HomeOtherAnimalsထူးထူးခြားခြားတွေ့မြင်ခဲ့ရတဲ့ ဦးခေါင်းကိုဖောက်ထွင်းမြင်ရတဲ့ ပင်လယ်ငါး။

ထူးထူးခြားခြားတွေ့မြင်ခဲ့ရတဲ့ ဦးခေါင်းကိုဖောက်ထွင်းမြင်ရတဲ့ ပင်လယ်ငါး။

- Advertisement -

ဖောက်ထွင်းမြင်ရတဲ့ ဦးခေါင်းနဲ့ ငါးကို မြင်ဖူးကြပါသလား ? ? ? အဲ့လိုငါးမျိုးကို ပင်လယ်ရေနက်ပိုင်းမှာ မြင်တွေ့ရနိုင်ပြီး the barreleye ငါး ၊ သိပ္ပံနာမည် – Macropinna microstoma လို့ ခေါ်ပါတယ်။ ဦးခေါင်းအတွင်းမှာ စူထွက်နေတဲ့ အစိမ်းရောင်မျက်လုံးတစ်စုံကို အထင်သား တွေ့မြင်ရမှာဖြစ်ပါတယ်။

ထူးခြားတဲ့ပုံသဏ္ဌန်နဲ့ စွဲမက်ဖွယ်ကောင်းတဲ့ အဆိုပါငါးဟာ ပင်လယ်ရေအောက်အနက် မီတာ ၆၀၀ – ၈၀၀ မှာ ကျင်လည်ကျက်စားလေ့ရှိပါတယ်။ ဒီငါးဟာ နေရောင်နဲ့ ဇီဝဖြာထွက်မှုအကြား ခွဲခြားသိနိုင်လို့ ဖုံးကွယ်ဖို့ ကြိုးစားနေတဲ့ တိရစ္ဆာန်အားလုံးရဲ့အရိပ်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်တယ်လို့ ကယ်လီဖိုးနီးယားပြည်နယ်ရှိ The Monterey Bay Aquarium Research Institute ရဲ့ပင်လယ်ရေနက်ပိုင်းဇီဝဗေဒပညာရှင် ဘရု ရိုဘီဆန်က ဆိုပါတယ်။

- Advertisement -

- Advertisement -

ရိုဘီဆန်တို့ရဲ့အဖွဲ့ဟာ အဆိုပါငါးရဲ့ မျက်လုံးတွေ လှည့်နိုင်တယ်ဆိုတာကိုလည်း အဝေးထိန်းယာဉ်ရဲ့ ကင်မရာကတဆင့် စောင့်ကြည့်ရင်း တွေ့ရှိခဲ့ရပါတယ်။ မျက်လုံးတွေလှည့်နိုင်တာကြောင့် ရေထဲက သားကောင်တွေကို သူ့ရဲ့ပါးစပ်ရှေ့နားရောက်တဲ့အထိ ခြေရာခံနိုင်လို့ သိရပါတယ်။ ရိုဘီဆန်က သူ့ရဲ့လုပ်သက် နှစ် (၃၀) အတွင်း the barreleye ငါးကို (၈) ခါလောက်ပဲ မြင်ဖူးခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

- Advertisement -

<Unicode Version>

 

#soshwe

#soshweanimal

#soshweforyourdailylife

#likeandshare

- Advertisement -

Must Read