HomeLifeStyleနောင်အနာဂတ်မှာ ပြောင်းလဲလာနိုင်ဖွယ်ရှိတဲ့ လူ့ခန္ဓာကိုယ်ပုံစံများ။

နောင်အနာဂတ်မှာ ပြောင်းလဲလာနိုင်ဖွယ်ရှိတဲ့ လူ့ခန္ဓာကိုယ်ပုံစံများ။

- Advertisement -

လူသားတွေရဲ့ အနာဂတ်မှာ မတူညီတဲ့အဖြစ်အပျက်တွေ ရှိလာနိုင်ပါတယ်။ သုတေသီများက လူတွေရဲ့ခန္ဓာကိုယ်ဆင့်ကဲဖြစ်စဉ်ကို ဒစ်ဂျစ်တယ်ကိရိယာကို အသုံးပြုခဲ့၍ လေ့လာခဲ့ကြပြီး နောင်ဝေးကွာတဲ့ အနာဂတ်မှာ ပြောင်းလဲလာနိုင်တဲ့ လူ့ခန္ဓာကိုယ်ပုံစံတွေကို ဖော်ပြပေးလိုက်ပါတယ်။

 

- Advertisement -

၁။ မျက်ခွံလွှာ။

- Advertisement -

နည်းပညာတွေမြင့်မားလာတဲ့ အနာဂတ်မှာ လူ့ခန္ဓာကိုယ်အတွင်း အပြောင်းအလဲအချို့ကို ဆောင်ကြဉ်းလာမည်ဟု သုတေသီများက ခန့်မှန်းထားပါတယ်။ လူတွေဟာ ဒုတိယမျက်ခွံလွှာတွေ ရှိလာနိုင်ပြီး ဒါတွေက နည်းပညာစက်ပစ္စည်းတွေမှ ပိုလျှံတဲ့အလင်းအရောင်တွေကို စစ်ထုတ်ရန် ကူညီပေးနိုင်ပါတယ်။ အပြာရောင်၊ အစိမ်းရောင်၊ အဝါရောင် ဒါမှမဟုတ် အနီရောင်အလင်းတန်းတွေကို တားဆီးပိတ်ဆို့ရန် မျက်ခွံအရွယ်အစားဟာ ပိုမိုကြီးလာနိုင်ပါတယ်။

- Advertisement -

 

၂။ သွား။

မနုဿဗေဒပညာရှင်တွေက အနာဂတ်မျိုးဆက်သစ်တွေရဲ့ သွားတွေဟာ ပိုသေးသွားနိုင်တယ်ဆိုပြီး ဆိုပါတယ်။ အသက်ရှင်ရန်အတွက် ကြီးမားခိုင်ခံ့တဲ့သွားတွေရှိဖို့ မလိုအပ်တာကြောင့် အနာဂတ်လူသားတွေမှာ သွားတွေကျုံ့သွားနိုင်တဲ့အပြင် မေးရိုးတွေ သေးသွားနိုင်တယ်ဆိုပြီး သုံးသပ်ကြပါတယ်။

 

၃။ ခြေဖဝါး။

ရာသီဥတုဖောက်ပြန်မှုကြောင့် လူသားတွေရဲ့ ခြေဖဝါးနဲ့ ခြေချောင်းတွေ ပိုကြီးလာနိုင်ပါတယ်။ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာပါက ရေကမ္ဘာအဖြစ် ပြောင်းလဲသွားနိုင်တာကြောင့််လည်း ဖြစ်ပါတယ်။

 

၄။ နှာခေါင်း။

လူတွေရဲ့နှာခေါင်းအရွယ်အစားဟာ အနာဂတ်မှာ ပျမ်းမျှအားဖြင့် ပိုကြီးလာနိုင်ပြီး လေအေးတွေကို ရှူရှိုက်မိတဲ့အခါ နွေးထွေးစေဖို့ ကူညီပေးမှာဖြစ်ပါတယ်။ မျိုးရိုးဗီဇကြောင့်မဟုတ်ဘဲ ရာသီဥတုပြောင်းလဲမှုရဲ့ ရလဒ်ကြောင့် ဒီအခြေအနေမျိုး ဖြစ်လာနိုင်ပါတယ်။

<Unicode Version>

 

#soshwe

#soshwelifestyle

#soshweforyourdailylife

#likeandshare

- Advertisement -

Must Read