HomeLifeStyleSpotify CEO ဒန်နီယယ်အဲ့ခ် ဘယ်လိုချမ်းသာလာခဲ့သလဲ ? ? ?

Spotify CEO ဒန်နီယယ်အဲ့ခ် ဘယ်လိုချမ်းသာလာခဲ့သလဲ ? ? ?

Spotify ဟာဆိုရင် ကမ္ဘာ့အကြီးဆုံး Digital Music ပလက်ဖောင်းအဖြစ် ဂီတချစ်သူတွေ ရင်းနှီးပြီးသား ဖြစ်မှာပါ။ ပြိုင်ဆိုင်မှုကြီးလှတဲ့ Music Streaming Services တွေအကြားမှာ ဆွီဒင်ကုမ္ပဏီ Spotify ဟာ Streaming လောကကို မျက်စိကျနေတဲ့ ထိပ်ထိပ်ကြဲနည်းပညာကုမ္ပဏီကြီးတွေကို လက်ဦးမှု ရယူနိုင်ခဲ့ပါတယ်။ ကမ္ဘာပေါ်က အတော်ဆုံး နည်းပညာသမားတွေနဲ့ ဦးနှောက်တွေစုဝေးနေတဲ့ Apple Inc ၊ Alphabet Inc နဲ့ Amazon တို့လို Tech Giants ကြီးတွေနဲ့ ယှဉ်ဖိုက်နေရတဲ့လောကမှာ Spotify ကို နံပါတ်တစ်ဖြစ်အောင် ပုံဖော်ခဲ့တဲ့ အရေးပါဆုံး လူတစ်ယောက်အကြောင်း ချန်ထားလို့ မရပါဘူး။

- Advertisement -

အခုဖော်ပြပေးမှာကတော့ အသက် ၂၃ နှစအရွယ်နဲ့ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ပြီး မီလျံနာဖြစ်ခဲ့သူတစ်ယောက် အကြောင်းပဲဖြစ်ပါတယ်။ နောက်တစ်နည်းပြောရရင် နာမည်ကျော် ပရီးမီးယားလိဂ်အသင်းတစ်သင်းဖြစ်တဲ့ အာဆင်နယ်အသင်းကို ဝယ်ချင်နေတဲ့ ဆွီဒင်နိုင်ငံသား ဘီလျံနာတစ်ယောက်အကြောင်းလို့ ဆိုနိုင်ပါတယ်။

အသက်ငယ်ငယ်လေးနဲ့ မီလျံနာဖြစ်ပြီးနောက် စီးပွားလောကကနေ အနားယူမယ်လို့ ဆုံးဖြတ်ပြီး အနီရောင် ဖာရာရီကားနဲ့ နိုက်ကလပ်တွေ ပတ်ဒိုးနေတဲ့ လူငယ်တစ်ယောက်ဟာ ချမ်းသာတဲ့ဘဝကို ငြီးငွေ့ရာကစပြီး ကမ္ဘာ့အကြီးဆုံး Music Streaming Service တစ်ခု တည်ထောင်ဖို့ ဖြစ်လာပါတယ်။ ဆယ်ကျော်သက်ဘဝကတည်းက ဖခင်ဖြစ်သူထက် ပိုက်ဆံပိုရှာနိုင်ခဲ့တဲ့ လူငယ်တစ်ယောက် ဘီလျံနာဘယ်လို ဖြစ်သွားသလဲဆိုတာကို ဆက်လက်ဖတ်ရှုရမှာဖြစ်ပါတယ်။

