HomeOtherAnimalsသင့်အနေနဲ့ ကမ္ဘာကြီးအကြောင်း ကောင်းမွန်စွာမသိသေးဘူးဆိုတာကို ဖော်ပြနေတဲ့အကြောင်းအရာများ။

သင့်အနေနဲ့ ကမ္ဘာကြီးအကြောင်း ကောင်းမွန်စွာမသိသေးဘူးဆိုတာကို ဖော်ပြနေတဲ့အကြောင်းအရာများ။

- Advertisement -

လူသားတွေအနေနဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀၀၀၀ ကျော်ကတည်းက ဖြစ်တည်လာခဲ့ပေမယ့် ကမ္ဘာကြီးနဲ့ပတ်သက်ပြီး အရာအားလုံးကို မသိရှိကြသေးပါဘူး။ ဒီတခေါက်မှာတော့ လူတော်တော်များများ မသိသေးတဲ့ အကြောင်းအရာတချို့ကို ဗဟုသုတအဖြစ် မျှဝေပေးလိုက်ပါတယ်။

 

၁။ ဒေါင်လိုက်ပုံစံအနေအထားဖြင့် အိပ်စက်တတ်ကြတဲ့ ဝေလငါး။

- Advertisement -

- Advertisement -

ဝေလငါးတွေဟာ ရေမျက်နှာပြင်ဆီကိုဦးလှည့်ပြီး ဒေါင်လိုက်အနေအထားနဲ့ မလှုပ်မယှက် အိပ်စက်တတ်ကြပါတယ်။ ဒါ့အပြင် အိပ်စက်တဲ့အချိန်မှာလည်း မျက်လုံးတစ်ဖက်ဖွင့်ပြီး ဦးနှောက်တစ်ဖက် နိုးနေတယ်လို့လည်း ယုံကြည်ကြပါတယ်။ ၎င်းတို့အနေနဲ့ ၁၀ – ၁၅ မိနစ်ခန့်သာ အိပ်စက်တတ်ကြပြီး အိပ်စက်မှုအနည်းဆုံး တိရစ္ဆာန်တွေအဖြစ် သတ်မှတ်ခံထားရတာလည်း ဖြစ်ပါတယ်။

 

၂။ သွားတွေပါရှိတဲ့ ဖားများ။

အသားစားဖားတွေမှာ မေးရိုးအပေါ်ပိုင်း ဒါမှမဟုတ် အောက်မေးရိုးတွေမှာ သွားတွေရှိတတ်ကြပါတယ်။ သွားတွေဟာ အရမ်းကိုသေးငယ်ပြီး မီလီမီတာဝက်ထက် မပိုပါဘူး။ သွားပုံစံတွေဟာ ကတော့ပုံရှိကြပြီး အခါအားလျော်စွာ အသစ်ပြန်ပေါက်ကြပါတယ်။

 

၃။ မျက်လုံး အလုံးလိုက်မရှိတဲ့ ဇီးကွက်။

- Advertisement -

ဇီးကွက်တွေမှာ မျက်လုံး အလုံးလိုက်အစား မျက်လုံးပြွန် ဒါမှမဟုတ် ဆလင်ဒါပုံစံ ရှိကြပါတယ်။ ဒါကြောင့် ဇီးကွက်လေးတွေရဲ့မျက်လုံးတွေဟာ မျက်အိမ်မှာ မလှုပ်ရှားနိုင်ကြဘဲ ဦးခေါင်းခွံရှိ အရိုးတည်ဆောက်ပုံများဖြင့် ချုပ်ကိုင်ထားကာ ၎င်းတို့ရဲ့မျက်လုံးတွေကို နားထဲကနေတောင် မြင်တွေ့ရပါတယ်။

 

၄။ နို့အတုကို ထုတ်လုပ်နိုင်တဲ့ ခိုလေးများ။

ခိုတွေမှာ နို့ရည်ဂလင်းမရှိပေမယ့် ‘crop milk’ လို့ခေါ်တဲ့ နို့ကိုထုတ်လုပ်နိုင်ကြပါတယ်။ ဒီနို့ကို အရွယ်ရောက်ပြီးခိုတွေရဲ့ လည်ချောင်းအတွင်း အိတ်ထဲမှာ သိမ်းဆည်းထားလေ့ရှိပြီး ခိုသားပေါက်လေးတွေကို တိုက်ကျွေးလေ့ရှိပါတယ်။

 

၅။ သံမဏိထက်သန်မာတဲ့ ပင့်ကူမျှင်များ။

ပင့်ကူမျှင်တွေဟာ သံမဏိထက်သန်မာကြပြီး ပုံပျက်ခြင်းနဲ့ ပျော့ပျောင်းမှုကို ခံနိုင်ရည်ရှိကြပါတယ်။ ပင့်ကူမျှင်တွေဟာ အလျားနှစ်ဆမှ လေးဆအထိ ဆန့်နိုင်ပြီး သံမဏိနဲ့ ရာဘာတို့လိုမျိုး အကောင်းဆုံးအရည်အသွေးတွေ ရှိပါတယ်။ ခဲတံအတွင်းသားနဲ့တူတဲ့ ပင့်ကူပိုက်ကွန်တွေဟာ ပျံသန်းနေတဲ့ လေယာဉ်ကိုတောင် ရပ်တန့်အောင်လုပ်နိုင်ကြောင်း ယုံကြည်ထားကြပါတယ်။

 

၆။ ၃၆၀ ဒီဂရီနီးပါး မြင်နိုင်တဲ့ မြင်းများ။

မြင်းတွေရဲ့မျက်လုံးဟာ ဦးခေါင်းဘေးနှစ်ဖက်မှာတည်ရှိတာကြောင့် ၎င်းတို့ရဲ့အမြင်အာရုံဟာ ၃၆၀ ဒီဂရီနီးပါး မြင်နိုင်ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် လှည့်မကြည့်ဘဲ နောက်ကွယ်မှာရှိနေတဲ့အရာတွေကို မြင်ရဖို့ အခက်အခဲ မရှိတတ်ကြပါဘူး။ ဒါ့အပြင် မြင်းတွေဟာ ကုန်းနေနို့တိုက်သတ္တဝါတွေထဲမှာ မျက်လုံးအကြီးဆုံးဖြစ်ပြီး ၎င်းတို့ရဲ့အရပ်က အဝေးကိုလှမ်းမြင်နိုင်ဖို့ အားသာချက်တစ်ခုလို့ ဆိုလို့ရပါတယ်။

<Unicode Version>

 

#soshwe

#soshweanimal

#soshweforyourdailylife

#likeandshare

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

twenty − one =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...