဘဲ ရုတ်တရက်ဆိုသလို သူမရဲ့ အိမ်မွေးတိရစ္ဆာန်တွေကနေ ဆွဲဆောင်မှုရှိတဲ့ အမျိုးသားတွေအဖြစ် ပြောင်းသွားပြီးနောက်ပိုင်း ဘယ်လိုတွေ ဆက်ဖြစ်မလဲဆိုတာကိုတော့ ရုပ်ရှင်ထဲမှာပဲ ဆက်လက်ကြည့်ရှုပေးပါနော် . . .
<Unicode Version>
လူေတြရဲ႕ စိတ္အာရုံကို အေကာင္းဆုံး ဖမ္းစားႏိုင္မယ့္ Netflix မွ ရုပ္ရွင္ဇာတ္ကားမ်ား။
1. The 4th Company
၁၉၇၀ ခုႏွစ္ေနာက္ပိုင္း မကၠဆီကို အက်ဥ္းေထာင္တစ္ခုအတြင္းမွ အက်ဥ္းက်ေနသူတစ္ေယာက္အေၾကာင္း ရိုက္ကူးထားတ့ဲ ျဖစ္ရပ္မွန္ ဇာတ္ကားတစ္ကား ျဖစ္ပါတယ္။ အက်ဥ္းေထာင္ ေဘာလုံးအသင္းတစ္ခုမွာ သူ႕အေနနဲ႕ ပါဝင္ႏိုင္ေအာင္ ႀကိဳးစားရင္း အက်ဥ္းေထာင္အရာရွိေတြရဲ႕ မဟုတ္မွန္တ့ဲလုပ္ရပ္ေတြ၊ မေကာင္းတ့ဲ ရည္ရြယ္ခ်က္ေတြအေၾကာင္း သတိထားမိလာၿပီးေနာက္ပိုင္း ဘယ္လိုဆက္ျဖစ္လာမလဲဆိုတာကိုေတာ့ ရုပ္ရွင္ထဲမွာပဲ ဆက္လက္ၾကည့္ရႈေပးပါေနာ္ . . .
2. On Body and Soul
Maria မွာ အလြန္တရာမွ ရွက္ေၾကာက္တတ္သူျဖစ္ၿပီး သူမရဲ႕ အလုပ္သစ္ထဲမွ လုပ္ေဖာ္ကိုင္ဖက္မ်ားနဲ႕ ေျပာဆိုဆက္ဆံျခင္း မရွိသူတစ္ေယာက္ ျဖစ္ပါတယ္။ Endre ကေတာ့ Maria ရဲ႕ လုပ္ေဖာ္ကိုင္ဖက္တစ္ေယာက္ျဖစ္ၿပီး သူမလိုပဲ လူမႈဆက္ဆံေရးေခါင္းပါးကာ ေဖာ္ေရြမႈမရွိသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ တစ္ေန႕မွာေတာ့ သူတို႕ရဲ႕ ထူးဆန္းတ့ဲ အိပ္မက္ေတြကေနတစ္ဆင့္ အခ်င္းခ်င္းသတိထားမိလာၾကၿပီး ေနာက္ပိုင္း ဘယ္လိုေတြဆက္ျဖစ္လာမလဲဆိုတာကိုေတာ့ ရုပ္ရွင္ထဲမွာပဲ ဆက္လက္ ၾကည့္ရႈလိုက္ပါေနာ္ . . .
