HomeTechပို့ပြီးသား Message တွေကို ပြင်နိုင်/ဖျက်နိုင်တော့မယ့် iPhone

ပို့ပြီးသား Message တွေကို ပြင်နိုင်/ဖျက်နိုင်တော့မယ့် iPhone

- Advertisement -

iOS 16 update version ဟာဆိုရင် သင်မပြောလိုတဲ့ အကြောင်းအရာများကို ဖျက်ခြင်း ဒါမှမဟုတ် ပြင်ဆင်နိုင်တော့မယ်လို့ သိရပါတယ်။ iPhone အတွက် နောက်ဆုံးထွက် ဆော့ဖ်ဝဲအပ်ဒိတ်ဖြစ်တဲ့ iOS 16 version ဟာ Feature အသစ်အချို့နဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက ထွက်ရှိလာခဲ့ပြီး စိတ်ကြိုက်ပြင်ဆင်နိုင်တဲ့ Home Screen ၊ အီးမေးလ်များကို အချိန်ဇယားနဲ့ ပို့ဆောင်နိုင်ခြင်း ၊ မျှဝေထားတဲ့ ဓာတ်ပုံတွေကို တစုတစည်းတည်း လုပ်ဆောင်ပေးနိုင်မယ့် Feature အသစ်တွေအပါအဝင် အခြား Feature အသစ်အချို့လည်း ယခုနှစ်ဆောင်းဦးနှောင်းပိုင်းမှာ ပါဝင်လာမယ်လို့ သိရပါတယ်။

ဒါပေမယ့် ဒရာမာခင်းလေ့ခင်းထရှိတဲ့ iPhone အသုံးပြုသူတွေကတော့ iMessage ရဲ့ Feature အသစ်အချို့ကို စိတ်ဝင်စားမှာ အသေအချာပဲဖြစ်ပါတယ်။ အဲ့ဒါတွေကတော့ အခြားသူတယောက်က မိမိဆီပို့လိုက်တဲ့ Message ကိုဖတ်ပြီး ချက်ချင်းပြန်မပြောသေးဘဲ နောက်မှ Reply ပြန်ချင်တယ်ဆိုရင်တော့ “ Unread ” လုပ်လို့ရတဲ့ Feature ပဲဖြစ်ပါတယ်။ ဒါပေမယ့် စိတ်လှုပ်ရှားစရာအကောင်းဆုံးကတော့ ပို့ပြီးသား မက်ဆေ့ချ်များကို ဖျက်ပစ်လို့ရတာနဲ့ ပြန်ပြင်လို့ရတာပဲ ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ သင့်အနေနဲ့ မတော်တဆ ပို့လိုက်မိတဲ့ စာသားတွေပဲဖြစ်ဖြစ် ၊ အရှက်ရဖွယ် စာရိုက်ခြင်းတွေကနေ ရှောင်တိမ်းနိုင်တော့မှာပဲ ဖြစ်ပါတယ်။

- Advertisement -

- Advertisement -

သင်ပေးပို့လိုက်တဲ့ Message ကို ဖိနှိပ်ထားပြီး “ မပို့ရန် ” ဒါမှမဟုတ် “ ပြင်ဆင်ခြင်း ” လုပ်ဆောင်ချက်တွေကို အလွယ်တကူ လုပ်ဆောင်နိုင်ပါတယ်။ ပထမအချက်အနေနဲ့ သင့်ပို့လိုက်တဲ့မက်ဆေ့ချ်ကို “ မပို့ခြင်း ” ဒါမှမဟုတ် “ ပြင်ဆင်ခြင်း ” ရှိ/မရှိ တဖက်လူမှ ကြည့်ရှုနိုင်ပြီး တကယ်လို့ ပြင်ဆင်ထားတဲ့ Message ဖြစ်ပါက ၎င်း Message ကိုနှိပ်လိုက်ရင် မပြင်ဆင်ခင် ပေးပို့ထားတဲ့ Message  အဟောင်းကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒုတိယအချက်အနေနဲ့ အဲ့ဒီ feature ဟာ iOS 16 ကို Update လုပ်ထားတဲ့ iMessage အချင်းချင်းတွင်သာ အလုပ်လုပ်ပြီး အခြား Android အသုံးပြုသူတွေထံ စာတိုပေးပို့ပါက အလုပ်မလုပ်ဘူးလို့ သိရပါတယ်။ MacBook နဲ့ လက်ပ်တော့တွေကနေတဆင့် iMessage အသုံးပြုသူတွေမှာလည်း အဆိုပါ Feature တွေ အလုပ်မလုပ်ေသးကြောင်း သိရပါတယ်။

<Unicode Version>

 

#soshwe

#soshwetech

#soshweforyourdailylife

#likeandshare

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

three × two =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...