HomeLifeStyle၉၇ နှစ်အရွယ်အဘိုးအိုတစ်ဦးရဲ့အိပ်မက်ကို ဖြည့်ဆည်းပေးခဲ့တဲ့ အမျိုးသား။

၉၇ နှစ်အရွယ်အဘိုးအိုတစ်ဦးရဲ့အိပ်မက်ကို ဖြည့်ဆည်းပေးခဲ့တဲ့ အမျိုးသား။

- Advertisement -

ဒီဇိုင်နာ အီဆာရက် ဂါဇာဟာ သူ့ရဲ့လူသားဆန်တဲ့လုပ်ရပ်တွေကြောင့် လူအများရဲ့အသိအမှတ်ပြုမှုကို ရရှိထားသူတယောက် ဖြစ်ပါတယ်။ ဂါဇာကက လိုအပ်နေတဲ့သူတွေကို ကူညီပေးပြီး အခြားသူတွေကိုလည်း သူ့လိုမျိုးလုပ်ဆောင်ဖို့ တွန်းအားပေးနေသူလည်း ဖြစ်ပါတယ်။ အခြားသူတွေအတွက် ဂါဇာ လုပ်ပေးခဲ့ဖူးတဲ့ အရာတွေမှာ အသက် ၉၇ နှစ်အရွယ် စစ်မှုထမ်းဟောင်း ဝီလျံ ဂွတ်ဒီကို Disneyland ဆီ အလည်အပတ်ခေါ်သွားခဲ့ပြီး သူနဲ့အတူ တစ်နေ့တာကုန်ဆုံးပေးခဲ့တာပဲ ဖြစ်ပါတယ်။

အဲဒီတုန်းက ဝီလျံကလည်း သူ့ကို အခုလိုခေါ်လာပေးခဲ့တဲ့အတွက် ဂါဇာကို ကျေးဇူးတင်လို့မဆုံးဖြစ်ခဲ့ပြီး မျက်ရည်တောင်ကျခဲ့ရပါတယ်။ အဲဒီအလည်အပတ်ခရီးအတွင်း ဂါဇာနဲ့ ဝီလျံတို့ သူငယ်ချင်းတွေ ဖြစ်ခဲ့ကြကာ မကြာသေးခင်ကလည်း ဂါဇာက ဝီလျံရဲ့အိပ်မက်ကို အကောင်အထည်ဖော်ပေးခဲ့ပြန်ပါတယ်။ ဒီတခေါက်မှာတော့ ဂါဇာက ဝီလျံကို သူအကြိုက်နှစ်သက်ဆုံးအသင်း Los Angeles Rams ကစားတာကို  မြင်တွေ့ရဖို့အတွက် SoFi အားကစားကွင်းကို အောက်တိုဘာ ၁၆ ရက်နေ့က ခေါ်သွားပေးခဲ့ပြီး ဝီလျံအနေနဲ့ ဘယ်တော့မှ မမေ့နိုင်မယ့် နေ့တစ်နေ့ကို ထပ်မံဖန်တီးပေးလိုက်ပါတယ်။

- Advertisement -

- Advertisement -

ဝီလျံက သူအကြိုက်နှစ်သက်ဆုံးအသင်းကစားတာကို မြင်တွေ့ရတဲ့အပြင် သူအကြိုက်ဆုံးကစားသမား ကူပါး ကက်ပ်နဲ့လည်း တွေ့ဆုံခွင့်ရခဲ့ပါတယ်။ သူ့ဆီကို ကူပါး ကက်ပ်လာတွေ့ပြီး လက်ဆွဲနှုတ်ဆက်ကာ စကားတွေ ပြောခဲ့ကြပါတယ်။ ဝီလျံက ကူပါးရဲ့ပခုံးကို ပုတ်ပြီး “အိုမိုင်ဂေါ့…မင်းက တကယ်တော်တယ်။ မင်းက အကောင်းဆုံးတွေထဲက တစ်ယောက်ပဲ”လို့ ပြောခဲ့ပါတယ်။ ကူပါးကလည်း ဝီလျံကို လက်မှတ်ထိုးထားတဲ့ ဂျာစီပေးခဲ့ပြီး ဝီလျံက အဲဒီဂျာစီကို အဲဒီကစားပွဲမှာ ဝတ်ဆင်ခဲ့ပါတယ်။ ဝီလျံအတွက် အဲဒီနေ့က သူ့ရဲ့ဘဝမှာ အပျော်ရွှင်ဆုံးနေ့ရက်တွေထဲက တစ်နေ့ဖြစ်ခဲ့ပါတယ်။

- Advertisement -

ဂါဇာက ကမ္ဘာကြီးကို ပြန်လည်ပေးဆပ်ဖို့ ကြင်နာတရားအပြည့်နဲ့ လူသားဆန်တဲ့လုပ်ရပ်တွေကို လုပ်ဆောင်နေသူတဦး ဖြစ်ပါတယ်။ ဂါဇာရဲ့မိသားစုဟာ မက္ကဆီကိုနိုင်ငံကနေ အမေရိကန်ကို ရွှေ့ပြောင်းနေထိုင်သူတွေဖြစ်တဲ့အတွက် ဆင်းရဲစွာနဲ့ ကြီးပြင်းခဲ့ရပါတယ်။ ထိုအချိန်တုန်းက သူတို့မိသားစုဟာ အိုးမဲ့အိမ်မဲ့တောင်ဖြစ်ခဲ့ရပြီး သူတို့ရဲ့ကားထဲမှာ တစ်နှစ်လောက် နေခဲ့ရပါတယ်။ ဂါဇာရဲ့ ငယ်ဘဝက ခက်ခဲကြမ်းတမ်းခဲ့ပေမယ့်လည်း မလျော့တဲ့ဇွဲလုံ့လတွေကြောင့် အခုချိန်မှာတော့ သူဟာ နာမည်ကြီးကျောက်မျက်ရတနာဒီဇိုင်နာတစ်ယောက် ၊ TikTok influencer တစ်ယောက်အဖြစ် ရပ်တည်နေနိုင်ပြီပဲဖြစ်ပါတယ်။

<Unicode Version>

 

#soshwe

#soshwelifestyle

#soshweforyourdailylife

#likeandshare

- Advertisement -

Must Read