HomeLifeStyleအဲလစ်ဇဘတ်ဘုရင်မကြီး မကွယ်လွန်ခင် ပေးပို့ခဲ့တဲ့ နောက်ဆုံးစာတွေထဲကတစ်စောင်ကို လက်ခံရရှိခဲ့တဲ့ ကလေးမလေး။

အဲလစ်ဇဘတ်ဘုရင်မကြီး မကွယ်လွန်ခင် ပေးပို့ခဲ့တဲ့ နောက်ဆုံးစာတွေထဲကတစ်စောင်ကို လက်ခံရရှိခဲ့တဲ့ ကလေးမလေး။

- Advertisement -

ဩစတြေးလျနိုင်ငံ၊ ဝိတိုရိယပြည်နယ်မှာနေထိုင်တဲ့ အိုလီဗီယာ အဲကာလို့ခေါ်တဲ့ (၈) နှစ်အရွယ်သမီးလေးဟာ အဲလစ်ဇဘတ်ဘုရင်မကြီး မကွယ်လွန်မီ ဘုရင်မကြီးဆီ စာတစ်စောင်ရေးခဲ့ဖူးပါတယ်။ အဲဒီစာနဲ့အတူ အွန်လိုင်းဖန်စီဝတ်စုံ ပြိုင်ပွဲတစ်ခုအတွက် တော်ဝင်ဝတ်စုံစတိုင် ဝတ်ဆင်ပြီး မြင်းပုလေးပေါ် တက်စီးထားတဲ့ သူမရဲ့ပုံတွေကို ဇွန်လတုန်းက ပေးပို့ခဲ့ပါတယ်။

အိုလီဗီယာလေးဟာ Paddington Bear ဇာတ်ကောင်နဲ့အတူ တွေ့ရတဲ့ ဘုရင်မကြီးရဲ့ဗီဒီယို (ပလက်တီနမ်ရတုအတွက် အထူးသီးသန့်ဗီဒီယို) ကို ကြိုက်နှစ်သက်ပြီး ဘုရင်မကြီးက လိမ္မော်ယိုဆန်းဝှစ်ကို တကယ်စားတာလားလို့ စာထဲမှာ ရေးသားခဲ့ပါတယ်။ အိုလီဗီယာအနေနဲ့ စာပေးပို့ပြီးနောက် ဘုရင်မကြီးဆီက ပြန်စာရမှာလားလို့ပဲ သူ့မိခင်ကို မေးနေခဲ့ပါတယ်။

- Advertisement -

စက်တင်ဘာ ၉ ရက်နေ့မှာတော့ အိုလီဗီယာရဲ့မိသားစုက အိပ်ရာနိုးလာတော့ ဘုရင်မကြီး ကွယ်လွန်သွားပြီဆိုတဲ့သတင်းကို ကြားသိခဲ့ရပါတယ်။ ဘုရင်မကြီးဆီကပြန်စာကို ဘယ်တော့မှ မရနိုင်တော့ဘူးလို့ ထင်ခဲ့ကြပေမယ့် အိုလီဗီယာလေးက ဘုရင်မကြီးရဲ့ပြန်စာကို အဲဒီနေ့မှာပဲ လက်ခံရရှိခဲ့ပါတယ်။

- Advertisement -

- Advertisement -

Tallygaroopna စာတိုက်က အမျိုးသမီးတစ်ဦးက “သင်တို့ ဒီနေ့ အရမ်းထူးခြားတဲ့ စာတစ်စောင်ရရှိထားတယ်” လို့ အိုလီဗီယာတို့မိသားစုကို ပြောလာခဲ့ပါတယ်။ ဒီစာကို ဘုရင်မကြီးရဲ့ကိုယ်စား ရံရွေတော် အန်နာဘယ် ဝိုက်ဟတ်က လက်မှတ်ရေးထိုးပေးပို့ပေးခဲ့ပါတယ်။ ဘုရင်မကြီးက စာပေးပို့ခဲ့တဲ့အတွက်ကျေးဇူးတင်ကြောင်း၊ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲအတွက် ရွေးချယ်ခဲ့တဲ့ဝတ်စုံနဲ့ မြင်းပုလေး စီးထားတဲ့ပုံတွေကို စိတ်ဝင်စားကြောင်း၊ မြင်းစီးရတာကို အရမ်းပျော်နေတာမြင်ရတဲ့အတွက် ဘုရင်မကြီး ဝမ်းသာပီတီဖြစ်ရကြောင်း၊ ဘုရင်မကြီးဆီ စာရေးပေးခဲ့တဲ့အတွက်လည်း ထပ်ပြီးကျေးဇူးတင်ကြောင်း စာထဲမှာ ရေးသားထားပါတယ်။

ဒီစာကို ဩဂုတ်လ ၂၅ ရက်နေ့ ရက်စွဲနဲ့ ပေးပို့ခဲ့ခြင်းဖြစ်ပြီး အိုလီဗီယာတို့မိသားစုလည်း ဒီစာကို အခုလိုအချိန်မှ လက်ခံရရှိခဲ့တဲ့အတွက် မျက်ရည်ကျခဲ့ရပါတယ်။ ဒါက ဘုရင်မကြီး ရေးခဲ့တဲ့ နောက်ဆုံးစာတွေထဲက တစ်စောင်ဖြစ်ရမယ်လို့ သူတို့မှတ်ယူခဲ့ပါတယ်။ စာရောက်လာတဲ့အချိန်မှာ အိုလီဗီယာလေးက ကျောင်းမှာ ရှိနေခဲ့တာကြောင့် အမြန်သွားပေးခဲ့ရပြီး သူမရဲ့အတန်းဖော်တွေအားလုံးကလည်း ဘုရင်မကြီးရဲ့စာကို ကြည့်ရှုခွင့်ရခဲ့ပါတယ်။ အိုလီဗီယာက ဒီစာကို သူ့ရဲ့ဘဝတစ်လျှောက်လုံး တန်ဖိုးထားသွားမှာ သေချာပါတယ်လို့ သူမရဲ့မိခင်ဖြစ်သူ နာတာလီ အဲကာက ဆိုပါတယ်။

<Unicode Version>

 

#soshwe

#soshwelifestyle

#soshweforyourdailylife

#likeandshare

- Advertisement -

Must Read