HomeSportအသင်းကြီးတွေ မျက်ခုံးလှုပ်နေပြီဖြစ်တဲ့ ၂၀၂၂ ကမ္ဘာ့ဖလား။

အသင်းကြီးတွေ မျက်ခုံးလှုပ်နေပြီဖြစ်တဲ့ ၂၀၂၂ ကမ္ဘာ့ဖလား။

- Advertisement -

၂၀၂၂ ၊ ဖီဖာကမ္ဘာ့ဖလားပွဲစဉ်တွေဟာ ရက်ပိုင်းအတွင်း မထင်မှတ်ထားရတဲ့ သမိုင်းဝင်အဖြစ်အပျက်တွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ အင်္ဂါနေ့တုန်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာတော့ အာဂျင်တီးနားက ဆော်ဒီအာရေဗျကို ရှုံးနိမ့်ခဲ့ပြီး မနေ့က ကစားခဲ့တဲ့ပွဲစဉ်မှာလည်း ဂျာမနီက ဂျပန်ကို ရှုံးနိမ့်ခဲ့ပါတယ်။ တူညီတဲ့အချက်ကတော့ အသင်းကြီးနှစ်သင်းလုံး ၂ – ၁ နဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ဒီတော့ နောက်ထပ်ယှဉ်ပြိုင်ဖို့ ကျန်ရှိနေသေးတဲ့ အသင်းကြီးတွေအနေနဲ့ကော အခုလိုမျိုး စိတ်ပျက်ဖွယ်ကောင်းတဲ့ အဖြစ်အပျက်မျိုးနဲ့ မကြုံတွေ့နိုင်ဘူးလို့ ပြောလို့မရဘူးနော်။ ဆက်လက်ပြီး ဖော်ပြပေးမယ့်ပွဲစဉ်တွေကတော့ လာမယ့်ရက်ပိုင်းအတွင်း သတိထားစောင့်ကြည့်ရမယ့် ပွဲစဉ်တွေပဲဖြစ်ပါတယ်။

 

- Advertisement -

၁။ 1. Uruguay vs. South Korea

- Advertisement -

တောင်အမေရိကအသင်းဟာ ၎င်းတို့ရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်နိုင်ရေး လမ်းကြောင်းပေါ်ရောက်ရှိအောင် Diego Alonso ကို ငှားရမ်းခဲ့ပါတယ်။ ဒါပေမယ့် ဒီအသင်းအနေနဲ့ ထိပ်တန်းဖြစ်လာနိုင်တယ်ဆိုတဲ့ အရိပ်အယောင်မျိုး ပြသနိုင်ခြင်း မရှိသေးပါဘူး။ ပြီးခဲ့တဲ့ စက်တင်ဘာလက ကစားခဲ့တဲ့ ခြေစမ်းပွဲမှာတော့ အီရန်ကို ၁-၀ ဖြင့် ရှုံးနိမ့်ခဲ့ပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲတုန်းက ဘိုလီးဗီးယားကို ၃-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။

- Advertisement -

နွေရာသီတုန်းက ကစားခဲ့တဲ့ အမေရိကန်နဲ့ပွဲစဉ်မှာလည်း 0-0 သရေကျပြီး တီထွင်ဖန်တီးနိုင်စွမ်း အနည်းငယ်သာ ပြသခဲ့ပါတယ်။ ဥရုဂွေးအသင်းအနေနဲ့ အနားယူသွားပြီလို့ ထင်ရတဲ့ Diego Godin၊ Martin Caceres နဲ့ Luis Suarez တို့လို ကစားသမားတွေနဲ့ ပြည့်နှက်နေပါတယ်။ အမှန်တကယ်တော့ ဥရုဂွေးအသင်းမှာ ကြီးကျယ်ခမ်းနားတဲ့ တက်သစ်စလူငယ်များစွာရှိပေမယ့် ၂၀၂၆ ကမ္ဘာ့ဖလားမှသာ ထည့်သွင်းအသုံးပြုသွားနိုင်ချေ ရှိပါတယ်။ တောင်ကိုရီးယားအသင်းရဲ့ Heung-min Son နဲ့ ဝါရင့်သမ္ဘာရင့် ခံစစ်သမားတွေကိုတော့ ဥရုဂွေးအသင်းအနေနဲ့ ဘယ်လိုရင်ဆိုင်မလဲဆိုတာ စိတ်လှုပ်ရှားစွာနဲ့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

 

၂။ Portugal vs. Ghana

Stephen Appiah နှင့် Michael Essien တို့လက်ထက်က ဂါနာအသင်းမဟုတ်ပေမယ့် Inaki Williams ပါဝင်လာမှာဖြစ်ပြီး အသက် ၃၉ နှစ်အရွယ် ပီပီ ကစားနေဆဲဖြစ်တဲ့ ပေါ်တူဂီခံစစ်ကို သေချာပေါက် ချိန်းခြောက်လာပါလိမ့်မယ်။ သောမတ်စ် ပါတေးက အလယ်တန်းကို ထိန်းကျောင်းဖို့ရှိနေပြီး ခံစစ်မှာတော့ မိုဟာမက်ဆာလီဆူက အုတ်မြစ်ဖြစ်နိုင်ကာ အုပ်စုအဆင့်ပွဲစဉ်တွေမှာ ပေါ်တူဂီအသင်းအနေနဲ့ ဘယ်လိုရုန်းကန်ခဲ့ရသလဲဆိုတာ သတိရဖို့ လိုပါတယ်။ ပေါ်တူဂီအသင်း ဖလားရရှိခဲ့တဲ့ ယူရို ၂၀၁၆ ပြိုင်ပွဲမှာတော့ ၎င်းတို့အသင်းအနေနဲ့ အုပ်စုအဆင့်ပွဲစဉ်တွေမှာ တစ်ပွဲမှ အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ခြင်း မရှိပါဘူး။ ယူရို ၂၀၂၀ တုန်းကလည်း အုပ်စုအဆင့် ပွဲစဉ်တစ်ပွဲသာ အနိုင်ရခဲ့ပါတယ်။

 

၃။ Netherlands vs. Ecuador

နယ်သာလန်အသင်းအနေနဲ့ ဆီနီဂေါကို 2-0 ဖြင့်အနိုင်ရခဲ့တဲ့ပွဲမှာ ကောင်းမွန်တဲ့ခြေစွမ်းမျိုး ပြသနိုင်ခဲ့ခြင်းမရှိပါဘူး။ အီကွေဒေါအသင်းအနေနဲ့ ကာတာအသင်းကို အကောင်းဆုံးပုံစံနဲ့ ယှဉ်ပြိုင်ကစားခဲ့တာကိုလည်း အံ့အားသင့်ဖွယ် တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။ အီကွေဒေါအသင်းရဲ့ မြန်ဆန်တဲ့တိုက်စစ်ဆင်မှုတွေက နယ်သာလန်ခံစစ်ကို အလုပ်ရှုပ်ဦးမှာ သေချာပေါက်ပဲဖြစ်ပါတယ်။

<Unicode Version>

 

#soshwe

#soshwesport

#soshweforyourdailylife

#likeandshare

- Advertisement -

Must Read