- Advertisement -

Spotify ဟာဆိုရင် ကမ္ဘာ့အကြီးဆုံး Digital Music ပလက်ဖောင်းအဖြစ် ဂီတချစ်သူတွေ ရင်းနှီးပြီးသား ဖြစ်မှာပါ။ ပြိုင်ဆိုင်မှုကြီးလှတဲ့ Music Streaming Services တွေအကြားမှာ ဆွီဒင်ကုမ္ပဏီ Spotify ဟာ Streaming လောကကို မျက်စိကျနေတဲ့ ထိပ်ထိပ်ကြဲနည်းပညာကုမ္ပဏီကြီးတွေကို လက်ဦးမှု ရယူနိုင်ခဲ့ပါတယ်။ ကမ္ဘာပေါ်က အတော်ဆုံး နည်းပညာသမားတွေနဲ့ ဦးနှောက်တွေစုဝေးနေတဲ့ Apple Inc ၊ Alphabet Inc နဲ့ Amazon တို့လို Tech Giants ကြီးတွေနဲ့ ယှဉ်ဖိုက်နေရတဲ့လောကမှာ Spotify ကို နံပါတ်တစ်ဖြစ်အောင် ပုံဖော်ခဲ့တဲ့ အရေးပါဆုံး လူတစ်ယောက်အကြောင်း ချန်ထားလို့ မရပါဘူး။

- Advertisement -

 

- Advertisement -

ဒန်နီယယ်အဲ့ခ်။

သူကတော့ Spotify တည်ထောင်သူနဲ့ အမှုဆောင်အရာရှိချုပ် ဒယ်နီယယ်အဲ့ခ်ပါ။ ဒန်နီယယ်အဲ့ခ်ဆိုတာ နယ်နယ်ရရတော့ မဟုတ်ပါဘူး။ တကယ့်ကို ငယ်ငယ်ကတည်းက စီးပွားရေးမှာ ပါရမီပါလာတဲ့ ဉာဏ်ကြီးရှင်တစ်ယောက် ဖြစ်ပါတယ်။ စတော့ခ်ဟုမ်းမြို့ ဆင်ခြေဖုံးက အလုပ်သမားလူတန်းစားမှာ ကြီးပြင်းလာတဲ့သူဟာ အသက် ၁၃ နှစ်အရွယ်ကတည်းက ပိုက်ဆံရှာဖွေနိုင်ခဲ့ပါတယ်။

သူ,ပထမဆုံး လုပ်တာက အိမ်မှာနေရင်း ဝက်ဘ်ဆိုက်ရေးပြီး စီးပွားရေးလုပ်တာပဲဖြစ်ပါတယ်။ ဒေသတွင်းက ကုမ္ပဏီတွေအတွက် ဒန်နီယယ်အဲ့ခ်ဟာ ဝက်ဘ်ဆိုက်ဒီဇိုင်းနဲ့ Hosting ပေးတာတွေ လုပ်ပါတယ်။ ဒီစီးပွားရေး လုပ်ဖို့အတွက်လည်း ကွန်ပျူတာ Programming ကို ကိုယ့်ဘာသာ Self-Learning လုပ်ပြီး သင်ခဲ့တာလို့ ဆိုပါတယ်။ သူ့အသက် ၁၆ နှစ်မှာ ရှာနိုင်တဲ့ တစ်လစာဝင်ငွေဟာ မက္ကင်းနစ်တစ်ဦးဖြစ်တဲ့ သူ့အဖေထက် ပိုများခဲ့ပါတယ်။ အသက် ၁၈ နှစ်အရွယ်မှာဆို သူဟာ လူ ၂၅ ယောက်ကို စီမံခန့်ခွဲပြီး အလုပ်တွေ လုပ်နေပြီလည်းဖြစ်ပါတယ်။

 

ကိုယ့်ဒူးကိုယ်ချွန် မီလျံနာဘဝ။

Spotify မထောင်ခင် နှစ်တွေက ဒန်နီယယ်အဲ့ခ်ဘဝရဲ့ ဇာတ်ရှိန်လို့ ဆိုနိုင်ပါတယ်။ အဲ့ခ်ဟာ ဆယ်ကျော်သက်ကတည်းက လက်ဟောင်းဂစ်တာတွေနဲ့ ဗွီဒီယိုဂိမ်းတွေ လိုက်ဝယ်လေ့ ရှိပါတယ်။ နောက် Online Chat Room တွေကနေ Napster တည်ထောင်သူ ရှောင်ပါကားနဲ့ ခင်သွားခဲ့ပြီး ရှောင်ပါကားဟာ အဲ့ခ်တည်ထောင်ထားတဲ့ Spotify မှာ အစောဆုံး ရင်းနှီးမြှပ်နှံသူထဲက တစ်ယောက်လည်း ဖြစ်ပါတယ်။

