HomeOtherAnimalsကြည့်ရှုသူပေါင်း ၃၇ သန်းအထိ ရှိလာတဲ့ Hamster လေးရဲ့ စွန့်စားခန်းဗီဒီယို။

ကြည့်ရှုသူပေါင်း ၃၇ သန်းအထိ ရှိလာတဲ့ Hamster လေးရဲ့ စွန့်စားခန်းဗီဒီယို။

- Advertisement -

ဟမ်းစတားလေးတွေဟာ ကမ္ဘာပေါ်မှာ ရေပန်းအစားဆုံး အိမ်မွေးတိရစ္ဆာန်တွေထဲက တစ်ခုဆိုတာကို ငြင်းလို့မရပါဘူး။ ဟမ်းစတားလေးတွေဟာ သင့်လက်ဖဝါးလေးပေါ်မှာ ဝက်ဝံသေးသေးလေးတစ်ကောင်လိုမျိုး အရမ်းကိုချစ်စရာကောင်းပြီး နူးညံ့ကြပေမယ့် သူတို့လေးတွေအတွက် လေ့ကျင့်မှုနဲ့ လှုံ့ဆော်မှုတွေ လိုအပ်ပါတယ်။ သူတို့လေးတွေက အရမ်းကိုတက်ကြွပြီး ထက်မြက်တဲ့ တိရစ္ဆာန်လေးတွေ ဖြစ်ကြပါတယ်။ ကျွမ်းကျင်သူအများစုရဲ့အဆိုအရ ဟမ်းစတားတွေဟာ တစ်ညကို (၉) မီတာအထိ ပြေးနိုင်တဲ့အတွက်ကြောင့် အိမ်တွင်းပတ်ဝန်းကျင်မှာ သူတို့လေးတွေအတွက် ဝင်္ကပါလေးတွေ ပြုလုပ်ပေးထားဖို့ အမှန်တကယ် လိုအပ်ပါတယ်။

‘Minecraft Hamster Homa’ ဟုအမည်ပေးထားတဲ့ Youtube ချန်နယ်တစ်ခုကနေ Minecraft ဝင်္ကပါအတားအဆီးတွေ တည်ဆောက်ကာ ဟမ်းစတားလေးကို စွန့်စားခန်းထွက်ခိုင်းခြင်းမျိုး လုပ်ဆောင်ခိုင်းတာပဲ ဖြစ်ပါတယ်။ ရဲရင့်တဲ့ ဟမ်းစတားလေးက အတားအဆီးတွေကို ဖောက်ထွက်ကာ ရဲဝံ့စွာနဲ့ စွန့်စားခန်းဖွင့်ခဲ့ပြီး အဆုံးမှာတော့ သူ့အတွက် ဆုလာဘ်က အခွံမာသီးလေးတွေပဲ ဖြစ်ပါတယ်။ ဟမ်းစတားလေးရဲ့ စွန့်စားခန်းခရီးစဉ်ကို ကြည့်ရှုသူပေါင်း ၃၇ သန်းကျော်ခဲ့ပြီး အရမ်းကို သဘောကျနှစ်သက်ခဲ့ကြပါတယ်။

- Advertisement -

- Advertisement -

ဟမ်းစတားတွေက လူသားတွေနဲ့မတူညီတဲ့ စရိုက်လက္ခဏာတွေများစွာ ရှိနိုင်ပါတယ်။ တချို့ဟမ်းစတားတွေက အရမ်းကို လူမှုရေးကောင်းမွန်ပြီး တချို့ကျတော့ တစ်ကောင်တည်းသီးသန့်နေရတာကို သဘောပိုကျတတ်ကြပါတယ်။ ပတ်ဝန်းကျင်အပေါ်မူတည်ပြီး ဟမ်းစတားတစ်ကောင်ရဲ့စိတ်က ပြောင်းလဲနိုင်ပြီး လေ့လာမှုများစွာအရ ဇိမ်ကျတဲ့အိပ်ရာကောင်းကောင်းတွေ၊ အရုပ်လေးတွေနဲ့ လေ့ကျင့်ခန်းတွေ လုပ်ဆောင်ပေးထားတဲ့ ဟမ်းစတားတွေရဲ့ ကျန်းမာရေးဟာ ပိုကောင်းမွန်ပြီး စိတ်ခံစားမှုဆိုင်ရာပိုင်းလည်း ပိုကောင်းမွန်ကြောင်း တွေ့ရှိရတာ ဖြစ်ပါတယ်။

- Advertisement -

<Unicode Version>

 

#soshwe

#soshweanimal

#soshweforyourdail

- Advertisement -

Must Read