HomeLifeStyleလူတိုင်းရဲ့ဘဝမှာ မရှိမဖြစ်လိုအပ်တဲ့ အပေါင်းအသင်းမိတ်ဆွေကောင်း (၅) မျိုး။

လူတိုင်းရဲ့ဘဝမှာ မရှိမဖြစ်လိုအပ်တဲ့ အပေါင်းအသင်းမိတ်ဆွေကောင်း (၅) မျိုး။

- Advertisement -

တစ်ခါတလေ ကိုယ်ပိုင်မိသားစုက ကိုယ့်အတွက် ကောင်းနေတာမျိုးရှိသလို မိသားစုရဲ့ ဒုက္ခပေးခြင်းကို ပြန်ခံရတာမျိုးလည်း ရှိပါတယ်။ ဒါဟာ လောကမှာကြုံတွေ့နေရတဲ့ တကယ့်အခြေအနေပဲဖြစ်ပြီး သူငယ်ချင်း ၊ မိတ်ဆွေဆိုတာကတော့ ကိုယ်တိုင်ရွေးချယ်လို့ရတဲ့ မိသားစုပါပဲ။ သူငယ်ချင်းအပေါင်းအသင်းတွေထဲမှာလည်း ကောင်းတဲ့သူရှိသလို ကိုယ့်အတွက် ဒုတိယမိသားစုဖြစ်ထိုက်တဲ့သူတွေလည်း ရှိပါတယ်။ ဆက်လက်ပြီး ဘယ်လိုသူငယ်ချင်းအမျိုးအစားတွေက ကိုယ့်ရဲ့အချိန်တွေကို အတူတူဖြတ်သန်းခွင့်ပေးရကျိုးနပ်စေမလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

 

- Advertisement -

၁။ ရိုးသားကြိုးစားသူ။

- Advertisement -

အမှန်တရားတွေကို ရိုးသားတဲ့သူတွေဆီကပဲ ကြားရလေ့ရှိပါတယ်။ အဲဒီအမှန်တရားတွေက တစ်ခါတလေမှာ နားကြားမချမ်းသာပေမယ့် သင့်ကိုအကျိုးဖြစ်ထွန်းစေမယ့် စကားတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် တချို့သူတွေကတော့ အမှန်တရားကို အလွယ်တကူလက်မခံနိုင်သလို အမှန်တရားရဲ့ ခါးသီးမှုဒဏ်ကို မခံစားနိုင်ကြလို့ပဲ ဖြစ်ပါတယ်။ သင့်သူငယ်ချင်း၊အပေါင်းအသင်းတွေထဲမှာ ခါးသီးမှုဒဏ်ကို ခံစားနိုင်တဲ့ ရိုးသားတဲ့သူတွေရှိတယ်ဆိုရင် သူတို့ရဲ့ခင်မင်မှုကို တန်ဖိုးထားဖို့ တိုက်တွန်းချင်ပါတယ်။

- Advertisement -

 

၂။ သစ္စာရှိသူ။

ဒီလိုမိတ်ဆွေမျိုးကတော့ သစ္စာတရားကို လက်ကိုင်ထားတဲ့သူဖြစ်လို့ သင့်အတွက် ယုံကြည်စိတ်ချရဆုံးသူလို့ ပြောလို့ရပါတယ်။ မိမိတစ်ယောက်တည်းသိသင့်တဲ့ လျှို့ဝှက်ချက်လို့ခေါ်တဲ့ကိစ္စကို မချိုးဖောက်တတ်သူတွေပဲ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သင့်ရဲ့လျှို့ဝှက်ချက်တွေကို စိတ်ချလက်ချ ပြောပြဆွေးနွေးနိုင်လို့ပါပဲ။ သူတို့ဟာ သစ္စာတရားနဲ့ပတ်သက်လာရင် အသက်ကိုတောင် ပေးဆပ်ရဲတဲ့သူတွေဖြစ်ပြီး ဒီလိုမိတ်ဆွေမျိုး ပိုင်ဆိုင်ထားပြီဆိုရင်တော့ သူတို့နဲ့ဆက်ဆံရေးကို ရေရှည်တည်မြဲအောင် ကြိုးစားသင့်ပါတယ်။

 