ဒန်နီယယ်အဲ့လည်း တစ်လတစ်လ ဒေါ်လာ ၄-၅ သောင်းရှာရင်းနဲ့ပဲ အထက်တန်းကျောင်း ပြီးသွားခဲ့ပါတယ်။ နည်းပညာလောကထဲမှာ အထက်တန်းကျောင်းဆင်း ကောင်လေးတစ်ယောက်ဟာ ရာထူးကြီးကြီးနဲ့ ဦးဆောင်မှုတွေ စတင်လုပ်ဆောင်ခဲ့ပါတယ်။ eBay ကို ရောင်းလိုက်တဲ့ eCommerce ပလက်ဖောင်း Tradera အပါအဝင် ကုမ္ပဏီတချို့မှာ Leadership Role နဲ့ တာဝန်ယူခဲ့ပါတယ်။ ဖက်ရှင်နဲ့ ဆက်စပ်နေတဲ့ အွန်လိုင်းဂိမ်းကုမ္ပဏီ Stardoll မှာလည်း နည်းပညာအမှုဆောင်အရာရှိချုပ် CTO အနေနဲ့ပါ တာဝန်ယူခဲ့ပါတယ်။ သူကိုယ်တိုင်လည်း အွန်လိုင်းမားကတ်တင်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Advertigo တည်ထောင်နိုင်ခဲ့ပါတယ်။ Advertigo ကို ဆွီဒင်ဒီဂျစ်တယ်မားကတ်တင်းကုမ္ပဏီ TradeDoubler ဆီ ဒေါ်လာ ၁.၂၅ သန်းနဲ့ ရောင်းချတဲ့အချိန်မှာ သူ့အသက်က ၂၃ ပဲရှိသေးလို့ သိရပါတယ်။

 

Luxury Lifestyle နဲ့ အံမဝင်ခဲ့သူ။

ချမ်းချမ်းသာသာနဲ့ ဇိမ်ခံရုံဘဝကို ငြီးငွေ့တာက သူ့ရဲ့ ပင်ကိုယ်စရိုက်ဖြစ်လာခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်က New Yorker နဲ့ အင်တာဗျူးမှာ သူ့ရဲ့ သိပ်ချမ်းသာလွန်း ၊ ဇိမ်ကျလွန်းတဲ့ လူနေမှုပုံစံက သူ့ကို လုံးဝ စိတ်ဓါတ်ကျဆင်းစေခဲ့တယ်လို့ ဖြေခဲ့ပါတယ်။ အနားမှာရှိတဲ့ သူငယ်ချင်းတွေကလည်း တကယ့်မိတ်ဆွေစစ်တွေ မဖြစ်ခဲ့သလို ငွေကြေးအမှီအခိုကင်းတဲ့ဘဝကိုရပြီးတဲ့နောက် ဘာလုပ်ရမလဲဆိုတာ သူ့ကို ဘယ်သူမှ လာမသင်ပေးတော့ဘူးလို့ ဆိုပါတယ်။ ဒါကပဲ သူ့ကို နောက်ထပ်ပရောဂျက်ကြီးတစ်ခု စတင်ဖို့ လှုံ့ဆော်လိုက်တဲ့အချက်လို့ ဆိုပါတယ်။

Spotify အတွက် အိုင်ဒီယာရပုံက သူ့အွန်လိုင်းမိတ်ဆွေ ရှောင်ပါးကားရဲ့ အင်တာနက်ပေါ်က P2P ဖိုင် Sharing ဝန်ဆောင်မှုကနေ Inspire ရခဲ့တာလို့ ဆိုပါတယ်။ တကယ်က ဒီအိုင်ဒီယာကိုရတာ ၂၀၀၂ ကတည်းကဖြစ်ပြီး သူ့ခေါင်းထဲမှာ Spotify ဖြစ်လာမယ့် Music Streaming Service အိုင်ဒီယာက စွဲကပ်နေပြီးသားလို့ ဆိုရမှာပါ။ အဲ့ဒီအချိန်က Napster ဟာ ရပ်လိုက်ရပြီး မူပိုင်ခွင့်ချိုးဖောက်တဲ့ P2P Music ဝက်ဘ်ဆိုက် Kazaa က ကြီးစိုးသွားခဲ့တာကို သူ့စိတ်ထဲမှာ စဉ်းစားစရာတစ်ခုအဖြစ် ကျန်နေခဲ့ပါတယ်။ သူ့စိတ်ကူးက တရားဝင် Music Streaming Services ကို ဥပဒေနဲ့အညီ လုပ်ဆောင်သွားဖို့ပဲဖြစ်ပါတယ်။

