HomeTechကမ္ဘာ့ပထမဦးဆုံးအဖြစ် စက်ရုပ်ကို CEO အဖြစ်ခန့်အပ်လိုက်တဲ့ တရုတ်နည်းပညာကုမ္ပဏီတခု။

ကမ္ဘာ့ပထမဦးဆုံးအဖြစ် စက်ရုပ်ကို CEO အဖြစ်ခန့်အပ်လိုက်တဲ့ တရုတ်နည်းပညာကုမ္ပဏီတခု။

- Advertisement -

တရုတ် Metaverse ကုမ္ပဏီတစ်ခုဖြစ်တဲ့ NetDragon Websoft ကတော့ AI နည်းပညာသုံး လူပုံစံစက်ရုပ် Humanoid Bot တစ်မျိုးကို ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် CEO ရာထူးကို တရားဝင် ခန့်အပ်လိုက်ပြီလို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ Times Now News သတင်းမှာ မစ္စတန်ယုလို့ နာမည်ပေးထားတဲ့ စက်ရုပ်ဟာ အမှုဆောင်အရာရှိချုပ်အဖြစ် ခန့်အပ်ခံရတဲ့ ကမ္ဘာ့ပထမဆုံးစက်ရုပ်ဖြစ်လာတယ်လို့ ဖော်ပြထားပါတယ်။

စက်ရုပ်ကို ကုမ္ပဏီလုပ်ငန်းတစ်ခုရဲ့ အမြင့်ဆုံးရာထူးတစ်နေရာပေးထားတာဟာ သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်ဇာတ်ကား ဆန်နေပေမယ့် တကယ်တမ်း လက်တွေ့မှာလည်း လူပုံတူစက်ရုပ်တွေဟာ လူသားတွေရဲ့ ပုံမှန်နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာ အစားထိုးတာဝန်ယူလာကြတာကို တွေ့ရပါတယ်။ စားသောက်ဆိုင်လုပ်ငန်းကနေ ဘာသာရေးဆိုင်ရာကိစ္စတွေမှာအထိ စက်ရုပ်တွေကို အသုံးပြုနေတာကို ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း မြင်တွေ့လာရပြီဖြစ်ပါတယ်။

မိုဘိုင်းလ်ဂိမ်းနဲ့ တခြား Apps တွေ ရေးဆွဲနေတဲ့ NetDragon Websoft အနေနဲ့ လူအစား ပုံရိပ်ယောင်စက်ရုပ်ကို CEO နေရာ ခန့်လိုက်တာဟာ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ထိရောက်ရေးကို နောက် Level တစ်ဆင့် ခုန်ကူးနိုင်ရေးအတွက် ဖြစ်တယ်လို့ဆိုပါတယ်။ AI အမျိုးသမီးစက်ရုပ် မစ္စတန်ယုဟာ ဒေါ်လာ ၁၀ ဘီလျံနီးပါးတန် NetDragon Websoft ကုမ္ပဏီရဲ့ အဖွဲ့အစည်းဆိုင်ရာနဲ့ ထိရောက်မှုရှိရေးဆိုင်ရာ စီမံခန့်ခွဲရေးဌာနကို ကိုင်တွယ်သွားမှာဖြစ်သလို ကော်ပိုရေးရှင်းရဲ့ အော်ပရေးရှင်းပိုင်းဆိုင်ရာ ကိစ္စရပ်တွေမှာလည်း ရှေ့တန်းကနေ ပါရှိမယ်လို့ သိရပါတယ်။ ဒါ့အပြင် ကော်ပိုရေးရှင်းအတွင်း ဖြစ်ပျက်နေတဲ့ ကိစ္စရပ်တွေကိုလည်း ကြီးကြပ်ဖို့ တာဝန်ယူရမှာ ဖြစ်ပါတယ်။