၃။ တစ်စုံတစ်ခုကို ရူးသွပ်သူ။

လူတစ်ကိုယ်စိတ်တစ်မျိုး ရှိကြသလို၊ မတူညီတဲ့ ဝါသနာတွေလည်း ကိုယ်စီရှိကြပါတယ်။ ဝါသနာတစ်ခုခုကို ရူးသွပ်တာမျိုး၊ အလုပ်နဲ့ပတ်သက်ရင် ရူးသွပ်တာမျိုး၊ စိန်ခေါ်မှုတွေကို ကြိုက်နှစ်သက်တာမျိုးစသဖြင့် အဲဒီလို ရူးသွပ်တဲ့အရာတစ်ခုခုကို ပိုင်ဆိုင်ထားတဲ့သူငယ်ချင်းဆိုရင်လည်း သင့်ရဲ့အချိန်တွေကို ဖဲ့ပေးဖို့ ထိုက်တန်ပါတယ်။ သင့်အတွက် အတွေ့အကြုံကောင်းတွေ ၊ အကြံဉာဏ်သစ်တွေ ၊ ခွန်အားတွေ ပေးစွမ်းနိုင်ပါတယ်။

 

၄။ အားကျလေးစားရသူ။

လေးစားမှုဆိုတာ အသက်ကြီးတာ ၊ ငယ်တာနဲ့မဆိုင်ပါဘူး။ ကိုယ့်အတွက် တစ်စုံတစ်ခုလေးစားစရာအချက်တွေ ပိုင်ဆိုင်ထားတဲ့သူဆိုရင် လေးစားဖို့ ထိုက်တန်ပါတယ်။ အဲဒီလိုပဲ မိတ်ဆွေအပေါင်းအသင်းတွေထဲမှာလည်း ဘဝကိုခက်ခက်ခဲခဲနဲ့ ရှင်သန်နေပြီး ရိုးသားကြိုးစားကြသူတွေရှိသလို စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ ရည်မှန်းချက်ကို လျှောက်လှမ်းနေကြတဲ့ သူငယ်ချင်းတွေလည်း ရှိတတ်ပါတယ်။ တစ်ခါတလေ သူတို့ဆီက ကိုယ့်အတွက် သင်ခန်းစာတွေရသလို ၊ အားကျအတုယူစရာတွေလည်း တွေ့ရတတ်ပါတယ်။ အဲဒီလို သူငယ်ချင်းတွေပိုင်ဆိုင်ထားရင်တော့ သင်ဟာအပေါင်းအသင်းကံကောင်းသူလို့ ဆိုနိုင်ပါတယ်။

 

၅။ ခင်မင်မှုကိုထိန်းထားတတ်သူ။

အပေါင်းအသင်းမိတ်ဆွေတွေထဲမှာလည်း ကိုယ်ပေါင်း၊ စိတ်ခွာအမျိုးအစားတွေ ရှိတတ်ကြပါတယ်။ တွေ့တုန်းခဏပဲ ကိုယ့်ကို ဘယ်လောက်ခင်ကြောင်း ၊ ဘယ်လောက်သတိရကြောင်းဆိုပေမယ့် ကွယ်ရာရောက်တာနဲ့ ကိုယ်ဟာအမေ့ခံဖြစ်သွားရတဲ့ အပေါင်းအသင်းတွေလည်း ရှိပါတယ်။ ကိုယ်နဲ့သူ့ကြားကခင်မင်မှုလေးမပျက်ယွင်းအောင် သူ့ဘက် ၊ ကိုယ့်ဘက် မျှမျှတတ နားလည်ခွင့်လွှတ်ပေးတဲ့ သူငယ်ချင်းတွေကျတော့လည်း ဘယ်အချိန်ပြန်တွေ့တွေ့ နွေးထွေးတဲ့ခံစားမှုကို ဖြစ်စေသလို ခင်မင်မှုသက်တမ်းတွေလည်း တဖြည်းဖြည်း ကြာရှည်လာပါတယ်။ အတိတ်မှာကျန်မနေခဲ့ဘူး။ သင့်အနေနဲ့ ဒီလိုမိတ်ဆွေသူငယ်ချင်းမျိုး ပိုင်ဆိုင်ထားရင် သင့်အတွက် မိသားစုဆိုတဲ့အဓိပ္ပာယ်က အမြဲတမ်း အနှစ်သာရ ပြည့်ဝနေမှာလည်း ဖြစ်ပါတယ်။

<Unicode Version>

 

#soshwe

#soshwelifestyle

#soshweforyourdailylife

#likeandshare

- Advertisement -

Must Read