ရေချိုးခန်းနဲ့ မီးဖိုချောင်ဆိုင်ရာ တီထွင်ဖန်တီးမှုတွေ ပြုလုပ်ခဲ့တဲ့ ဂျပန်နည်းပညာကုမ္ပဏီ Science Co. Ltd က လူသားတွေကို အလိုအလျောက် ရေချိုးပေးမယ့် ရေချိုးစက် တီထွင်နေတယ်လို့ ကြေညာခဲ့ပါတယ်။ Project Usoyaro လို့ အမည်ပေးထားတဲ့ စီမံကိန်းအရ ၂၀၂၄ ခုနှစ်မှာ လက်တွေ့အသုံးပြုနိုင်တဲ့ ရေချိုးစက်ကို တီထွင်ဖန်တီးပြီး ၂၀၂၅ ခုနှစ် အိုဆာကာကုန်စည်ပြပွဲမှာ ခင်းကျင်းပြသသွားဖို့ မျှော်မှန်းထားပါတယ်။
တကယ်တော့ လူသားတွေအတွက် ရေချိုးစက်တီထွင်မှုဟာ စိတ်ကူးသစ်တစ်ရပ် မဟုတ်ပါဘူး။ ၁၉၇၀ အိုဆာကာကုန်စည်ပြပွဲမှာ ဂျပန်အီလက်ထရောနစ်ကုမ္ပဏီ Sanyo Electric က ၁၅ မိနစ်အတွင်း ရေချိုး၊ နှိပ်နယ်၊ ရေသုတ်ပေးမယ့် Ultrasonic Bath ရေချိုးစက်အိုင်ဒီယာကို ပြသခဲ့ဖူးပါတယ်။ ဒါပေမယ့် အဲဒီအိုင်ဒီယာကို စီးပွားဖြစ် ဖန်တီးထုတ်လုပ်ခဲ့ခြင်းတော့ မရှိပါဘူး။
အိုဆာကာမြို့အခြေစိုက် Science Co. Ltd ဟာ သိမ်မွေ့တဲ့ ရေမြှုပ်နည်းပညာကို စောင့်ကြည့်ဆင်ဆာတွေ၊ မှတ်ဉာဏ်တုနည်းပညာတွေနဲ့ ပေါင်းစပ်ပြီး ရေချိုးစက်ဖန်တီးမယ်လို့ ဆိုပါတယ်။ ရေချိုးစက်ဟာ ရေချိုးရုံသပ်သပ် မဟုတ်ဘဲ စိတ်အပန်းဖြေရာနေရာတစ်ခုလည်း ဖြစ်စေဖို့ စက်ထဲမှာ ရေစိုခံ မျက်နှာပြင် တပ်ဆင်ပေးထားမှာဖြစ်ပြီး သီချင်းနားထောင်တာ၊ ရုပ်သံ ကြည့်ရှုတာတွေ လုပ်နိုင်မယ်လို့ သိရပါတယ်။
<Unicode Version>
#soshwe
#soshwetech
#soshweforyourdailylife
#likeandshare