3. Morris From America
အသက္ ၁၃ ႏွစ္အရြယ္ Morris ဆိုတ့ဲ လူမည္း ဆယ္ေက်ာ္သက္ ေကာင္းေလးတစ္ေယာက္ဟာ သူ႕ရဲ႕ဖခင္နဲ႕အတူ အေမရိကန္ကေန ဂ်ာမနီကိုေရာက္ရွိလာၿပီး ေနရာအသစ္နဲ႕ အံဝင္ခြင္က်ျဖစ္ေအာင္ ႀကိဳးစားႏိုင္ပါ့မလား၊ သူျဖစ္ခ်င္ေနတ့ဲ Rapper အဆိုေတာ္တစ္ေယာက္ ျဖစ္လာေအာင္ေကာ အမွန္တကယ္ အေကာင္အထည္ေဖာ္ႏိုင္မလားဆိုတာ စိတ္ဝင္စားစရာေကာင္းေအာင္ ရိုက္ကူးပုံေဖာ္ထားတ့ဲ ေမတၱာဖြဲ႕ဇာတ္ကားေကာင္းတစ္ကား ျဖစ္ပါတယ္။
4. Manson Family Vacation
အျခားဇာတ္ျမဴးကားေတြနဲ႕မတူတ့ဲ ဒီဇာတ္ကားေလးကေတာ့ ညီအစ္ကိုႏွစ္ေယာက္ရဲ႕ မတူညီကြဲျပားတ့ဲ အေၾကာင္းေလးပဲျဖစ္ပါတယ္။ ညီအစ္ကိုႏွစ္ေယာက္မွာ တစ္ေယာက္ကေတာ့ Los Angeles မွာ ေအာင္ျမင္ေနတ့ဲ ေရွ႕ေနတစ္ေယာက္ျဖစ္ၿပီး ဘဝကို ျပည့္စုံစြာနဲ႕ ေကာင္းေကာင္းမြန္မြန္ေနထိုင္ေနသူျဖစ္ကာ ေနာက္တစ္ေယာက္ကေတာ့ ရည္မွန္းခ်က္မရွိဘဲ ဘဝကို ေပါ့ပ်က္ပ်က္ ျဖတ္သန္းေနသူတစ္ေယာက္ပဲျဖစ္ပါတယ္။ တစ္ေန႕မွာေတာ့ သူ႕ညီရွိရာ Los Angeles သို႕ အလည္သြားရင္ ဘယ္လိုေတြ ဆက္ျဖစ္လာမလဲဆိုတာကိုေတာ့ Manson Family Vacation ထဲမွာ ဆက္လက္ ၾကည့္ရႈေပးပါဦးေနာ္ . . .
5. Children of Men
ဒီဇာတ္ကားကို Alfonso Cuaron မွ ပုံေဖာ္ ရိုက္ကူးထားတာျဖစ္ၿပီး လူးသားမ်ိဳးႏြယ္စုေတြၾကား ျဖစ္ပ်က္ေနတ့ဲ ပဠိပကၡေတြအေၾကာင္း အသားေပးရိုက္ကူးထားတ့ဲ ဇာတ္ကားေကာင္းတစ္ကား ျဖစ္ပါတယ္။ ထိုဇာတ္ကားထဲမွာေတာ့ အမ်ိဳးသားမ်ားအေနနဲ႕ သားသမီးေမြးဖြားေအာင္ မစြမ္းေဆာင္ႏိုင္ေတာ့သလို အမ်ိဳးသမီးေတြအေနနဲ႕လည္း သားသမီးမရႏိုင္တ့ဲ အေျခအေနဆိုးနဲ႕ ရင္ဆိုင္ ႀကံဳေတြ႕ေနရပါတယ္္။ ထိုအထဲမွာမွ ထူးထူးျခားျခား ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးတစ္ေယာက္ ေပၚေပါက္လာၿပီး ပ်က္စီးလုနီးနီးျဖစ္ေနတ့ဲ မနာလို ရန္လိုမႈမ်ားေနတ့ဲ Society ထဲကေန ထိုကိုယ္ဝန္သည္အမ်ိဳးသမီးကို ဘယ္လို ကာကြယ္ေစာင့္ေရွာက္မလဲဆိုတာကိုေတာ့ ရုပ္ရွင္ထဲမွာပဲ ဆက္လက္ၾကည့္ရႈလိုက္ၾကပါေနာ္ . . .
6. The Lovely Bones
အသက္ ၁၄ ႏွစ္အရြယ္ Susie ဆိုတ့ဲ ေကာင္မေလးဟာ သူ႕ အိမ္နီးခ်င္းတစ္ေယာက္ရဲ႕ ရက္စက္ၾကမ္းၾကဳတ္စြာ သတ္ျဖတ္ခံခ့ဲရပါတယ္။ Susie ရဲ႕ မိသားစုေတြနဲ႕ သူငယ္ခ်င္းေတြဟာလည္း သူမကို ဆုံးရႈံးၿပီးေနာက္ပိုင္း ေၾကကြဲဝမ္းနည္းစြာ ေနထိုင္ရင္း အေျခအေနအားလုံး မူလအေျခအေနသို႕ ေရာက္ရွိေအာင္ ႀကိဳးစားေနၾကရပါတယ္။ Susie ကလည္း တမလြန္ဘဝကေန သူမိသားစုကို ကာကြယ္ေစာင့္ေရွာက္ေပးရင္းနဲ႕ တစ္ေန႕မွာေတာ့ လူသတ္သမားက Susie ညီမကို သတ္ရန္ ထပ္မံ ျပင္ဆင္လာတ့ဲအခါမွာေတာ့ ဘယ္လိုေတြဆက္ျဖစ္လာမလဲဆိုတာကို ရုပ္ရွင္ထဲမွာပဲ ဆက္လက္ၾကည့္ရႈေပးပါေနာ္ . . .
7. Holidays
ထိတ္လန္႕ေၾကာက္မက္ဖြယ္ရာ ဇာတ္လမ္းအမ်ိဳးအစားျဖစ္ၿပီး Easter, Christmas, New Year, Valentine Day နဲ႕ Halloween စသျဖင့္ Holiday ေတြမွာ လူေတြရဲ႕ ကိုးကြယ္ယုံၾကည္မႈ၊ ကြဲျပားျခားနားတ့ဲ အယူအဆေတြအေၾကာင္း ထူးျခားေျပာင္ေျမာက္စြာ ရိုက္ကူးထားတ့ဲ သည္းထိတ္ရင္ဖို ဇာတ္လမ္းအမ်ိဳးအစားျဖစ္ပါတယ္။ Horror ရုပ္ရွင္ ႀကိဳက္ႏွစ္သက္သူတိုင္း အႀကိဳက္ေတြ႕ေစမယ့္ ဇာတ္ကားေကာင္းတစ္ကားျဖစ္မွာ ေသခ်ာပါတယ္။
8. Hold The Dark
Russel ဆိုတ့ဲ မုဆိုးတစ္ေယာက္ဟာ Alaska ၿမိဳ႕တစ္ဝိုက္ ခရီးသြားလာေနရင္း တစ္ေန႕မွာေတာ့ အမ်ိဳးသမီးတစ္ေယာက္နဲ႕ ေတြ႕ဆုံၿပီး သူမကေလးကို သတ္ျဖတ္သြားတ့ဲ ဝံပုေလြေတြကို အမဲလိုက္ေပးရန္ကမ္းလွမ္းခ့ဲပါတယ္။ Russel လည္း ထိုအလုပ္ကို လက္ခံၿပီးေနာက္ ဝံပုေလြေတြကို အလြယ္တကူပဲ သတ္ျဖတ္ႏိုင္မလား ဒါမွမဟုတ္ ေနာက္ကြယ္မွာ ဘယ္လို အေၾကာင္းအရာေတြ ရွိေနႏိုင္မလဲ စသျဖင့္ စိတ္လႈပ္ရွားေအာင္ ရိုက္ကူးထားတ့ဲ ဇာတ္ကားေကာင္းတစ္ကား ျဖစ္ပါတယ္။
9. Super Dark times
Zack နဲ႕ Josh ဆိုတ့ဲ ဆယ္ေက်ာ္သက္ ေကာင္ေလးႏွစ္ေယာက္ဟာ ငယ္ငယ္ေလးကတည္းက ခင္မင္လာၾကတ့ဲ သူငယ္ခ်င္းေတြျဖစ္ၾကၿပီး တစ္ေန႕မွာေတာ့ မထင္မွတ္ထားတ့ဲ မေတာ္တဆမႈတစ္ခုကို ႀကံဳေတြ႕ခ့ဲၾကကာ ထိုမေတာ္တဆမႈကို ဖုံးကြယ္ဖို႕ၾကိဳးစားရင္း သူငယ္ခ်င္းေတြအၾကား လွ်ိဳ႕ဝွက္ခ်က္ကို ထိန္းထားႏိုင္မလား ဒါမွမဟုတ္ ဘယ္လိုအေျခအေနဆိုးေတြနဲ႕ ႀကံဳေတြ႕ရမလဲဆိုတာ ရုပ္ရွင္ထဲမွာပဲ ဆက္လက္ၾကည့္ရႈလိုက္ပါေနာ္ . . .
10. Nocturama
မတူညီတ့ဲ လူတန္းစား အလႊာေပါင္းစုံမွ အစြန္းေရာက္လူငယ္ေတြ စုေပါင္းၿပီး ျပင္သစ္ႏိုင္ငံရဲ႕ လမ္းေတြမွာ ေဖာက္ခြဲမႈေတြ စတင္လုပ္ကိုင္ရန္ ျပင္ဆင္လာၾကပါတယ္။ သူတို႕ ျပင္ဆင္ထားတ့ဲအတိုင္း ေဖာက္ခြဲမႈလုပ္ငန္းေတြ အမွန္တကယ္ျဖစ္ေျမာက္လာခ့ဲၿပီး ေနာက္ထပ္ဘယ္လို တိုက္ခိုက္မႈမ်ိဳးေတြ လုပ္ေဆာင္လာမလဲဆိုတာကိုေတာ့ Nocturama ဆိုတ့ဲ ရုပ္ရွင္ကားထဲမွာ ဆက္လက္ခံစားေပးပါေနာ္ . . .
