HomeTechဂြိုလ်တုဆက်သွယ်ရေးစနစ် ပါဝင်လာတော့မယ့် ကမ္ဘာကျော်စမတ်ဖုန်းအမျိုးအစားတမျိုး။

ဂြိုလ်တုဆက်သွယ်ရေးစနစ် ပါဝင်လာတော့မယ့် ကမ္ဘာကျော်စမတ်ဖုန်းအမျိုးအစားတမျိုး။

- Advertisement -

iPhone 14 အသစ်တွေနဲ့အတူ ဂြိုလ်တုဆက်သွယ်ရေးနည်းပညာပါတဲ့ အရေးပေါ် Feature တစ်ခုပါလာခဲ့တာက စမတ်ဖုန်းလောကအတွက် အသစ်လိုဖြစ်လာပါတယ်။ Satellite Connectivity လုပ်ဆောင်ချက်ကို စမတ်ဖုန်းတွေမှာ Huawei က ပထမဆုံးအသုံးပြုခဲ့တာဖြစ်ပြီး Apple ကလည်း iPhone 14 စီးရီးသစ်နဲ့ ဂြိုလ်တုဆက်သွယ်ရေးစနစ်ကို စတင်အသုံးပြုလာပါတယ်။ Samsung ကုမ္ပဏီကလည်း ခေတ်နဲ့အညီ Galaxy စမတ်ဖုန်းတွေမှာ Satellite Connectivity လုပ်ဆောင်ချက် ထည့်သွင်းဖို့ စီစဉ်နေတယ်ဆိုပြီး ဖုန်းနဲ့ပတ်သက်တဲ့သတင်းတွေ ထုတ်ပြန်တတ်တဲ့ Ricciolo က ဆိုပါတယ်။

iPhone ရဲ့ ဂြိုလ်တုဆက်သွယ်ရေးစနစ်က လာမယ့်နိုဝင်ဘာလအထိ အမေရိကန်နဲ့ ကနေဒါနိုင်ငံတွေမှာပဲ အသုံးပြုနိုင်ဦးမှာဖြစ်သလို Huawei Mate 50 စီးရီးကလည်း နိုင်ငံတကာဈေးကွက်ထဲ မဝင်သေးပါဘူး။ iPhone ဂြိုလ်တုဆက်သွယ်ရေးကတော့ ၂၀၂၃ ခုနှစ်အတွင်း တခြားနိုင်ငံတွေမှာ အသုံးပြုနိုင်အောင် လုပ်ဆောင်တော့မယ်လို့ သိရပါတယ်။ Apple ရဲ့ ဂြိုလ်တုကနေတစ်ဆင့် အရေးပေါ် SOS မက်ဆေ့ချ်ပို့နိုင်မယ့် နည်းပညာဟာ iPhone 14 ဝယ်သူတွေအတွက် (၂) နှစ်အထိ အခမဲ့ရရှိနေမှာဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ အခကြေးငွေနဲ့ပေးသုံးရဖို့ ရှိပါတယ်။

- Advertisement -

ဂြိုလ်တုသုံးပြီး Emergency SOS စနစ်နဲ့ စာပို့တဲ့နည်းပညာဟာ ဆယ်လူလာနဲ့ WiFi လိုင်းမမိတဲ့ နေရာမျိုးမှာ အရေးပေါ် အသုံးပြုနိုင်အောင် စီစဉ်ထားတာ ဖြစ်ပါတယ်။ iPhone နဲ့ ဂြိုလ်တုတစ်ခု ချိတ်ဆက်မိသွားတာနဲ့ WiFi နဲ့ ဆယ်လူလာလိုင်းမရှိလည်း အရေးပေါ်ဝန်ဆောင်မှုတွေ ခေါ်ဆိုနိုင်တော့မှာ ဖြစ်ပါတယ်။ ဂြိုလ်တုဆက်သွယ်ရေးစနစ်ဟာ Find My ကနေတစ်ဆင့် မိသားစုနဲ့ မိတ်ဆွေတွေကို ကိုယ်ရှိနေတဲ့ တည်နေရာအကြောင်း Share လို့ ရနိုင်တော့မှာ ဖြစ်ပါတယ်။

