HomeOtherAnimalsထူးထူးဆန်းဆန်းပုံစံနဲ့ ဓာတ်ပုံရိုက်ခံလေ့ရှိတဲ့ ခွေးလေး Kiko

ထူးထူးဆန်းဆန်းပုံစံနဲ့ ဓာတ်ပုံရိုက်ခံလေ့ရှိတဲ့ ခွေးလေး Kiko

- Advertisement -

လူတွေအနေနဲ့ ဓာတ်ပုံရိုက်တဲ့အခါ ကိုယ်ဟန်အနေအထားအမျိုးမျိုးနဲ့ Pose လေ့ရှိကြပြီး သူငယ်ချင်းအုပ်စုတွေထဲမှာလည်း ဟာသဆန်ဆန်ပုံစံနဲ့ အုပ်စုလိုက်ဓာတ်ပုံကို ပျက်စီးအောင်လုပ်လေ့ရှိတဲ့ သူငယ်ချင်းတစ်ယောက်တော့ အမြဲတမ်းပါနေတတ်ပါတယ်။ ဒါပေမယ့် ဒီလိုပုံစံမျိုးဟာ ခွေးတွေမှာလည်း ရှိနေတတ်တာပါနော်။ New Zealand က Finnish Spitz မျိုးစိတ် ချစ်စရာကောင်းတဲ့ ခွေးလေး Kiko ကတော့ သူများနဲ့မတူတဲ့ ထူးထူးခြားခြားပုံစံနဲ့ ဓာတ်ပုံရိုက်ခံရတာကို အကြိုက်တွေ့ဟန်တူပါတယ်။

၂၀၂၃ ၊ ဧပြီလမှာ (၂) နှစ်ပြည့်တော့မယ့် Kiko ဟာ အခြားခွေးလေးကောင်ဖြစ်တဲ့ သူ့ရဲ့မိခင် Mika, သူ့ရဲ့ညီမ Tofu, Hades လို့အမည်ရတဲ့ Black German Shepherd ခွေးတစ်ကောင်နဲ့ Kaya အမည်ရှိတဲ့ White Swiss Shepherd တို့နဲ့အတူ နေထိုင်တာဖြစ်ပါတယ်။ သူတို့အားလုံးရဲ့ပိုင်ရှင်ဖြစ်တဲ့ Ashleigh Macpherson ကတော့ သူ့ခွေးလေးတွေရဲ့ဓာတ်ပုံနဲ့ ဗီဒီယိုသစ်တွေကို Instagram ပေါ်မှာ တင်လေ့ရှိပြီး ချစ်စရာကောင်းတဲ့ ခွေးလေး (၅) ကောင်ရဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေက လူအများကို ရယ်မောပျော်ရွှင်စေခဲ့ပါတယ်။

- Advertisement -

တခြားခွေးတွေက ဓာတ်ပုံကောင်းကောင်းရဖို့ ကင်မရာကို အလေးအနက်ထားနေချိန်မှာ Kiko ကတော့ သူ့ဦးခေါင်းကို (၁၈၀) ဒီဂရီ ဇောက်ထိုးလှည့်ပြီး ပြီးပြည့်စုံတဲ့ဓာတ်ပုံဖြစ်အောင် ပြောင်းလဲပစ်လေ့ရှိပါတယ်။ ပိုင်ရှင် Ashleigh က သူတို့ကိုဓာတ်ပုံရိုက်ဖို့ကြိုးစားတာ ဒါမှမဟုတ် ဓာတ်ပုံရိုက်မယ်လို့ပြောတဲ့အခါတိုင်း ခွေးလေး Kiko ကတော့ ဒီလိုထူးဆန်းတဲ့ပုံစံမျိုးကို ပြုလုပ်လေ့ရှိတာ ဖြစ်ပါတယ်။

- Advertisement -

Kiko ဟာ ခွေးပေါက်စအရွယ်ကတည်းက ဒီထူးခြားတဲ့ပုံစံကို ပြုလုပ်ခဲ့တာဖြစ်ပြီး ခုလိုမျိုးပုံစံကြောင့် သူ့လည်ပင်းကို စိုးရိမ်ခဲ့ပေမယ့် Kiko ဆီမှာ ပျော့ပျောင်းတဲ့လည်ပင်းတွေရှိတာကြောင့် ဘာမှမဖြစ်နိုင်ဘူးလို့ Ashleigh က အာမခံခဲ့ပါတယ်။ ဓာတ်ပုံရိုက်တိုင်း ထူးထူးဆန်းဆန်းပုံစံလုပ်လေ့ရှိတဲ့ Kiko ရဲ့ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

- Advertisement -

<Unicode Version>

 

#soshwe

#soshweanimals

#soshweforyourdailylife

#likeandshare

- Advertisement -

Must Read