HomeTechTwitter ဆီကနေ အကြီးစား ကြော်ငြာကမ်ပိန်းတစ်ခုဝယ်ယူခဲ့တဲ့ SpaceX

Twitter ဆီကနေ အကြီးစား ကြော်ငြာကမ်ပိန်းတစ်ခုဝယ်ယူခဲ့တဲ့ SpaceX

- Advertisement -

အီလွန်မတ်စ်ပိုင် SpaceX ကုမ္ပဏီဟာ Twitter မှာ ဒေါ်လာသိန်းချီတန် ကြော်ငြာကမ်ပိန်းတစ်ခု ဝယ်ယူခဲ့ပြီး SpaceX ရဲ့ ဂြိုလ်တုအင်တာနက်ကွန်ရက်ချိတ်ဆက်ရေးလုပ်ငန်းကို Twitter ပေါ်မှာ ကြော်ငြာတော့မှာပဲ ဖြစ်ပါတယ်။ SpaceX သူဌေး အီလွန်မတ်စ်ဟာ နာမည်ကျော် microblogging ပလက်ဖောင်းတစ်ခုဖြစ်တဲ့ Twitter ကို ကန်ဒေါ်လာ ၄၄ ဘီလျံ ပေးဝယ်ယူထားတာ ဖြစ်ပါတယ်။

အခုတော့ ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီးရဲ့ အာကာသလေကြောင်းကုမ္ပဏီဟာ စပိန်နဲ့ ဩစတြေးလျတို့အတွက် Twitter ပေါ်က ကြော်ငြာကမ်ပိန်းတစ်ခု ဝယ်ယူခဲ့တာပဲ ဖြစ်ပါတယ်။ ဒီကြော်ငြာကို takeover လို့ ခေါ်ဆိုဖွယ်ရှိပြီး CNBC သတင်းရဲ့ ဖော်ပြချက်အရ ကြော်ငြာပက်ကေ့ချ်တွေထဲက တစ်ခုဆိုရင် ဒေါ်လာ ၂၅၀၀၀၀ နဲ့ အထက် ရှိတယ်လို့ သိရပါတယ်။

- Advertisement -

ဒေါ်လာ ၂ သိန်းခွဲကျော်တန် ကြော်ငြာပက်ကေ့ချ် ဝယ်ထားတဲ့ ကြော်ငြာရှင်အတွက် Twitter ရဲ့ ပင်မ Timeline အပေါ်နားမှာ ကြော်ငြာရှင်ရဲ့ Brand Name ကို တစ်နေ့လုံး ဖော်ပြသွားမှာ ဖြစ်ပါတယ်။ ဒီကြော်ငြာပက်ကေ့ချ်ကို စပိန်နဲ့ဩစတြေးလျနိုင်ငံတွေအတွက်ပဲ ကန့်သတ်ထားတယ်လို့ သိရပါတယ်။ CNBC က ရထားတဲ့ ကုမ္ပဏီတွင်း အထောက်အထားတွေအရ SpaceX ဟာ စပိန်နဲ့ ဩစတြေးလျမှာရှိတဲ့ Starlink ဝန်ဆောင်မှုအတွက် Twitter ကြော်ငြာကမ်ပိန်းပေါ်မှာ ဒေါ်လာ ၁၆၀၀၀၀ ကျော် သုံးစွဲထားတယ်လို့ ဆိုပါတယ်။

- Advertisement -

ဒီသတင်းကို ပြောပြတဲ့ Twitter ဝန်ထမ်းတစ်ယောက်ရဲ့ အဆိုအရတော့ SpaceX ဟာ Twitter ပေါ်က ကြော်ငြာပက်ကေ့ချ်အကြီးစားတွေ ဝယ်လေ့မရှိဘူးလို့ ဆိုပါတယ်။ Twitter ပေါ်မှာ အကြီးစားကြော်ငြာပက်ကေ့ချ်တစ်ခု SpaceX က ဝယ်လိုက်ကြောင်း သတင်းထွက်လာပြီး နာရီပိုင်းအကြာမှာ အီလွန်မတ်စ်က “SpaceX Starlink ဟာ ဩစတြေးလျနဲ့ စပိန်မှာ Twitter ကြော်ငြာတွေရဲ့ ထိရောက်မှုကို စမ်းသပ်ဖို့ ကြော်ငြာပက်ကေ့ချ်တစ်ခု ဝယ်ထားပါတယ်။ ဒါက Facebook ၊ Instagram နဲ့ Google တို့နဲ့ အတူတူပါပဲ” ဆိုပြီး Tweet ခဲ့ပါတယ်။

- Advertisement -

Starlink ဟာ ကမ္ဘာအနိမ့်ပတ်လမ်းထဲ လွှင့်တင်ထားတဲ့ ဂြိုလ်တုအစုအဝေးနဲ့ ချိတ်ဆက်ပြီး ကွန်ရက်ချိတ်ဆက်မှုလုပ်တဲ့ အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ ပုံမှန်ကေဘယ်ကြိုးနဲ့Optic Fiber အခြေခံအဆောက်အဦတွေ မရောက်လို့ အင်တာနက်လိုင်းမရတဲ့ ဒေသတွေမှာ မြန်နှုန်းမြင့် အင်တာနက်ဝန်ဆောင်မှုပေးနိုင်ဖို့ Starlink ကို တည်ထောင်ထားတာလည်း ဖြစ်ပါတယ်။

<Unicode Version>

 

#soshwe

#sooshwetech

#soshweforyourdailylife

#likeandshare

- Advertisement -

Must Read