HomeHealth & Beautyဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးပြီး သဘာဝအတိုင်း ဆံပင်ပြန်ပေါက်လာစေမယ့် နည်းလမ်းကောင်းများ။

ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးပြီး သဘာဝအတိုင်း ဆံပင်ပြန်ပေါက်လာစေမယ့် နည်းလမ်းကောင်းများ။

- Advertisement -

ဆံပင်အနည်းငယ်ကျွတ်ခြင်းက သဘာဝအတိုင်းဖြစ်လေ့ရှိပေမယ့် ပုံမှန်ထက်ပိုပြီး ဆံပင်တွေ အများကြီးကျွတ်ခြင်းက သင့်ကို စိတ်ပူပင်မှု ဖြစ်စေနိုင်ပါတယ်။ ဆံပင်တွေကျွတ်လို့ စိတ်ညစ်နေသူတွေအနေနဲ့ ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးပြီး သဘာဝအတိုင်း ဆံပင်ပြန်ပေါက်စေနိုင်တဲ့ နည်းလမ်းကောင်းလေးတွေကို ဝေမျှပေးလိုက်ပါတယ်။

 

- Advertisement -

၁။ Green tea

- Advertisement -

Green tea က ကျန်းမာရေးနဲ့ အလှအပဆိုင်ရာ အကျိုးကျေးဇူးတွေ များစွာရှိနေသလို သင့်ရဲ့အိပ်မက်ထဲက ဆံကေသာမျိုးကို ရရှိနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။ Green tea မှာပါတဲ့ catechins တွေက ဆံပင်မွေးညင်းပေါက်တွေကို ကျုံ့စေတဲ့ ဟော်မုန်းတွေကို လျှော့ချပေးတာကြောင့် green tea ဖြင့် သင့်ဆံပင်ကို လျှော်ပေးခြင်းက ဆံပင်ကျွတ်ခြင်းကို သက်သာစေပြီး ဦးရေပြားခြောက်သွေ့ခြင်းမှ ကာကွယ်ပေးပါတယ်။

- Advertisement -

 

၂။ ကော်ဖီအကြမ်းမှုန့်။

သင်အကြိုက်ဆုံးကော်ဖီတစ်ခွက်က မနက်ခင်းစောစောမှာ စွမ်းအင်ပြည့်ဝဖို့ ကူညီပေးနိုင်သလို သင်သောက်ပြီးကျန်ခဲ့တဲ့ ကော်ဖီအကြမ်းမှုန့်တွေကို ထပ်ပြီးအသုံးပြုလို့ ရသေးတာပဲ ဖြစ်ပါတယ်။ ကော်ဖီအကြမ်းမှုန့်မှာပါဝင်တဲ့ ကဖိန်းဓာတ်ဟာ ဆံပင်ပေါက်ခြင်းကို လှုံ့ဆော်ပေးပြီး ဆံပင်ကျွတ်ခြင်းကို တားဆီးပေးနိုင်ပါတယ်။ သောက်ပြီးလွှင့်ပစ်တော့မယ့် ကော်ဖီအကြမ်းမှုန့်တွေကို ဦးရေပြားပေါ်မှာ လိမ်းပေးခြင်းဖြင့် ဆံပင်ပြန်ပေါက်စေနိုင်ပါတယ်။

 

၃။ ဦးရေပြားကို နှိပ်နယ်ပေးခြင်း။

တစ်နေ့တာအလုပ်တွေပြီးသွားတဲ့အချိန်မှာ ဦးရေပြားကို နှိပ်နယ်ပေးခြင်းက စိတ်ဖိစီးမှုတွေကို ပြေလျော့စေပါတယ်။ ဦးရေပြားကို နှိပ်နယ်ပေးခြင်းက သွေးစီးဆင်းမှုကိုကောင်းမွန်စေပြီး သင့်ဆံပင်သားတွေကို ပိုထူလာစေတာပဲ ဖြစ်ပါတယ်။

 

၄။ ပိုးသားခေါင်းအုံးစွပ်ဖြင့် အိပ်စက်ပါ။

သင့်ရဲ့ဆံပင်သားတွေကို ဂရုစိုက်တယ်ဆိုရင်တော့ စိုစွတ်နေတဲ့ဆံပင်နဲ့ အိပ်ရာမဝင်သင့်ပါဘူး။ နောက်ပြီး ချည်ခေါင်းအုံးစွပ်တွေက သင့်ဆံပင်မှ သဘာဝအဆီတွေကို စုပ်ယူနိုင်ပြီး ခြောက်သွေ့ကျိုးကြေ ပျက်စီးစေနိုင်ပါတယ်။ ပိုးသားခေါင်းအုံးစွပ်နဲ့အိပ်စက်ခြင်းက သင့်ဦးရေပြားရဲ့ လိုအပ်တဲ့အစိုဓာတ်ကို ထိန်းပေးကာ ဆံပင်ကျိုးကြေမှုတွေ မဖြစ်စေဘူးလို့ သိရပါတယ်။

<Unicode Version>

 

#soshwe

#soshwehealthandbeauty

#soshweforyourdaillyife

#likeandshare

- Advertisement -

Must Read