HomeLifeStyleထက်မြက်တဲ့အမျိုးသမီးတွေအနေနဲ့ သူတို့ချစ်သူဆီက လိုချင်ကြတဲ့ အခြေခံအချက်များ။

ထက်မြက်တဲ့အမျိုးသမီးတွေအနေနဲ့ သူတို့ချစ်သူဆီက လိုချင်ကြတဲ့ အခြေခံအချက်များ။

- Advertisement -

ထူးချွန်ထက်မြက်တဲ့ အမျိုးသမီးတွေဟာလည်း သူတို့ဘဝအတွက် စစ်မှန်တဲ့တစ်စုံတစ်ယောက်ကို လိုအပ်ကြတာဖြစ်ပါတယ်။ တကယ်လို့ Soshwe စာဖတ်ပရိသတ်တွေထဲက အမျိုးသားတွေအနေနဲ့ ထက်မြက်တဲ့အမျိုးသမီးတစ်ယောက်နဲ့ ရေရှည်တဲ့ဆက်ဆံရေးတစ်ခုကို တည်ဆောက်ချင်တယ်ဆိုရင်တော့ ဒီအချက်တွေကို သေချာပေါက်သိထားဖို့ လိုအပ်ပါတယ်။

 

၁။ တက်ကြွတဲ့ နေထိုင်မှုပုံစံ။

- Advertisement -

ထက်မြက်တဲ့အမျိုးသမီးတွေဟာ သူတို့ရဲ့ဘဝကို ငြိမ်ငြိမ်မနေတတ်ဘဲ အမြဲတမ်းကြိုးစားအားထုတ်မှု ပြုလုပ်နေတတ်ကြတာကြောင့် သူတို့ရဲ့ချစ်သူကိုလည်း သူတို့ရဲ့တက်ကြွတဲ့နေထိုင်မှုပုံစံကို အမီလိုက်နိုင်ဖို့ မျှော်လင့်တတ်ကြပါတယ်။ ဒါကြောင့် ထက်မြက်တဲ့မိန်းကလေးမျိုးကို ချစ်သူတော်ချင်ရင်တော့ သူတို့လိုပဲ အမြန်နှုန်းနဲ့ ရွေ့လျားဖို့လိုအပ်သလို သူတို့ကို တွန်းမတိုက်မိစေရန်နဲ့ နောက်မှာလည်း ကျန်မနေခဲ့ဖို့ အရေးကြီးပါတယ်နော်။ ဒီလိုမိန်းကလေးတွေဆီမှာ အမြဲတမ်းအစီအစဉ်တွေရှိနေတတ်ပြီး သူဘာလုပ်ရမယ်ဆိုတာကိုသိကာ အလုပ်ကြိုးစားတတ်ကြသူတွေ ဖြစ်ပါတယ်။

- Advertisement -

 

၂။ အမှီအခိုကင်းခြင်း။

ထက်မြက်တဲ့အမျိုးသမီးတွေဟာ ငွေကြေးအရရော၊ စိတ်ပိုင်းဆိုင်ရာအရပါ လုံးဝအမှီအခိုကင်းတဲ့ အမျိုးသားမျိုးကိုသာ လိုချင်တတ်ကြတာဖြစ်ပါတယ်။ သူတို့လိုချင်တဲ့အမျိုးသားတွေဆီမှာ ကောင်းမွန်တဲ့အတ္တ၊ ကိုယ်ပိုင်ဝါသနာနဲ့  မိတ်ဆွေသူငယ်ချင်းတွေ မျှော်မှန်းတတ်ကြပြီး သူတို့နဲ့တူညီတဲ့သူမျိုးကိုသာ ချစ်သူအဖြစ် ရွေးချယ်ချင်တတ်ကြပါတယ်။

 

၃။ အကောင်းမြင်တတ်ခြင်း။

ထက်မြက်တဲ့အမျိုးသမီးတစ်ယောက်ရဲ့ အောင်မြင်မှုတစ်ဝက်ဟာ ယုံကြည်ချက်ရှိခြင်းကြောင့်ဖြစ်ပြီး ကျန်တစ်ဝက်ကတော့ အပြုသဘောဆောင်တဲ့ အကောင်းမြင်စိတ်ကြောင့် ဖြစ်ပါတယ်။ ဒီလိုမိန်းကလေးတွေဟာ သူတို့ပတ်ဝန်းကျင်ကလူတွေကို စိတ်တက်ကြွအောင်လုပ်ဆောင်ပေးပြီး သူတို့လိုမျိုး ရဲရင့်ထက်မြက်တဲ့သူတွေ ဖြစ်စေလိုကြပါတယ်။ ဒါကြောင့် ထက်မြက်တဲ့မိန်းကလေးကို ချစ်သူအဖြစ် ရွေးတော့မယ်ဆိုရင်တော့ သင့်ရဲ့ညည်းတွားသံတွေကို အဝေးမှာထားခဲ့ပြီး သူလိုချင်တဲ့ပန်းတိုင်ရောက်ဖို့ အားပေးစကားပြောတတ်ရပါမယ်။

 

၄။ လွတ်လပ်မှု။

- Advertisement -

ထက်မြက်တဲ့အမျိုးသမီးတွေဟာ စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတွေလည်း ဖြစ်ကြတာကြောင့် သူတို့ရဲ့လွတ်လပ်မှုကို အရမ်းမြတ်နိုးတန်ဖိုးထားသူတွေ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ရဲ့လွတ်လပ်မှုကို တန်ဖိုးထားပေးတတ်တဲ့ ယောက်ျားတွေကို အမှန်တကယ်လိုချင်ကြသူတွေ ဖြစ်ကြပါတယ်။ ဘယ်လိုနည်းနဲ့မဆို ကန့်သတ်ချုပ်ချယ်မှုတွေကို မခံနိုင်ကြဘဲ သူတို့ကို ချုပ်ချယ်ခြယ်လှယ်တာကိုလည်း မကြိုက်ကြပါဘူး။

<Unicode Version>

 

#soshwe

#soshwelifestyle

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

two × four =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...