HomeEntertainmentအသက်အန္တရာယ်ခြိမ်းခြောက်ခံရမှုကြောင့် လုံခြုံရေးတိုးမြှင့်ထားရတဲ့ ဘောလိဝုဒ်ထိပ်တန်းသရုပ်ဆောင်များ။

အသက်အန္တရာယ်ခြိမ်းခြောက်ခံရမှုကြောင့် လုံခြုံရေးတိုးမြှင့်ထားရတဲ့ ဘောလိဝုဒ်ထိပ်တန်းသရုပ်ဆောင်များ။

- Advertisement -

ဘောလိဝုဒ်ထိပ်တန်းသရုပ်ဆောင်တချို့ဟာ အကြောင်းအမျိုးမျိုးကြောင့် အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရပါတယ်။ သူတို့တွေ အသက်အန္တရာယ်ခြိမ်းခြောက်ခံရပြီးတဲ့နောက်မှာ အိန္ဒိယပြည်နယ်အစိုးရက သူတို့ကို ကာကွယ်ပေးဖို့ အကောင်းဆုံး ကြိုးစားလျက်ရှိပါတယ်။ လက်ရှိအချိန်မှာတော့ မင်းသားဆယ်လ်မန်ခန်း၊ အက်ရှေးကူးမား၊ အနူပမ် ခါတို့အတွက် ဘေးကင်းရေးအစီအမံတွေကို တိုးမြှင့်လုပ်ဆောင်ထားတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

မဟာရာရှ်ထရာပြည်နယ်အစိုးရက အဆိုပါမင်းသား (၃) ဦး အသက်အန္တရာယ်ခြိမ်းခြောက်ခံရတာနဲ့ ပတ်သက်ပြီး အတွင်းပိုင်းအကဲဖြတ်မှုတွေလုပ်ပြီးနောက် တစ်ဦးချင်းစီအတွက် လုံခြုံရေးတို့မြှင့်ထားတယ်လို့ Hindustan Times သတင်းဌာနက ဆိုပါတယ်။ ဆယ်လ်မန်ခန်းအတွက် ကွန်မန်ဒို (၁) ဦး (သို့) နှစ်ဦးအပါအဝင် လုံခြုံရေးအမှုထမ်း (၁၁) ဦးရှိမယ့် Y+ အမျိုးအစားလုံခြုံရေး ပေးသွားမယ်လို့ သိရပါတယ်။ အဲဒီထဲက လုံခြုံရေးအမှုထမ်း (၅) ဦး (ကွန်မန်ဒိုတစ်ဦး၊ ရဲ (၄) ဦး) ကို သူ့ရဲ့နေအိမ်မှာ ထားရှိမှာဖြစ်ပြီး သက်တော်စောင့် (၃) ဦးက သူသွားလေရာနောက်ကို လိုက်ပါမှာဖြစ်ပါတယ်။

- Advertisement -

အက်ရှေးကူးမားနဲ့ အနူပမ် ခါတို့ကိုတော့ X အမျိုးအစားလုံခြုံရေးပေးထားမှာဖြစ်တယ်လို့ သိရပါတယ်။ သူတို့ကို လက်နက်ကိုင်လုံခြုံရေးအမှုထမ်း (၂) ဦးစီ ပေးထားမှာဖြစ်ပြီး အပိုထပ်ဆောင်းလုံခြုံရေးယူမယ်ဆိုရင် သရုပ်ဆောင်တွေဘက်က ကုန်ကျစရိတ်ပေးရမှာဖြစ်ပါတယ်။ အနူပမ်ခါကတော့ သူ့ရဲ့ရုပ်ရှင်ကား ” The Kashmir Files” ထွက်ရှိပြီးနောက် အသက်အန္တရာယ်ခြိမ်းခြောက်ခံခဲ့ရတာကြောင့် လုံခြုံရေး တိုးမြှင့်ခဲ့တာ ဖြစ်ပါတယ်။ အက်ရှေးကူးမားကျတော့ သူ့ရဲ့ကနေဒါနိုင်ငံသားခံယူထားတာနဲ့ပတ်သက်ပြီး လူမှုကွန်ယက်မှာ အသက်အန္တရာယ်ခြိမ်းခြောက်ခံရတဲ့အပေါ် လုံခြုံရေးယူခဲ့ရတာပါ။

- Advertisement -

ဆယ်လ်မန်ခန်းကတော့ မေလ ၂၉ ရက်နေ့က အဆိုတော် ဆစ်ဒ်ဟူ မိုစီ ဝါလာ သေနတ်အပစ်ခံရပြီး သေဆုံးပြီးနောက် ရက်ပိုင်းအကြာ ဇွန်လ ၅ ရက်နေ့မှာ သူနဲ့သူ့ရဲ့ဖခင် ဆလင်မ်ခန်းတို့ အသက်အန္တရာယ်ခြိမ်းခြောက်စာ လက်ခံရရှိခဲ့တာပဲ ဖြစ်ပါတယ်။

- Advertisement -

အသက်အန္တရာယ်ခြိမ်းခြောက်စာမှာ ဆလင်မ်ခန်းနဲ့သူ့သား (၂) ယောက်လုံး အဆိုတော်ဆစ်ဒ်ဟူ မိုစီဝါလာလို ကံကြမ္မာမျိုး မကြာခင်ကြုံရမယ်လို့ ရေးသားထားပါတယ်။ လော့ရန် ဘစ်ချ်နွိုင်းရဲ့ဂိုဏ်းက ၎င်းတို့ရဲ့အာဏာပါဝါကို ပြနိုင်ဖို့အတွက် ဆယ်လ်မန်ခန်းတို့သားအဖကို ခြိမ်းခြောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါဂိုဏ်းက စီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့ သရုပ်ဆောင်တွေဆီကနေ ငွေညှစ်ဖို့ ပြင်ဆင်နေခဲ့တယ်လို့ မဟာရာရှ်ထရာပြည်ထဲရေးဌာနက ဆိုပါတယ်။

အသက်အန္တရာယ်ခြိမ်းခြောက်ခံရတာကြောင့် ဆယ်လ်မန်ခန်းက ဇူလိုင်လမှာ သေနတ်ကိုင်ဆောင်ခွင့် လျှောက်ထားခဲ့ပါသေးတယ်။ မွန်ဘိုင်းရဲတပ်ဖွဲ့ကလည်း လော့ရန် ဘစ်ချ်နွိုင်းရဲ့ဂိုဏ်းက လူဆိုးအများအပြားကို ဖမ်းဆီးမိခဲ့ပြီး အဲဒီအထဲက တော်တော်များများဟာ ဆယ်လ်မန်ခန်းကို ပစ်မှတ်ထားတာဖြစ်တယ်လို့ ဝန်ခံခဲ့ပါတယ်။ မွန်ဘိုင်း၊ ပန်ဂျပ်နဲ့ ဒေလီတို့မှာ စုံစမ်းစစ်ဆေးမှုတွေအပြီး လူဆိုးဂိုဏ်းဘစ်ချ်နွိုင်းနဲ့ Goldy Brar တွေက ဆယ်လ်မန်းခန်းကို သတ်ဖို့ ကြံစည်ထားတယ်လို့ သိခဲ့ရပြီးနောက် အခုလိုမျိုး လုံခြုံရေး တိုးမြှင့်ပေးထားတာ ဖြစ်ပါတယ်။

<Unicode Version>

 

#soshwe

#soshweentertainment

#soshweforyourdailylife

#likeandshare

- Advertisement -

Must Read