- Advertisement -

ဒီနည်းပညာဟာ ဂြိုလ်တုနဲ့ ချိတ်ဆက်ဖို့ အချိန်ယူရတာဖြစ်လို့ ဂြိုလ်တုနဲ့ ချိတ်ဆက်ဖို့ လိုင်းရှာနေတုန်းမှာပဲ iPhone အသုံးပြုသူတွေကို မေးခွန်းတချို့ မေးမြန်းသွားမယ်လို့ သိရပါတယ်။ Apple ဟာ ဆက်သွယ်မှုကို ပိုမြန်ဆန်စေဖို့ စာသားမက်ဆေ့တွေကို သုံးဆပိုသေးစေမယ့် Compression Algorithm တစ်ခု ဖန်တီးထားပါတယ်။ ဂြိုလ်တုဆက်သွယ်ရေးကို Crash Detection လို့ခေါ်တဲ့ ယာဉ်တိုက်မှုကို အလိုအလျောက်သိနိုင်မယ့် နည်းပညာနဲ့လည်း တိုက်ရိုက် ပေါင်းစပ်ထားပါတယ်။

- Advertisement -

Apple ကတော့ စမတ်ဖုန်းတွေမှာ အသုံးပြုမယ့် ဂြိုလ်တုဆက်သွယ်ရေးပိုင်းကို အတော်လေး မျှော်လင့်ထားပုံရပါတယ်။ ဒီနည်းပညာကို ဈေးကွက်တွေထဲမှာ တိုးချဲ့သွားမှာဖြစ်သလို ဂြိုလ်တုဆက်သွယ်ရေး အခြေခံအဆောက်အဦပိုင်းကို မြှင့်တင်ဖို့အတွက်လည်း ဒေါ်လာသန်း ၄၅၀ သုံးစွဲသွားမယ်လို့ ကတိပြုထားပါတယ်။ လက်ရှိ Apple နဲ့ ဂြိုလ်တုဆက်သွယ်ရေးနည်းပညာပိုင်းမှာ Globalstar ကုမ္ပဏီက ဂြိုလ်တုဝန်ဆောင်မှုပိုင်း ထိန်းသိမ်းခြင်းနဲ့ တိုးချဲ့ရေးအတွက် တာဝန်ယူထားပါတယ်။

နာမည်ကျော် Starlink ဂြိုလ်တုကုမ္ပဏီ SpaceX သူဌေး အီလွန်မတ်စ်ကလည်း Apple အမှုဆောင်အရာရှိတွေနဲ့ တွေ့ဆုံပြီး Starlink ဂြိုလ်တုဆက်သွယ်ရေးစနစ် အသုံးပြုဖို့ ဆွေးနွေးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီဆွေးနွေးမှုကနေလည်း အလားအလာကောင်းပြီး ကတိကဝတ်တချို့ပါတဲ့ ဆွေးနွေးမှုအဖြစ် ပြောင်းလဲနိုင်ခဲ့တယ်လို့ အီလွန်မတ်စ်က ဆိုပါတယ်။ SpaceX ဟာ အမေရိကန် တယ်လီကွန်းကုမ္ပဏီ T-Mobile နဲ့လည်း လာမယ့်နှစ်ထဲမှာ T-Mobile ကွန်ရက်သုံး စမတ်ဖုန်းတွေအတွက် ဂြိုလ်တုဆက်သွယ်ရေးဝန်ဆောင်မှုပေးဖို့ စီစဉ်နေပါတယ်။ ၂၀၂၃ ကစပြီး စမတ်ဖုန်းတွေမှာ ဂြိုလ်တုဆက်သွယ်ရေးနည်းပညာ ပါလာတော့မယ်ဆိုတာ အံ့ဩစရာကိစ္စတော့ မဟုတ်ပါဘူး။

<Unicode Version>

 

#soshwe

#soshwetech

#soshweforyourdailylife

#likeandshare

 

- Advertisement -

Must Read