HomeSportအစာအဆိပ်သင့်မှုဖြစ်ပွားခဲ့တဲ့ ယူနိုက်တက်ကစားသမားများ။

အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့တဲ့ ယူနိုက်တက်ကစားသမားများ။

- Advertisement -

Europa League အဖွင့်ပွဲစဉ်အဖြစ် ရီးရဲလ်ဆိုစီဒက်ကို အိမ်ကွင်းမှာ 1-0 နဲ့ ရှုံးနိမ့်ပြီးနောက် Erik ten Hag နဲ့ အသင်းသားတွေဟာ မော်လ်ဒိုဗာချန်ပီယံများနှင့် ယှဉ်ပြိုင်နိုင်ဖို့အတွက် လမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရန် ကြိုးပမ်းခဲ့ပါတယ်။ ဘုရင်မကြီး အဲလိဇဘက် ၂ ကွယ်လွန်ခြင်းနှင့်အတူ တိုင်းပြည်တွင်း ကစားပွဲ ရွှေ့ဆိုင်းမှုများနဲ့အတူ ယူနိုက်တက်အသင်းအနေနဲ့ အနားယူချိန် တပတ်အပိုရရှိခဲ့ပါတယ်။

Ten Hag အနေနဲ့ Europa League ၊ Group E ပွဲစဉ်အတွက် အကောင်းဆုံး ကစားသမား (၁၁) ယောက်ကို ထုတ်သုံးခဲ့ပြီး ဂျာဒွန် ဆန်ချိုနဲ့ ခရစ္စတီယာနို ရော်နယ်ဒိုတို့ရဲ့ သွင်းဂိုးတွေနဲ့ ဇီဘရူကွင်းမှာ မန်ယူက 2-0 နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ရဲတပ်ဖွဲ့ အရေအတွက် အလုံအလောက်မရှိတဲ့အတွက်ကြောင့် ဝက်စ်မင်စတာ အက်ဘီမှာ ကျင်းပမယ့် ဘုရင်မကြီးရဲ့ နိုင်ငံတော်ဈာပနကို ဦးစားပေးတပ်ဖွဲ့များဖြင့်သာ စီစဉ်ပြုလုပ်ရန် ပြင်ဆင်ထားပြီး ယူနိုက်တက်အသင်းအနေနဲ့လည်း လိဒ်ယူနိုက်တက်နှင့် ပရီးမီးယားလိဂ်ပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့ရပါတယ်။ Ten Hag ရဲ့အသင်းဟာ အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့သည်ဟု The Sun က ဖော်ပြခဲ့တာကြောင့် လိဒ်ယူနိုက်တက်အသင်းနဲ့ ထိပ်တိုက်တွေ့ဆုံမှုအား ရွှေ့ဆိုင်းခြင်းဟာ သရဲနီများအတွက် အသွင်ဆောင်သည့် ကောင်းချီးတစ်ခုဖြစ်လာခဲ့ပါတယ်။

- Advertisement -

ပြီးခဲ့တဲ့သောကြာနေ့က ကစားသမားများဟာ Chisinau မှပြန်လာပြီးနောက် အစာအဆိပ်သင့်တဲ့ ရောဂါလက္ခဏာများကို ခံစားခဲ့ရပြီး အသင်းသားစုစုပေါင်း (၁၂) ယောက်အထိ ဝေဒနာခံစားနေရတယ်လို့ သိရပါတယ်။ ယူနိုက်တက်အသင်းအနေနဲ့ ကစားသမားများ ရောဂါခံစားရပုံကို ရှာဖွေဖော်ထုတ်ရန် ကြိုးပမ်းနေပြီး Chisinau မှာ ဖြစ်ပွားခဲ့ခြင်း ဒါမှမဟုတ် မန်ချက်စတာသို့ သီးသန့်ပြန်လာတဲ့ လေယာဉ်ပေါ်မှာ ဖြစ်ပွားခဲ့ခြင်း စသဖြင့် ဖြစ်နိုင်သမျှ အကြောင်းအရင်းတွေကို ရှာဖွေဖော်ထုတ်လျက်ရှိပါတယ်။ Ten Hag အနေနဲ့ အသင်းသားအချို့ဟာ အစာအဆိပ်သင့်ခြင်းကြောင့် လေ့ကျင့်ရေးနှစ်ရက် ပျက်ကွက်ခဲ့တာကို နားလည်ပေးထားပြီး အချို့ကို စနေနေ့မှာ ပြန်လည်လေ့ကျင့်ရန် မီးစိမ်းပြထားကာ နိုင်ငံလက်ရွေးစင်ကစားသမားများကို အတင်းအကြပ် ထုတ်ပစ်ခြင်းမျိုးမရှိဘူးလို့ သိရပါတယ်။

- Advertisement -

<Unicode Version>

- Advertisement -

 

#soshwe

#soshwesport

#soshweforyourdailylife

#likeandshare

- Advertisement -

Must Read