HomeHome & Propertyဒူဘိုင်းမှာ တည်ဆောက်နေတဲ့ ဒေါ်လာ ၅ ဘီလျံတန် လကမ္ဘာပုံ အပန်းဖြေစခန်း။

ဒူဘိုင်းမှာ တည်ဆောက်နေတဲ့ ဒေါ်လာ ၅ ဘီလျံတန် လကမ္ဘာပုံ အပန်းဖြေစခန်း။

- Advertisement -

ဒူဘိုင်းမှာ တည်ဆောက်နေတဲ့ နောက်ထပ်အဆောက်အဦတစ်ခုက ကောင်းကင်ပေါ်ကလအတိုင်း ပုံစံတူ ဇိမ်ခံအပန်းဖြေ Resort တစ်ခုပဲ ဖြစ်ပါတယ်။ ဒီအပန်းဖြေဟိုတယ်ဟာ ဒူဘိုင်းမြို့တော်ရဲ့ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ဆောင်မှု ၊ ဖျော်ဖြေရေး ၊ ဧည့်သည်ဆွဲဆောင်ရေး ၊ ပညာရေး ၊ နည်းပညာ ၊ သဘာဝပတ်ဝန်းကျင်နဲ့ အာကာသခရီးသွားလာရေးဆိုင်ရာ စီးပွားရေးကဏ္ဍကိုပါ တိုးတက်လာစေနိုင်တယ်လို့ မျှော်လင့်ထားပါတယ်။

Arabian Business သတင်းအရ “ဒူဘိုင်းမှာ ခရီးသွားလာအပန်းဖြေရေးပုံစံအနေနဲ့ ဒေါ်လာ ၅ ဘီလျံ (ယူအေအီး ဒါဟမ် ၁၈ ဘီလျံ) လပုံစံအဆောက်အဦးတစ်ခု ရှိလာပါလိမ့်မယ်။ ကနေဒီယန် ဗိသုကာကုမ္ပဏီနဲ့ ဉာဏမူပိုင်ခွင့်ဆိုင်ရာ လိုင်စင်ရလုပ်ငန်း Moon World Resorts Inc က ပုံဖော်သွားမယ်လို့ သိရပါတယ်။ ဆန်ဒရာ ဂျီ မက်သရူးစ်နဲ့ မိုက်ကယ် အာ ဟန်ဒါဆန်တို့ ပူးပေါင်းတည်ထောင်ထားတဲ့ ဒီ Resort ကို ၄ နှစ်အတွင်း တည်ဆောက်သွားမှာဖြစ်ပြီး အပန်းဖြေစခန်းအမြင့်ကတော့ ၇၃၅ ပေ (၂၂၄ မီတာ) အထိ ရှိလာပါလိမ့်မယ်။” လို့ ဖော်ပြထားပါတယ်။

- Advertisement -

ယူအေအီးနိုင်ငံအနေနဲ့ ၂၀၂၂ ၊ ပထမနှစ်ဝက်အတွင်းမှာတင် ခရီးသွားလာရေးဝင်ငွေကနေ ဝင်ငွေ ဒေါ်လာ ၅ ဘီလျံကျော် ရရှိထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။ ၂၀၂၁ ခုနှစ်က COVID ကူးစက်မှုတွေ ဖြစ်နေချိန်အတွင်း ဟိုတယ်ခန်းတွေဟာ ၄၀% ကျော် ပြည့်နေခဲ့တယ်လို့ ယူအေအီး ဝန်ကြီးချုပ်နဲ့ ဒူဘိုင်းကို အုပ်ချုပ်တဲ့ မင်းသားရှိတ်ခ်မိုဟာမက် ဘင် ရာဆစ်အယ်လ် မက်ခ်တောင်မ်က အဘူဒါဘီမြို့တော်မှာ ကျင်းပတဲ့ ဝန်ကြီးများအစည်းအဝေးအပြီးမှာ ပြောကြားခဲ့ပါတယ်။

- Advertisement -

- Advertisement -

“ကျွန်တော်တို့ရဲ့ ခရီးသွားလာရေးကဏ္ဍဝင်ငွေဟာ ၂၀၂၂ ခုနှစ် ပထမနှစ်ဝက်အတွင်းမှာ ဒါဟမ် ၁၉ ဘီလျံ (ဒေါ်လာ ၅.၂ ဘီလျံ) ကျော် ရခဲ့ပါတယ်။ ဟိုတယ်ဧည့်သည်စုစုပေါင်း အရေအတွက်ဟာ ၁၂ သန်းအထိ ရောက်ရှိလာပြီး နှစ်အလိုက်ဖွံ့ဖြိုးမှု ၄၂% ရှိလာပါတယ်။ ဒီနှစ်ဆောင်းရာသီမှာ ခရီးသွားလာရေးတွေ ပိုအားကောင်းမယ်လို့ မျှော်လင့်ထားပါတယ်။” လို့လည်း ရှိတ်ခ်မိုဟာမက်က ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

၂၀၂၂ ခုနှစ် နိုဝင်ဘာနဲ့ ဒီဇင်ဘာလထဲမှာ ယူအေအီးနဲ့ အိမ်နီးချင်း ကာတာနိုင်ငံဟာ ကမ္ဘာ့ဖလားပွဲကို အိမ်ရှင်အဖြစ် ဧည့်ခံကျင်းပတော့မှာဖြစ်ပြီး တစ်ကမ္ဘာလုံးက ဘောလုံးဝါသနာအိုးတွေ သန်းနဲ့ချီ လာရောက်လည်ပတ်မှာလည်း ဖြစ်ပါတယ်။ ဒူဘိုင်းမြို့တော်ဟာ ကာတာကမ္ဘာ့ဖလားကို အကြောင်းပြုပြီး ကမ္ဘာလှည့်ခရီးသွားသိန်းနဲ့ချီ ဝင်ရောက်လာဖို့ မျှော်လင့်ထားပါတယ်။ ဒူဘိုင်းလေဆိပ်ဟာ ကပ်ရောဂါဘေးမတိုင်ခင် နိုင်ငံတကာခရီးသွားလာရေးမှာ ကမ္ဘာ့အလုပ်အများဆုံးလေဆိပ်ဖြစ်ခဲ့ပြီး ၂၀၂၂ ၊ နှစ်ဝက်အတွင်းမှာလည်း ခရီးသည် ၂၇.၈ သန်းကို ဝန်ဆောင်မှုပေးခဲ့ရတယ်လို့ ဆိုပါတယ်။

မက်သရူးစ်နဲ့ ဟန်ဒါဆင်တို့ရဲ့ အဆိုအရ Moon Dubai ဟာ အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိကဒေသတွင်း ခေတ်သစ်ခရီးသွားရေးစီမံကိန်းထဲမှာ အကြီးဆုံးနဲ့ အအောင်မြင်ဆုံးအဆောက်အဦ ဖြစ်လာမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

<Unicode Version>

 

#soshwe

#soshwehomeandproperty

#soshweforyourdailylife

#likeandshare

- Advertisement -

Must Read