HomeSportအင်္ဂလန်ကစားသမားတယောက်ကို အထူးသတိထားဖို့ အသင်းဖော်တွေကို တိုက်တွန်းလိုက်တဲ့ အမေရိကန်ဂိုးသမား တာနာ။

အင်္ဂလန်ကစားသမားတယောက်ကို အထူးသတိထားဖို့ အသင်းဖော်တွေကို တိုက်တွန်းလိုက်တဲ့ အမေရိကန်ဂိုးသမား တာနာ။

- Advertisement -

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အမေရိကန်အသင်းရဲ့ နံပါတ် (၁) ဂိုးသမားဖြစ်သူ တာနာကတော့ ယနေ့မနက်အစောပိုင်း ၁:၃၀ မှာ ကျင်းပမယ့် အုပ်စုဒုတိယပွဲစဉ်ဖြစ်တဲ့ အင်္ဂလန်အသင်းနဲ့ ယှဉ်ပြိုင်ကစားမယ့်ပွဲစဉ်မှာ သူ့ရဲ့ကလပ်အသင်းဖော် ဆာကာအား အထူးသတိထားဖို့ အမေရိကန်အသင်းဖော်တွေကို သတိပေးခဲ့ပါတယ်။

အမေရိကန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဆင့်မှာ အင်္ဂလန် ၊ အီရန် ၊ ဝေးလ် စတဲ့အသင်းတွေနဲ့ တအုပ်စုတည်း ကျရောက်နေပြီး အုပ်စုအဖွင့်ပွဲအဖြစ် ဝေးလ်နဲ့ကစားခဲ့ရာမှာ တဖက် (၁) ဂိုးစီနဲ့ သရေရလဒ် ထွက်ပေါ်ထားပါတယ်။ အဆိုပါ Group B အုပ်စုမှာ အင်္ဂလန်က အုပ်စုပထမနေရာရဖို့ ရေပန်းအစားဆုံးဖြစ်နေပြီး အမေရိကန်နဲ့ ဝေးလ်တို့က အုပ်စုဒုတိယနေရာကို အပြိုင်လုရဖို့ရှိနေပါတယ်။ ဒါကြောင့် ရှုံးထွက်အဆင့်ဆီ တက်ရောက်ချင်ကြတဲ့ အမေရိကန်နဲ့ ဝေးလ်နှစ်သင်းစလုံးဟာ အင်္ဂလန်နဲ့ ကစားရမယ့်ပွဲမှာ မရှုံးနိမ့်အောင် ကစားဖို့လိုအပ်ပြီး အမေရိကန်ဂိုးသမား တာနာကတော့ အင်္ဂလန်အသင်းမှာ ခြေစွမ်းပြနေတဲ့ ဆာကာကို ထိန်းချုပ်ကစားနိုင်ဖို့လိုအပ်ကြောင်း အသင်းဖော်တွေကို သတိပေးစကား ပြောကြားခဲ့ပါတယ်။

- Advertisement -

“ ဆာကာဟာ ဘောလုံးလောကရဲ့ လူငယ်ကြယ်ပွင့်တဦးပါ။ သူဟာ ထိပ်တန်းကစားသမားတဦးဖြစ်သလို ကျွန်တော်တို့အသင်းအတွက်လည်း ကြီးမားတဲ့ ချိန်းခြောက်မှုတခုဖြစ်လာမယ်ဆိုတာ အသေအချာပါပဲ။ နောက်ပြီး သူဟာ နည်းလမ်းပေါင်းသုံနဲ့ ဂိုးသွင်းယူနိုင်စွမ်းရှိပြီး အချိန်နဲ့အမျှ တိုးတက်ကောင်းမွန်လာတဲ့ ကစားသမားတဦးလည်း ဖြစ်ပါတယ်။ ဆာကာဟာ အရမ်းကောင်းမွန်တဲ့ ကစားသမားတယောက်ဖြစ်သလို ပွဲတပွဲရဲ့အဖြေကိုလည်း ပြောင်းလဲပေးနိုင်စွမ်းရှိတဲ့ ပါရမီရှင်တယောက်လည်း ဖြစ်ပါတယ်။ ” ဆိုပြီး တာနာမှ အမေရိကန်အသင်းဖော်တွေကို ပြောကြားခဲ့တာဖြစ်ပါတယ်။ ဆာကာဟာ ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ (၁) ပွဲ ပါဝင်ကစားထားပြီး သွင်းဂိုး (၂) ဂိုး သွင်းယူထားနိုင်ပါတယ်။

- Advertisement -

<Unicode Version>

- Advertisement -

 

#soshwe

#soshwesport

#soshweforyourdailylife

#likeandshare

- Advertisement -

Must Read