HomeSportဥရုဂွေးနဲ့ တောင်ကိုရီးယားအသင်းတို့ရဲ့ ကမ္ဘာဖလား ပွဲကြိုသုံးသပ်ချက်။

ဥရုဂွေးနဲ့ တောင်ကိုရီးယားအသင်းတို့ရဲ့ ကမ္ဘာဖလား ပွဲကြိုသုံးသပ်ချက်။

- Advertisement -

ယနေ့ည ၇:၃၀ အချိန်မှာ ယှဉ်ပြိုင်ကစားသွားမယ့် ပွဲကောင်းတစ်ပွဲဖြစ်တဲ့ တောင်အမေရိက ထိပ်သီးအသင်း ဥရုဂွေးနဲ့ အာရှအင်အားကြီးအသင်း တောင်ကိုရီးယားတို့ရဲ့ ရင်ဆိုင်တွေ့ဆုံမယ့်အကြောင်းကို ပွဲကြိုသုံးသပ်ချက်အဖြစ် ဘောလုံးပရိသတ်တွေကို မျှဝေပေးချင်ပါတယ်။

ကမ္ဘာ့ဖလားရဲ့ တောင်အမေရိကဇုန် ခြေစစ်ပွဲမှာ ဘရာဇီးလ် ၊ အာဂျင်တီးနားတို့ရဲ့နောက် တတိယနေရာနဲ့ ခြေစစ်ပွဲအောင်မြင်ထားတဲ့ ဥရုဂွေးအသင်းဟာ ဆွာရက်ဇ် ၊ ကာဗာနီတို့လို ဝါရင့်ကစားသမားကြီးတွေအပြင် ဒါဝင်နူးနက်ဇ် ၊ ဗလ်ဗာဒီတို့လို လူငယ်ကြယ်ပွင့်တွေကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ဥရုဂွေးအသင်းဟာ ၂၀၂၂ ခုနှစ်အတွင်း ကစားထားသမျှ ပွဲစဉ်အားလုံးမှာ (၇) ပွဲနိုင် ၊ သရေ (၁) ပွဲနဲ့ ရှုံးပွဲ (၁) ပွဲသာ ရှိထားခဲ့ပြီး ၎င်းတို့ရှုံးနိမ့်ခဲ့တဲ့အသင်းဟာ အာရှတိုက်အသင်း အီရန်ပဲ ဖြစ်ပါတယ်။

- Advertisement -

တောင်ကိုရီးယားအသင်းရဲ့ အဓိကအကျဆုံး ကစားသမားဖြစ်သူ ဆွန်ဟောင်မင်ကတော့ မျက်နှာဒဏ်ရာ ရရှိနေပေမယ့် ဒီညယှဉ်ပြိုင်ကစားမယ့်ပွဲမှာ ပါဝင်သွားမယ်လို့ မျှော်လင့်လို့ရပါတယ်။ တကယ်လို့ ဝင်ကစားဖြစ်ရင်တော့ ပွဲချိန်ပြည့်ကစားနိုင်မလား ? လူစားထိုး ဝင်ကစားမလားဆိုတာ တောင်ကိုရီးယားနည်းပြရဲ့ဆုံဖြတ်ချက်ကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။ တကယ်လို့ ဆွန်သာ မကစားနိုင်သေးရင်တော့ ဒါဟာတောင်ကိုရီးယားအသင်းအတွက် ထိုးနှက်ချက်တစ်ခု ဖြစ်လာနိုင်ပါတယ်။

- Advertisement -

ဥရုဂွေးနဲ့ တောင်ကိုရီးယားအသင်းတို့ဟာ မကြာခဏဆုံတွေ့ဘူးတဲ့ ပြိုင်ဘက်တွေဖြစ်သလို ၂၀၁၀ ကမ္ဘာ့ဖလားတုန်းကလည်း ကွာတားဖိုင်နယ်မှာဆုံတွေ့ခဲ့ကာ ဥရုဂွေးက ၂-၁ နဲ့ အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် အခုကမ္ဘာ့ဖလားမှာတော့ ဆော်ဒီ ၊ ဂျပန်တို့လို အာရှအသင်းတွေက အာဂျင်တီးနား ၊ ဂျာမနီတို့လို အသင်းကြီးတွေကို အနိုင်ယူထားတာဖြစ်လို့ ဒီညမှာကစားမယ့် တောင်ကိုရီးယားအသင်းအနေနဲ့လည်း ပရိသတ်တွေကို စိတ်လှုပ်ရှားအောင် လုပ်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

- Advertisement -

<Unicode Version>

 

#soshwe

#soshwesport

#soshweforyourdailylife

#likeandshare

- Advertisement -

Must Read