HomeLifeStyleဦးနှောက်မပါဘဲ မွေးဖွားလာပေမယ့် အံ့အားသင့်ဖွယ် အသက်ရှင်ခဲ့သူ။

ဦးနှောက်မပါဘဲ မွေးဖွားလာပေမယ့် အံ့အားသင့်ဖွယ် အသက်ရှင်ခဲ့သူ။

- Advertisement -

သန္ဓေသားက ဦးနှောက်ဖွံ့ဖြိုးမှုမရှိလို့ ကိုယ်ဝန်ဖျက်ချဖို့အတွက် ဆရာဝန်တွေ (၅) ကြိမ်တိုင်တိုင် ပြောကြားခဲ့ပေမယ့် နိုအာဝေါလ်ရဲ့မိဘနှစ်ပါးက ငြင်းဆန်ခဲ့ကြတယ်။ နိုအာဝေါလ်က သန္ဓေသားဘဝမှာ ဦးနှောက် ၂ ရာခိုင်နှုန်းပဲ ရှိသလို မွေးရာပါ ကျောရိုးမအာရုံကြော နှစ်ခြမ်းကွဲတဲ့ရောဂါ(spina bifida) ပါ ခံစားနေရသူ ဖြစ်ပါတယ်။

” ငယ်ရွယ်တဲ့ လင်မယားတွေဆိုရင်တော့ ဆရာဝန်တွေ အကြံပေးတာကို လက်ခံချင် လက်ခံလိမ့်မယ်။ ကျွန်တော်တို့လင်မယားကတော့ အသက်လည်း ရနေပြီ။ သူ့ကို ရှင်သန်ခွင့်ပေးဖို့ ဆုံးဖြတ်ပြီးသားလည်း ဖြစ်နေတယ်။ ပြီးတော့ ကျွန်တော်တို့ ၂ ယောက်လုံးက အပြုသဘောဆောင်ကြလို့ ဒီကလေးကို မွေးဖွားခဲ့တာပါ” လို့ နိုအာဝေါလ်ရဲ့အဖေ ရော့ဘ်ဝေါလ်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

၂၀၁၂ ခုနှစ်က အင်္ဂလန်နိုင်ငံ ကမ်ဘရီယာကောင်တီမှာ နိုအာဝေါလ်ကို မွေးဖွားခဲ့ပါတယ်။ နိအာဝေါလ်ကို မွေးဖွားစဉ် ဆေးရုံခွဲခန်းထဲမှာ ဆရာဝန် ၁၂ ယောက်ရှိပြီး တကယ်လို့ ကလေးက အသက်မရှူရင် CPR မလုပ်ဖို့လည်း ဆရာဝန်တွေက ဆုံးဖြတ်ထားကြပါတယ်။ ဒါကြောင့် နိုအာဝေါလ်တယောက် အသက်ရှူ၊ မရှူဆိုတာကို တထိတ်ထိတ် စောင့်စားခဲ့ရပေမယ့် နိုအာလေးကတော့ တခြားကလေးတွေလိုပဲ မွေးမွေးချင်း ငိုလိုက်လို့ မိဘဖြစ်သူတွေ စိတ်အေးခဲ့ရပါတယ်။

- Advertisement -

- Advertisement -

ဆရာဝန်တွေကတော့ နိုအာကို အသက်ရှည်မယ်လို့ မထင်ထားကြပါဘူး။ မိခင်ဝမ်းထဲမှာ ဦးနှောက်မဖွံ့ဖြိုးတဲ့ သန္ဓေသားက ဦးနှောက်ကြီးထွားဖွံ့ဖြိုးလာမှာ မဟုတ်ဘူးလို့ ဆရာဝန်တချို့က ယူဆကြသလို နိုအာတယောက် စကားလည်း ပြောနိုင်မှာမဟုတ်ဘူးလို့ သူတို့က ထင်ကြေးပေးကြပါတယ်။

ဒါပေမယ့် သူတို့တွက်ကိန်းလွဲခဲ့ပြီး နိုအာက ၃ နှစ်သားအရွယ်မှာ စကားပြောတတ်ခဲ့ပါတယ်။ နိုအာရဲ့မိဘတွေကတော့ သြစတြေးလျနိုင်ငံကိုသွားရောက်ပြီး အာရုံကြောဆိုင်ရာ သမားတော်တွေနဲ့ ပြသခဲ့ကာ နိုအာရဲ့ဦးခေါင်းထဲမှ အရည်တွေကို စုပ်ထုပ်ပြီး ဦးနှောက်ဖွံ့ဖြိုးလာအောင် နေရာပေးဖို့ ပိုက်ထည့်ခဲ့တယ်။ ဒါကြောင့် ၆ နှစ်သားအရွယ်မှာ နိုအာရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုက ၈၀ ရာခိုင်နှုန်းအထိ ရှိလာခဲ့ပြီး သူ့ရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကိုကြည့်ကာ ဆရာဝန်တွေ အံ့အားသင့်ကုန်ကြပါတယ်။

နိုအာက ဘီးတပ်ကုလားထိုင် သုံးရပေမယ့် မိဘတွေက သူ့ကို လမ်းလျှောက်တတ်အောင်၊ အားကစားနည်းတွေ ကစားတတ်လာအောင် သင်ပေးကြပါတယ်။ သူတို့မိသားစုမှာ နိုအာ,တစ်ယောက်တည်း ယောကျာ်းလေးပါတာဆိုတော့ မိဘ ၂ ပါးကရော၊ အစ်မ ၂ ယောက်ကပါ နိုအာကို အရမ်းချစ်ကြကာ နိုအာလေး ကျန်းမာသန်စွမ်းလာဖို့အတွက် အားလုံးဝိုင်းပြီး ကြိုးစားပေးနေကြပါတယ်။

<Unicode Verison>

 

#soshwe

#soshwelifestyle

#soshweforyourdailylife

- Advertisement -

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

sixteen − seven =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...