ဒီလိုနဲ့ Spotify ကို သူနဲ့ စိတ်ကူးတူတဲ့ TradeDoubler တည်ထောင်သူ မာတင်လောရန့်ဇိုနဲ့ လက်တွဲကာ ၂၀၀၆ ခုနှစ်ထဲမှာပဲ ဆွီဒင်နိုင်ငံ စတော့ခ်ဟုမ်းမှာ စတင်တည်ထောင်ခဲ့ပါတယ်။ လုပ်ငန်းကို စတင်ကတည်းက ခိုးကူးတွေ မဖြစ်အောင် မူပိုင်ခွင့်နဲ့အညီ အသံသွင်းကုမ္ပဏီတွေနဲ့ တရားဝင် License သဘောတူညီမှုတွေ လုပ်ဆောင်ပြီး ကြော်ငြာကြည့်တဲ့သူတွေကို အခမဲ့သီချင်းနားထောင်ခွင့် ပေးခဲ့ပါတယ်။

သီချင်းတွေကို ကြော်ငြာမပါဘဲ ခံစားချင်သူတွေအတွက် တစ်လကို ၅ ဒေါ်လာကနေ ၁၅ ဒေါ်လာ ပေးဆောင်ပြီး နားဆင်နိုင်ပါတယ်။ Spotify တည်ထောင်ပြီး ၂ နှစ်အကြာမှာ နာမည်ကြီး ထိပ်တန်း တေးသံသွင်းတွေနဲ့ အနုပညာရှင်တွေဟာ ၎င်းတို့ရဲ့သီချင်းကို Spotify မှာ လွှင့်တင်ဖို့ သဘောတူလာပြီး အဲ့ခ်ကလည်း သူ့ပလက်ဖောင်းကို ဥရောပဈေးကွက်ထဲ ခြေချခဲ့ပါတယ်။ မြူးဇစ်နဲ့ ပတ်သက်လို့ နိုင်ငံတကာလိုင်စင်ရရေး အခက်တွေ့တာရယ် ၊ တေလာဆွစ်ဖ်လို နာမည်ကြီး အဆိုတော်တွေရယ်ရဲ့ Boycotts လှုပ်ရှားမှုတွေရယ် ၊ Apple လို ပြိုင်ဘက်သစ်တွေရယ်ကြောင့် အမေရိကန်ဈေးကွက်ကိုဖြန့်ဖို့ ၂ နှစ်ကျော်လောက် အချိန်ယူခဲ့ရပါတယ်။

အခုချိန်မှာတော့ Spotify ဟာ paid subscriber ပေါင်း ၁၈၈ သန်း အပါအဝင် တစ်လကို ပုံမှန် လစဉ်သုံးတဲ့ သုံးစွဲသူ ၄၃၃ သန်းနီးပါးနဲ့ ကမ္ဘာ့အကြီးဆုံး Music Streaming လုပ်ငန်းထဲက တစ်ခု ဖြစ်လာခဲ့ပါတယ်။ Spotify တည်ထောင်သူဖြစ်တဲ့ CEO ဒန်နီယယ် အဲ့ခ်ဟာလည်း လုပ်ငန်းမှာ ရှယ်ယာ ၁၈.၅% ပိုင်ဆိုင်တာကြောင့် ဒေါ်လာ ၈.၅ ဘီလျံလောက် ချမ်းသာနေပြီ ဖြစ်ပါတယ်။

<Unicode Version>

 

#soshwe

#soshwetech

#soshweforyourdailylife

#likeandshare

 

- Advertisement -

Must Read