HomeLifeStyleမဖြစ်မနေ သိထားသင့်တဲ့ လှည့်စားတတ်တဲ့ လူ (၅) မျိုးအကြောင်း။

မဖြစ်မနေ သိထားသင့်တဲ့ လှည့်စားတတ်တဲ့ လူ (၅) မျိုးအကြောင်း။

- Advertisement -

လိမ်လည်လှည့်စားတတ်သူတွေကို သူတို့အနေနဲ့ ဘယ်လောက်ပဲတော်ပါတယ်ပြောပြော သူတို့ရဲ့ပုံစံအမှန်ကို တစ်နည်းမဟုတ်တစ်နည်းနဲ့ တွေ့မြင်ရလေ့ရှိပါတယ်။ တချို့သောသူတွေက အပျော်သဘောနဲ့ တခြားသူတွေကို လှည့်စားတတ်ကြပေမယ့် တချို့ကျပြန်တော့ ၎င်းတို့ရဲ့လက်တွဲဖော်တွေကို မရည်ရွယ်ဘဲ လိမ်မိသွားတာမျိုး ဖြစ်တတ်ကြပါတယ်။ ဒီလိုလူမျိုးတွေကို ဘယ်တော့မှယုံကြည်လို့မရကြောင်း အကြံပြုပါရစေ။ ဒီတော့ လိမ်လည်လှည့်စားတတ်သူ အမျိုးအစားနဲ့ ၎င်းတို့ကိုသိနိုင်မယ့် နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

 

- Advertisement -

၁။ အမဲလိုက်သူ။

- Advertisement -

ဒီအမျိုးအစားကတော့ လူတွေနဲ့ထိတွေ့ဆက်ဆံဖို့ကို တက်ကြွစွာရှာဖွေနေတတ်တဲ့ အမဲလိုက်သမားလို လူစားမျိုး ဖြစ်ပါတယ်။ သူတို့က တစ်ကြိမ်တည်းနဲ့ရင်းနှီးမှုရစေဖို့ လူတွေကို ရှာဖွေနေတတ်ကြပြီး သူတို့အတွက် ချစ်ခြင်းမေတ္တာကို ရှာဖွေနေတာမဟုတ်ဘဲ သူတို့ရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့အတွက်သာ ဖြစ်ပါတယ်။ သူတို့က ပရောပရည်လုပ်တတ်ပြီး ချိုမြိန်မှုတွေနဲ့ တစ်ဖက်လူကို သူတို့ညွှတ်ကွင်းထဲ ကျဆင်းအောင် ပြုလုပ်တတ်ကြပါတယ်။

- Advertisement -

 

၂။ လူကောင်းပုံစံဖမ်းတတ်သူ။

သူတို့တွေက တစ်ဖက်လူကို လျင်မြန်စွာ ချီးကျူးမြှောက်ပင့်တတ်ကြပြီး တခြားသူတွေရဲ့ ပြဿနာတွေကို စိတ်ရှည်စွာ နားထောင်ဖြေရှင်းပေးဖို့ အရမ်းကိုစာနာတတ်တဲ့ သူတစ်ယောက်ပုံစံမျိုး ဟန်ဆောင်တတ်ကြပါတယ်။ ဒါဟာ တခြားလူရဲ့စိတ်ကို ရယူဖို့ လွယ်ကူတဲ့နည်းလမ်းဖြစ်ပြီး အခွင့်အရေးကို စောင့်ဖမ်းတတ်သူတွေလည်း ဖြစ်ပါတယ်။

 

၃။ ဒရာမာခင်းတတ်သူ။

ဒီလူတွေက တခြားသူတွေဆီမှာ အမြဲတမ်း ချစ်ခင်မှုနဲ့ မေတ္တာကိုလိုအပ်နေတဲ့ သနားစရာသတ္တဝါတစ်ကောင်လို စိတ်နှလုံးကြေကွဲနေတဲ့သူတွေအဖြစ် သူတို့ကိုယ်သူတို့ ပုံဖော်တတ်ကြပါတယ်။ သူတို့ကြုံတွေ့ရတဲ့ ဒုက္ခတွေအကြောင်း ဒရာမာတွေခင်းပြပြီး တခြားသူတွေဆီက သနားညှာတာမှုနဲ့ ကိုယ်ချင်းစာနာတတ်မှုတွေကနေ သူတို့ဆီကိုပါလာအောင် ဆွဲဆောင်တတ်ကြတဲ့သူတွေဖြစ်ပါတယ်။

 

၄။ အခွင့်အရေးသမား။

ဒီလိုလှည့်စားတတ်သူတွေကတော့ အချိန်ကောင်းတစ်ခုရဖို့ အခွင့်အရေးတိုင်းကို ရှာဖွေနေတတ်ကြပါတယ်။ သူတို့က အခွင့်အရေးတွေကို လုံးဝလက်လွတ်မခံတတ်ကြဘဲ လေးနက်မှုမရှိတဲ့ ဆက်ဆံရေး ခံစားချက်မျိုးကိုသာ ပေးမှာဖြစ်ပါတယ်။

 

၅။ ပရော်ဖက်ရှင်နယ်ကျသူ။

အများအားဖြင့် ဒီလိုလူတွေဟာ မသိနားမလည်တဲ့ သူတို့ထက်ငယ်ရွယ်သူတွေကို လှည့်စားတတ်ကြပါတယ်။ အကျိုးအမြတ်ပါတဲ့ ၎င်းတို့ရဲ့စီးပွါးရေးခရီးစဉ်အတွက် တစ်စုံတစ်ယောက်နဲ့ ပျော်ရွှင်တဲ့အချိန်တွေကိုလည်း ဖြတ်သန်းချင်ကြတာ ဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ သူတို့နဲ့ခင်မင်ရင်းနှီးတဲ့ တစ်စုံတစ်ယောက်ကိုတောင် ချစ်မိသွားတတ်ကြပါတယ်။ သူတို့ဟာ ဘယ်အရာကိုမှ နောင်တမရတတ်ကြဘဲ ၎င်းတို့ရဲ့အရေးကိစ္စတွေကို ဖုံးကွယ်ဖို့ အရမ်းကိုလိမ္မာပါးနပ်ကြသူတွေလည်း ဖြစ်ပါတယ်။

<Unicode Version>

 

#soshwe

#soshwelifestyle

#soshweforyourdailylife

#likeandshare

- Advertisement -

Must Read