HomeBanking & Financeသင့်ရဲ့အသုံးစရိတ်ကို မထိခိုက်စေတဲ့ အကောင်းဆုံးငွေစုနည်းလမ်းများ။

သင့်ရဲ့အသုံးစရိတ်ကို မထိခိုက်စေတဲ့ အကောင်းဆုံးငွေစုနည်းလမ်းများ။

- Advertisement -

ငွေကြေးထိန်းသိမ်းပုံနဲ့ပတ်သက်ပြီး လူတော်တော်များများက လိုအပ်ချက်တွေ ရှိနေတုန်းပါ။ လူအများစုဟာ ၎င်းတို့ရဲ့ဝင်ငွေနဲ့ ထွက်ငွေမညီမျှတာကြောင့် ငွေစုဖို့ဆိုတာ တကယ့်ကိုဝေးကွာလွန်းတဲ့ အနေအထားတစ်ခုလို ဖြစ်နေတတ်ပါတယ်။  တစ်လတာ ဝင်ငွေနဲ့ထွက်ငွေ လုံလောက်ရုံသာမက  ပိုမိုကောင်းမွန်တဲ့ဘဝအတွက် ငွေစုဆောင်းနိုင်ဖို့ နည်းလမ်းတချို့ကို ဝေမျှပေးလိုက်ပါတယ်။

 

၁။ 20/80 method

- Advertisement -

ဒီနည်းလမ်းကိုလုပ်ဆောင်ဖို့ သင်လိုက်နာရမယ့် အချက်တွေရှိပါတယ်။ ဒါကတော့ သင့်မှာရှိနေတဲ့ ကြွေးမြီတွေအားလုံးကိုဆပ်ပြီး လုပ်ငန်းတစ်ခုမှာ ရင်းနှီးမြှုပ်နှံတာ ဒါမှမဟုတ် သင့်လစာရဲ့ ၂၀% ကို စုဆောင်းပါ။ ကျန် ၈၀% ကိုတော့ သင်လိုအပ်တဲ့ နေရာတွေမှာ သုံးစွဲပါ။ တကယ်လို့ ၂၀% က အရမ်းများနေတယ်ဆိုရင် ၁၀% သို့ ၅% ကနေစတင်သင့်ပြီး ဒါက သင့်အတွက် အလေ့အကျင့်တစ်ခု မွေးမြူရန်နဲ့ ကနဦး ရန်ပုံငွေဖန်တီးနိုင်ဖို့ ကူညီပေးမှာဖြစ်ပါတယ်။

- Advertisement -

 

၂။ 60/10/10/10/10/ method

ဒီနည်းလမ်းကတော့  သင့်ရဲ့အဓိကအသုံးစရိတ်အတွက် ၆၀%၊ အလုပ်ကအနားယူသွားတဲ့အချိန်အတွက် ကြိုတင်ပြီးစုဆောင်းငွေ ၁၀%၊ ငွေကြေးအများကြီးပေးဝယ်ရတဲ့ ပစ္စည်း ဥပမာ- အိမ်၊ ကား စတဲ့ပစ္စည်းတွေဝယ်ယူဖို့အတွက် ငွေ ၁၀%၊ ရှားပါးအသုံးစရိတ်အတွက် ငွေ ၁၀%၊ ဖျော်ဖြေရေးအတွက် ၁၀% စသဖြင့် ခွဲထုတ်ရမှာဖြစ်ပါတယ်။ သင့်ရဲ့အဓိကအသုံးစရိတ်ဆိုတာကတော့  အစားအသောက်၊ အသုံးအဆောင်၊ သယ်ယူပို့ဆောင်ရေးနဲ့ အဝတ်အထည်တွေကို ဆိုလိုပါတယ်။ ရှားပါးအသုံးစရိတ်ဆိုတာက နေမကောင်းဖြစ်တဲ့အခါ ဆရာဝန်ဆီသွားတာ၊ ကားပြုပြင်တာ၊ တစ်စုံတစ်ယောက်ကို လက်ဆောင်ပေးတာ စတာတွေကို ဆိုလိုပါတယ်။ တကယ်လို့ သင့်မှာအကြွေးတွေရှိနေတယ်ဆိုရင်တော့ အလုပ်နားတဲ့အချိန်အတွက် ရည်ရွယ်ထားတဲ့ပိုက်ဆံ ၁၀% ကို အကြွေးဆပ်ပြီးမှ စုဆောင်းသင့်ပါတယ်။

 

၃။ 10% method

ဒီရိုးရှင်းတဲ့နည်းလမ်းကတော့ သင့်ရဲ့လစာထဲက ၁၀% ကို စုဆောင်းခြင်းပဲ ဖြစ်ပါတယ်။ ဒီပမာဏအနည်းငယ်က သင့်ရဲ့တစ်လတာဘက်ဂျက်ကို ထိခိုက်စေမှာ  မဟုတ်ပါဘူး။ ဒီပိုက်ဆံကို ဘဏ်မှာအပ်ထားတာ ဒါမှမဟုတ် လုံခြုံတဲ့နေရာမှာ အပ်နှံသိမ်းဆည်းထားသင့်ပြီး တကယ်လို့ ၁၀% ထက်ပိုစုဆောင်းနိုင်တယ်ဆိုရင်တော့ ၁၅% ၊ ၂၀% စသဖြင့် တိုးတိုးပြီးစုဆောင်းသွားဖို့ အကြံပြုပါရစေ။

 

၄။ ‘Halves’ method

- Advertisement -

ဒီနည်းလမ်းကတော့ သင့်ရဲ့ဝင်ငွေကို နှစ်ပိုင်းခွဲပြီး တစ်ဝက်ကို အသုံးစရိတ်အတွက်ထားကာ ကျန်တစ်ဝက်ကို ဘဏ်မှာ အပ်နှံလိုက်တာ ဖြစ်ပါတယ်။ သင့်လက်ထဲမှာရှိတဲ့ငွေကို လိုအပ်တဲ့နေရာတွေမှာသုံးပြီး ကုန်သွားတဲ့အချိန် ပိုက်ဆံလိုလာတဲ့အခါ ဘဏ်မှာရှိတဲ့ပိုက်ဆံတွေထဲက တစ်ဝက်ကိုထုတ်ပြီး သုံးသင့်ပါတယ်။ ဒီနည်းလမ်းက နေ့စဉ်အသုံးစရိတ်တွေကို မထိန်းချုပ်နိုင်တဲ့သူတွေအတွက် အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။

<Unicode Version>

 

#soshwe

#soshwebankingandfinance

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

12 + 3 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...