Breaking News

မိန်းကလေး Pop Band တစ်ခုဖြစ်တဲ့ Spice Girls အဖွဲ့ရဲ့ ပြန်လည်ပေါင်းစည်းပြီး ဖျော်ဖြေမယ့်သတင်းနဲ့ ပက်သက်ပြီး Pop အဆိုတော် Adele ရဲ့ တုံ့ပြန်မှု။

Spice Girls အဖွဲ့အနေနဲ့ နောက်နှစ် အင်္ဂလန်မှာ Music Tour တစ်ခုပြုလုပ်မယ်လို့ လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်က ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒီလိုအဖွဲ့လိုက် ပြန်လည်ပေါင်းစည်းပြီး ဖျော်ဖြေမယ်ဆိုတာကတော့ ၂၀၀၇ ခုနှစ်နောက်ပိုင်း ဆယ်စုနှစ်တစ်ခုကျော်ကြာပြီးမှ ပထမဆုံးအနေနဲ့ ပြန်လည်ပွဲထွက်လာခြင်းပဲ ဖြစ်ပါတယ်။

အခုလက်ရှိ လူကြိုက်များပြီး အောင်မြင်ကျော်ကြားနေတဲ့ Pop အဆိုတော် Adele ဟာဆိုရင်လည်း Spice Girls အဖွဲ့ရဲ့ အမာခံပရိသတ်တစ်ယောက် ဖြစ်ပါတယ်။ သူမငယ်ငယ်တုန်းက Spice Girls အဖွဲ့ရဲ့ Poster တွေပတ်ပတ်လည်ကပ်ထားတဲ့ အခန်းထဲမှာရိုက်ကူးထားတဲ့ ပုံကိုလည်း Instagram မှာ တင်ထားပြီး သူမအနေနဲ့ Spice Girls အဖွဲ့ကို အားပေးဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်းကိုလည်း Caption တွင် ရေးသားထားပါတယ်။

Adele အနေနဲ့ Spice Girls အဖွဲ့ကို အခုလို အားပေးတာဟာ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ ၂၀၁၆ ခုနှစ် သူမ စင်ပေါ်မှာ ဖျော်ဖြေနေစဉ်တုန်းကလည်း ကွဲသွားပြီဖြစ်တဲ့ Spice Girls အဖွဲ့ကို ပြန်လည်ပေါင်းစည်းပြီး ဖျော်ဖြေတာတွေမြင်ချင်သေးတယ်လို့ ပြောကြားခဲ့ဖူးပါတယ်။

 

#ST (1209Soshwe)

About admin

Check Also

Miley Cyrus တွဲခုတ်ခဲ့ဖူးသော ရည်းစားများ။

နာမည်ကျော် အဆိုတော် Miley Cyrus တစ်ယောက် တွဲခုတ်ခဲ့ဖူးသော ရည်းစားများနဲ့ ပတ်သက်၍ အံ့အားသင့်ဖွယ်ရာ မှတ်တမ်းများရှိနေပြီး သြစတြေးလျသရုပ်ဆောင် Liam Hemsworth၊ မော်ဒယ်လ် Stella …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro