HomeSportအီတလီ ဗဟိုနောက်ခံလူတဦးအတွက် အပြိုင်အဆိုင်ဖြစ်လာဦးမယ့် မန်စီးတီးနဲ့ ယူနိုက်တက်။

အီတလီ ဗဟိုနောက်ခံလူတဦးအတွက် အပြိုင်အဆိုင်ဖြစ်လာဦးမယ့် မန်စီးတီးနဲ့ ယူနိုက်တက်။

- Advertisement -

မန်ချက်စတာယူနိုက်တက်နဲ့ မန်စီးတီးအသင်းတို့ဟာ အင်တာမီလန် ဗဟိုနောက်ခံလူ အလက်ဆန်ဒရို ဘာစတိုနီကို ခေါ်ယူဖို့အတွက် ထိပ်တိုက်တွေ့ဆုံမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ၂၀၁၇ တုန်းက Atalanta BC ကနေ San Siro သို့ ဆယ်ကျော်သက်အရွယ်တုန်းက ရောက်ရှိလာခဲ့တဲ့ အသက် ၂၃ နှစ်အရွယ် အဆိုပါကစားသမားဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကစပြီး Nerazzurri နောက်တန်းရဲ့ အဓိကအစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ Bastoni ဟာ ကွန်တီလက်ထက် ၂၀၂၀ – ၂၀၂၁ ရာသီတုန်းက စီးရီးအေပွဲပေါင်း ၃၃  ပွဲ ကစားထားပြီး ၁ ဂိုးသွင်းယူခဲ့ကာ ၃ ဂိုးဖန်တီးမှု ပြုလုပ်ခဲ့ပါတယ်။

အစပိုင်းမှာတော့ Bastoni အနေနဲ့ အင်တာမီလန်နည်းပြဟောင်း အန်တိုနီယိုကွန်တီနဲ့ တော့တင်ဟမ်ဟော့စပါးမှာ ပြန်လည်ဆုံတွေ့ဖို့ ထင်ကြေးပေးမှုတွေ မြင့်တက်ခဲ့ပါတယ်။ Bastoni ရဲ့ အေးဂျင့် Tullio Tinti ကတော့ ၂၀၂၂ – ၂၀၂၃ ရာသီမတိုင်မီ “Bastoni ဟာ အင်တာမီလန်မှာ ဆက်ရှိနေမှာ သေချာပါတယ်။” ဆိုပြီး သတင်းထောက်များကို ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ “ သူက အင်တာမီလန်နဲ့ စာချုပ်သက်တန်း ကျန်ရှိနေပြီး အင်တာမီလန်မှာ ကစားရတာကို ပျော်နေသူတယောက် ဖြစ်ပါတယ်။ တကယ်လို့ သူ့ကိုခေါ်ယူဖို့ ညှိနှိုင်းလာမယ့် အသင်းတွေရှိလာခဲ့မယ်ဆိုရင်လည်း ကျွန်တော့်ဖက်က အဆင်သင့်ပါပဲ။ ” ဆိုပြီး ပြောကြားခဲ့ပါတယ်။

- Advertisement -

အရပ် ၆ ပေ ၃ လက်မရှိတဲ့ အဆိုပါဗဟိုခံစစ်ကစားသမားဟာ ၂၀၂၄ ခုနှစ်မှာ အလွတ်အေးဂျင့် ဖြစ်လာမည်ဖြစ်သောကြောင့် ကစားသမားအနေနဲ့ စာချုပ်သက်တမ်းတိုးဖို့ ငြင်းဆန်ပါက အင်တာမီလန်အသင်းအနေနဲ့ လာမည့်နှစ်မှာ ရောင်းချရဖွယ် ရှိပါတယ်။ Gazzetta dello Sport ရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်နဲ့ မန်စီးတီးတို့ဟာ ၂၀၂၃ ခုနှစ်မှာ Bastoni နဲ့ပတ်သက်ပြီး အင်တာမီလန်ရဲ့ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းလျက်ရှိကာ တော့တင်ဟမ်ဟော့စပါးအသင်းအနေနဲ့လည်း နောက်ကွယ်မှာ ရှိနေပါသေးတယ်။ ၎င်းရဲ့ လက်ရှိစာချုပ်သက်တမ်းမှာ ၂ နှစ်လောက်သာ ကျန်ရှိတော့ပြီး Bastoni ကိုခေါ်ယူရန် စိတ်ဝင်စားသူများအနေနဲ့ ပေါင်သန်း ၅၀ လောက်အထိ အသုံးပြုရဖွယ်ရှိကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

- Advertisement -

<Unicode Version>

- Advertisement -

 

#soshwe

#soshwesport

#soshweforyourdailylife

#likeandshare

- Advertisement -

Must Read