HomeHealth & Beautyပူစီနံရွက်ရဲ့ ကျန်းမာရေးနဲ့ အလှအပဆိုင်ရာ အကျိုးကျေးဇူးများ။

ပူစီနံရွက်ရဲ့ ကျန်းမာရေးနဲ့ အလှအပဆိုင်ရာ အကျိုးကျေးဇူးများ။

ပူစီနံရဲ့ ရောင်ရမ်းတာကို တွန်းလှန်ပေးတဲ့ဂုဏ်သတ္တိက ပြတ်ရှတာ၊ ဒဏ်ရာရတာ၊ ခြင်ကိုက်ရာနဲ့ အရေပြားယားယံတာတွေကို ကုသတဲ့နေရာမှာ ကူညီပေးပါတယ်။ ပူစီနံရွက်ကို ကြိတ်ပြီးရလာတဲ့အရည်ကို ဒဏ်ဖြစ်တဲ့အရေပြားမှာ လိမ်းလိုက်ရမှာဖြစ်ပါတယ်။

- Advertisement -

ပူစီနံရွက်က မျက်နှာသစ်ဆေး၊ Moisturiser နဲ့ Lotion တွေလို အလှအပထုတ်ကုန်တွေ ထုတ်လုပ်တဲ့အခါ အရေးပါတဲ့ ပါဝင်ပစ္စည်းတစ်ခုဖြစ်ပြီး အရေပြားကျန်းမာရေးအတွက် ကောင်းကျိုးပေးတဲ့ အာဟာရဓာတ်တွေ ပြည့်ဝနေပါတယ်။ ပူစီနံရွက်ရဲ့ အန်တီဘတ်တီးရီးရယ်ဂုဏ်သတ္တိတွေက မျက်နှာသစ်ဆေး၊ တိုနာနဲ့ Moisturiser တွေလို လုပ်ဆောင်ပေးနိုင်ပါတယ်။ Soshwe စာဖတ်ပရိသတ်တွေမသိသေးတဲ့ ပူစီနံရွက်ရဲ့ အလှအပအကျိုးကျေးဇူးတွေကို ဒီဆောင်းပါးကနေတဆင့် မျှဝေပေးလိုက်ရပါတယ်။

 

- Advertisement -

၁။ ဝက်ခြံကုသပေးခြင်း။

- Advertisement -

ပူစီနံရွက်က အရေပြားမှာ သိုဝှက်ထားတဲ့ Sebum အဆီတွေကို ထိန်းချုပ်ပေးတဲ့ ဆလီဆလစ်အက်စစ် (salicylic acid) နဲ့ ဗီတာမင်အေဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ အဆီပြန်သူတွေအနေနဲ့ ဝက်ခြံပိုပြီး ပေါက်လွယ်ပါတယ်။ ပူစီနံရွက်ရဲ့ဘတ်တီးရီးယားနဲ့ မှိုတွေကို တိုက်ဖျက်တွန်းလှန်ပေးတဲ့ ဓာတ်တွေက အသားအရေရောင်ရမ်းတာကို ကာကွယ်ပေးပြီး ဝက်ခြံကိုလည်း ကုသပေးပါတယ်။ ဘာအရောအနှောမှမပါဘဲ ပူစီနံရွက်ကြိတ်ထားတဲ့အနှစ်ကို ဝက်ခြံပေါ်လိမ်းထားလိုက်ပြီး ခြောက်သွားတဲ့အထိ ၁၅ မိနစ်လောက် အချိန်ပေးလိုက်ခြင်းဖြင့် ဝက်ခြံအမာရွက်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

- Advertisement -

 

၂။ ဒဏ်ရာတွေကို ကုသပေးခြင်း။

ပူစီနံရဲ့ ရောင်ရမ်းတာကို တွန်းလှန်ပေးတဲ့ဂုဏ်သတ္တိက ပြတ်ရှတာ၊ ဒဏ်ရာရတာ၊ ခြင်ကိုက်ရာနဲ့ အရေပြားယားယံတာတွေကို ကုသတဲ့နေရာမှာ ကူညီပေးပါတယ်။ ပူစီနံရွက်ကို ကြိတ်ပြီးရလာတဲ့အရည်ကို ဒဏ်ဖြစ်တဲ့အရေပြားမှာ လိမ်းလိုက်ရမှာဖြစ်ပါတယ်။

 

၃။ အသားရေကို ရေဓာတ်ဖြည့်ပေးခြင်း။

ပူစီနံရွက်က အသားရေကို သဘာဝအလျောက် ကြည်လင်စေပါတယ်။ ချွေးပေါက်အညစ်အကြေးတွေကို ဖယ်ရှားပေးပြီး အရေပြားကို ရေဓာတ်ပြည့်ဝစေပါတယ်။ အရေပြားမှာ သွေးလည်ပတ်မှုကို ကောင်းစေတဲ့အပြင် မျက်နှာမှာ အရေးအကြောင်းတွေ ဖြစ်မလာအောင်လည်း ကာကွယ်ပေးပါတယ်။ ပူစီနံရွက်အနှစ်ကို မျက်နှာမှာလိမ်းလိုက်ပြီး သန့်စင်တဲ့ရေနဲ့ မဆေးကြောခင် မိနစ် ၂၀ (သို့) ၂၅ မိနစ်လောက် ထားလိုက်ရမှာ ဖြစ်ပါတယ်။

 

၄။ မျက်ကွင်းညိုတာကို သက်သာစေခြင်း။

ပူစီနံရွက်ရဲ့ အန်တီအောက်စီဒန့်က မျက်ကွင်းညိုတာတွေကို သက်သာအောင် ကူညီပေးနိုင်ပါတယ်။ လုပ်ရမယ့်နည်းကတော့ လွယ်ကူရိုးရှင်းပါတယ်။ ပူစီနံရွက်ကို ကြိတ်ချေပြီး ရလာတဲ့အနှစ်ကို မျက်ကွင်းညိုတဲ့နေရာမှာလိမ်းပြီး တစ်ညလုံး ဒီအတိုင်းထားလိုက်ခြင်းဖြင့် မျက်လုံးအောက်က ညိုနေတဲ့အသားရေကို လျော့ပါးသွားစေမှာဖြစ်ပါတယ်။

 

၅။ အသားရေကို ကြည်လင်ဝင်းပစေခြင်း။

ပူစီနံရွက်က အသားရေကို အမဲစက်တွေဖြစ်မလာအောင် ကာကွယ်ပေးနိုင်တဲ့ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ နေရောင်ခြည်ထိတွေ့မှုကြောင့် ဖြစ်ပေါ်လာတဲ့ အသားရေပျက်စီးမှုကိုလည်း သက်သာစေပါတယ်။ အပြစ်အနာဆာကင်းပြီး ကြည်လင်ဝင်းပတဲ့အသားရေကို ရချင်ရင်တော့ ပူစီနံရွက်အရည်ကို မွဲခြောက်တဲ့အသားရေမှာ လိမ်းပေးလို့ရပါတယ်။ တစ်လကို တစ်ကြိမ်လောက် သင့်အသားရေမှာ လိမ်းပေးနိုင်ပါတယ်။

<Unicode Version>

 

#soshwe

#soshwehealthandbeauty

#soshweforyourdailylife

#likeandshare

- Advertisement -

Must Read