HomeSportနယ်သာလန်အသင်းနဲ့ အီကွေဒေါအသင်းတို့ရဲ့ ပွဲကြိုသုံးသပ်ချက်။

နယ်သာလန်အသင်းနဲ့ အီကွေဒေါအသင်းတို့ရဲ့ ပွဲကြိုသုံးသပ်ချက်။

- Advertisement -

၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပွဲစဉ်တွေရဲ့ အဖွင့်ပွဲစဉ်မှာ ရလဒ်ကောင်းတွေ ပိုင်ဆိုင်ထားကြတဲ့ နယ်သာလန်အသင်းနဲ့ အီကွေဒေါအသင်းတို့ဟာ ယနေ့ည ၁၀:၃၀ အချိန်မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

လူးဝစ်ဗန်ဟားလ်ရဲ့ နယ်သာလန်ကတော့ ဆီနီဂေါအသင်းကို အနိုင်ရထားပေမယ့် ပွဲကစားချိန် မိနစ် (၈၀) နောက်ပိုင်းမှသာ ဂိုးပေါက်တည့်မတ်မှုကို စတင်ရရှိခဲ့တာဖြစ်ပါတယ်။ အခုအီကွေဒေါနဲ့ပွဲမှာတော့ တိုက်စစ်ပိုင်း အရှိန်မြှင့်ဖို့အတွက် ဒီပေးကို ပွဲအစကတည်းက အသုံးပြုလာနိုင်ပါတယ်။ အီကွေဒေါလိုအသင်းနဲ့ ရင်ဆိုင်ရချိန်မှာတော့ နယ်သာလန်အသင်းအနေနဲ့ တိုက်စစ်က ပိုမိုမြန်ဆန်ဖို့လိုအပ်ပြီး အဆုံးသတ်တွေ ကောင်းမွန်ဖို့လည်း လိုအပ်ပါတယ်။

- Advertisement -

အိမ်ရှင်ကာတာအသင်းကို အသာအယာ အနိုင်ယူထားတဲ့ အီကွေဒေါအသင်းကတော့ တောင်အမေရိက အသင်းကောင်းတသင်းဖြစ်ပြီး ခြေစမ်းပွဲမှာ ဘရာဇီးလို အသင်းကြီးကိုတောင် သရေရအောင် ကစားနိုင်တဲ့အထိ ကောင်းမွန်ခဲ့ပါတယ်။ ဒါပေမယ့် အသင်းရဲ့အဓိက,ကစားသမား အန်နာဗလင်စီယာတယောက် ကာတာနဲ့ပွဲမှာ ဒဏ်ရာရသွားခဲ့လို့ ပါဝင်နိုင်ပါ့မလားဆိုတာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ ဒီပွဲမှာ နယ်သာလန်အသင်း အနိုင်ရဖို့များတယ်ဆိုပြီး ခန့်မှန်းထားကြပေမယ့်လည်း လွယ်ကူတဲ့ပွဲတပွဲတော့ ဖြစ်လာမှာ မဟုတ်ပါဘူး။

- Advertisement -

နှစ်သင်းလုံးအနေနဲ့ ဒီပွဲမှာ အနိုင်ရသွားခဲ့ရင် နောက်တဆင့်ကို သေချာပေါက် တက်လှမ်းနိုင်မှာဖြစ်လို့ အားထည့်ကစားကြမယ့် ပွဲကောင်းတပွဲလည်း ဖြစ်ပါတယ်။ နောက်ဆုံး (၇) ပွဲဆက်တိုက် ပေးဂိုးမရှိအောင် စွမ်းဆောင်ထားတဲ့ အီကွေဒေါခံစစ်က နယ်သာလန်တိုက်စစ်ကို ထိန်းချုပ်နိုင်မလားဆိုတာ ရင်ခုန်စိတ်လှုပ်ရှားမှုအပြည့်နဲ့ စောင့်ကြည့်ရမှာလည်း ဖြစ်ပါတယ်။

- Advertisement -

<Unicode Version>

 

#soshwe

#soshwesport

#soshweforyourdailylife

#likeandshare

 

- Advertisement -

Must Read