11. Outside In
အသက္ ၃၈ႏွစ္အရြယ္ရွိ Chris ဆိုတ့ဲ အမ်ိဳးသားတစ္ေယာက္ဟာ သူ႕အေနနဲ႕ က်ဴးလြန္ထားျခင္းမရွိတ့ဲ ျပစ္မႈတစ္ခုအတြက္ ႏွစ္ (၂၀) ၾကာ အက်ဥ္းေထာင္က်ေနရာကေန ျပန္လည္လြတ္ေျမာက္လာၿပီး သူ႕ရဲ႕ ေမြးရပ္ေျမသို႕ ျပန္လာခ့ဲပါတယ္။ အ့ဲေနာက္မွာေတာ့ အထက္တန္းေက်ာင္း ဆရာမတစ္ဦးျဖစ္တ့ဲ Carol ျဖစ္သူနဲ႕ ေတြ႕ဆုံၿပီး သံေယာဇဥ္ေတြျဖစ္ကာ ခ်စ္မိခ့ဲပါတယ္။ ဒါေပမယ့္လည္း ႏွစ္အေတာ္ၾကာ အခ်စ္နဲ႕ ေဝးကြာေနသူတစ္ေယာက္ျဖစ္တ့ဲအေလ်ာက္ သူ႕ရဲ႕အခ်စ္က လြယ္ကူပါ့မလားဆိုတာကိုေတာ့ ရုပ္ရွင္ထဲမွာပဲ ဆက္လက္ခံစားေပးပါေနာ္ . . .
12. Obvious Child
အသက္ (၂၀) အရြယ္ ဘဝကို ေပ်ာ္ေပ်ာ္ေနတတ္တ့ဲ Donna ဆိုတဲ့ ေကာင္မေလးတစ္ေယာက္ သူမမွာ ကိုယ္ဝန္ရွိေနၿပီဆိုတာ သိၿပီးေနာက္ပိုင္း အလုပ္အကိုင္မရွိတ့ဲ လက္ရွိအေျခအေန၊ သတိလက္မ့ဲေနရင္းကေန ရရွိလာတ့ဲ ကိုယ္ဝန္နဲ႕ သူမကို လိုက္ပိုးပန္းေနတ့ဲအမ်ိဳးသားအၾကား Donna တစ္ေယာက္ ဘယ္လိုဆက္လုပ္မလဲ စသျဖင့္ လူငယ္ေတြအေနနဲ႕ အဓိကထားၿပီးၾကည့္သင့္တ့ဲ ဇာတ္ကားေကာင္းတစ္ကား ျဖစ္ပါတယ္။
13. Unleashed
Emma လို႕ေခၚတ့ဲ App Designer တစ္ေယာက္ဟာ သူမခ်စ္သူရဲ႕ သစၥာေဖာက္တာကို ခံရၿပီးေနာက္ပိုင္း သူမရဲ႕ အိမ္ေမြးတိရစာၦန္ေလးေတြနဲ႕အတူ San Francisco သို႕ ေျပာင္းေရႊ႕ ေနထိုင္ခ့ဲပါတယ္။ ဒါေပမယ့္တစ္ေန႕မွာေတာ့ မေမွ်ာ္လင့္ဘဲ ရုတ္တရက္ဆိုသလို သူမရဲ႕ အိမ္ေမြးတိရစာၦန္ေတြကေန ဆြဲေဆာင္မႈရွိတ့ဲ အမ်ိဳးသားေတြအျဖစ္ ေျပာင္းသြားၿပီးေနာက္ပိုင္း ဘယ္လိုေတြ ဆက္ျဖစ္မလဲဆိုတာကိုေတာ့ ရုပ္ရွင္ထဲမွာပဲ ဆက္လက္ၾကည့္ရႈေပးပါေနာ္ . . .
<Zawgyi Version>
#ST(Soshwe)
#soshweentertainment
#soshweforyourdailylife
#likeandshare