- Advertisement -

“တန်ယုက လုပ်ငန်းစီးဆင်းမှုကို ချောမွေ့အောင် ၊ အလုပ်တာဝန်အရည်အသွေးတွေ အဆင့်မြင့်လာအောင်နဲ့ လုပ်ငန်းအရှိန်မြင့်တက်လာအောင် လုပ်ဆောင်ပါလိမ့်မယ်။ သူမအနေနဲ့ ပုံမှန်နေ့စဉ်တာဝန်တွေကို အဆုံးအဖြတ်လုပ်ရာမှာလည်း အချက်အလက်ဌာနတစ်ခုလို သုံးသပ်လေ့လာရေးဆိုင်ရာ Tool တစ်ခုအဖြစ် အလုပ်လုပ်သွားပါလိမ့်မယ်။ ဒါ့အပြင် ပိုပြီးထိရောက်တဲ့ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာစနစ်ပိုင်းလည်း လုပ်ဆောင်နိုင်ပါလိမ့်မယ်။” လို့ NetDragon Websoft ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

- Advertisement -

မစ္စတန်ယုစက်ရုပ်ဟာ ဝန်ထမ်းတိုင်းကို မျှမျှတတ ဆက်ဆံသွားမှာဖြစ်ပြီး ကုမ္ပဏီအတွင်းက အလားအလာရှိတဲ့ လူတော်တွေကို ရှာဖွေ မြေတောင်မြှောက်ပေးရာမှာလည်း အရေးပါလာလိမ့်မယ်လို့လည်း ဆိုပါတယ်။ NetDragon ရဲ့ ဥက္ကဌ ဒေါက်တာ ဒီဂျေယန် လီယုကတော့ တန်ယုဟာ AI အသုံးပြုရေးဆိုင်ရာကုမ္ပဏီရဲ့ ကတိကဝတ်ကို ကိုယ်စားပြုတဲ့ သင်္ကေတတစ်ခု ဖြစ်တယ်လို့ ပြောကြားပါတယ်။ ဒီစက်ရုပ်ဟာ ပိုမိုချောမွေ့အဆင်ပြေတဲ့ လုပ်ငန်းလည်ပတ်မှုနဲ့ ဗျူဟာမြောက်ဖွံ့ဖြိုးမှု လမ်းကြောင်းကို လျှောက်လှမ်းစေနိုင်မယ်လို့လည်း ယုံကြည်နေကြပါတယ်။

“တန်ယုကို ခန့်အပ်မှုဟာ ကုမ္ပဏီရဲ့ AI + စီမံခန့်ခွဲရေးဗျူဟာကို မီးမောင်းထိုးပြလိုက်တာပါ။ ဒါဟာ Metaverse အဖွဲ့အစည်းတစ်ခုအဖြစ် ရှေ့ဆက်သွားမယ့် ကျွန်တော်တို့ ကုမ္ပဏီအတွက် အရေးပါတဲ့ မှတ်တိုင်တစ်ခုကို ကိုယ်စားပြုပါတယ်။ ” လို့ NetDragon Websoft သတင်းမှာ ဖော်ပြထားပါတယ်။

NetDragon Websoft ကို ၁၉၉၉ ခုနှစ်မှာ တည်ထောင်ခဲ့တာဖြစ်ပြီး တရုတ်မိုဘိုင်းလ် Application နဲ့ ဗွီဒီယိုဂိမ်းလောကရဲ့ဩဇာအကြီးဆုံး Developer ကုမ္ပဏီတစ်ခုလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ထဲမှာ Alibaba Group တည်ထောင်သူနဲ့ ဥက္ကဌဖြစ်သူ ဂျက်မားက နှစ် ၃၀ အတွင်း စက်ရုပ်တွေဟာ Time Magazine ရဲ့ ကမ္ဘာ့အကောင်းဆုံး CEO တစ်ဦးအဖြစ် မျက်နှာဖုံးမှာ ဖော်ပြခံရမယ်လို့ ဟောကိန်းထုတ်ခဲ့ပါတယ်။

<Unicode Version>

 

#soshwe

#soshwetech

#soshweforyourdailylife

- Advertisement -

#likeandshare

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

14 + 1 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...