အသင့်စား ခေါက်ဆွဲခြောက်တွေနဲ့ ဟင်းရည်ထုပ်တွေဟာ အရသာရှိတာ မှန်ပေမယ့် လေ့လာမှုတွေအရ နှစ်စဉ် ကလေးပေါင်း ထောင်နှင့်ချီ၍ အရေးပေါ်ခန်းသို့ ရောက်ရှိနေကြောင်း တွေ့ရှိရပါတယ်။
အသင့်စား ခေါက်ဆွဲခြောက်တွေဟာ အဆင်ပြေလွယ်ကူပြီး အရသာရှိတယ်ဆိုရင် ဘယ်လိုအကြောင်းတွေကြောင့် အန္တရာယ်ဖြစ်စေတာလဲ ? ? ?
နာမကျန်းဖြစ်နေသူများ၊အချိန်ပိုင်းအလုပ်လုပ်ရင်း ကျောင်းတက်နေကြရသော ကျောင်းသားလူငယ်များအတွက် အသင့်စား ခေါက်ဆွဲခြောက်တွေဟာ အဆင်ပြေလွယ်ကူမှုရှိပေမယ့် ငယ်ရွယ်နုနယ်သေးသော ကလေးငယ်များအတွက် အလွန်အန္တရာယ်ရှိလှပါတယ်။ ထိုသို့ အရေးပေါ်ခန်းသို့ ရောက်ရှိလာကြသော ကလေးငယ်များကို သုတေသနပြုလုပ်ပြီး ကလေး (1209၅)ယောက်တွင် (1209၁)ယောက်မှာ အရေပြားကို ပြင်းထန်စွာ အငွေ့ပူလောင်ခြင်းဒဏ်ကို ခံစားနေရကြောင်း Dr. Courtney Allen က ၂၀၁၈ခုနှစ် အမေရိကန် ကလေးနှင့် ဆေးပညာ ဟောပြောပွဲတွင် သူမရဲ့ လေ့လာတွေ့ရှိချက်တွေကို ပြောကြားခဲ့ပါတယ်။
တစ်ဆက်တည်းမှာပဲ Dr. Courtney Allen က “ ကလေးငယ်တွေကို အပူလောင်ခြင်းအန္တရာယ်မှ အဓိကထားပြီိး ကာကွယ်စောင့်ရှောက်ပေးရမှာဖြစ်သလို၊ ကျွန်မတို့ ရှာဖွေတွေ့ရှိချက်တွေအရ ထိုအသင့်စား ခေါက်ဆွဲပြုတ်ပူပူလောင်လောင်တွေရဲ့ အရည်ဖိတ်စင်မှုကနေတစ်ဆင့် ကလေးငယ်တွေရဲ့ နုနယ်တဲ့ အသားအရည်တွေကို လောင်ကျွမ်းမှုဖြစ်နေရခြင်းပဲ ဖြစ်တယ် . . .” ဆိုပြီး ပြောကြားခဲ့ပါတယ်။ Allen နဲ့အဖွဲ့ဟာ ဆယ်စုနှစ်တစ်ခုကြာ လေ့လာခဲ့ပြီးမှ ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သလို အခြားသုတေသနပြုလုပ်သူတွေရဲ့ လေ့လာတွေရှိချက်တွေအရ နှစ်စဉ် အသက် (1209၄)နှစ်မှ (1209၁၂)နှစ်အရွယ် ကလေးငယ် (1209၉၅၀၀) ကျော်မှာလည်း ရေနွေးပူဖြင့် အသင့် စားသောက်လို့ရတဲ့ အစားအစာတွေကနေတစ်ဆင့် မီးပူလောင်ဒဏ်ကို ခံစားနေရကြောင်း ဖော်ပြထားပါတယ်။

အမေရိကန်နိုင်ငံမှာ အရည်ပူ၊ အငွေ့ပူလောင်တဲ့ဒဏ်ကို အသက် (1209၅)နှစ်အောက် ကလေးငယ်များနဲ့ အသက် (1209၆၅)နှစ်အထက် သက်ကြီးရွယ်အိုတွေမှာ အများဆုံးခံစားနေရကြောင်း Burn Institute ရဲ့ ဖော်ပြချက်များအရ သိရှိရပါတယ်။ မီးပူလောင်ဒဏ်ရာတွေဟာ အကြိတ်၊ အရည်ကြည်အဖု၊ အသားရည် တစ်ရှူးစများ ပျက်စီးရုံသာမက နောက်ဆုံး အမာရွတ်တွေအထိပါ ဖြစ်ပေါ်စေပါတယ်။
#ST (1209Soshwe)