HomeEducationATOM Myanmar ရဲ့ Technology Trainee Program အကြောင်း။

ATOM Myanmar ရဲ့ Technology Trainee Program အကြောင်း။

- Advertisement -

ATOM (အက်တမ်) သည် မြန်မာနိုင်ငံအတွင်း အိုင်တီ (IT) နှင့် နည်းပညာကို စိတ်ပါဝင်စားသော လူငယ်များအတွက် ဆန်းသစ်တီထွင်သော ကျွမ်းကျင်မှု၊ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လေ့ကျင့်ရေးအစီအစဉ်ဖြစ်သည့် နည်းပညာသင်တန်းအစီအစဉ် (TTP) ကို ဩဂုတ်လ ၂၉ ရက်နေ့တွင် မိတ်ဆက်ခဲ့ပါတယ်။ ရည်ရွယ်ချက်မှာ အနာဂတ် အသက်မွေးဝမ်းကြောင်းများအတွက် ကြိုတင်ပြင်ဆင်နေသော လူငယ်များရဲ့ကျွမ်းကျင်မှုကို အဆင့်မြှင့်တင်ပေးခြင်းဖြင့် လုပ်ငန်းခွင်အတွင်း အဆင်သင့်ဖြစ်စေနိုင်ရန် ဖြစ်ပါတယ်။

ATOM အနေနဲ့ ၎င်းရဲ့ကတိကဝတ်တစ်စိတ်တစ်ပိုင်းအနေဖြင့် အသေးစားမှ အလတ်စားစီးပွားရေးလုပ်ငန်းများနှင့် “creator economy” ဟုခေါ်သော တနိုင်တပိုင်လုပ်ငန်းများကို ခိုင်မာသော အာရုံစူးစိုက်မှုဖြင့် မြန်မာ့စီးပွားရေးဂေဟစနစ်ကို ပံ့ပိုးပေးနိုင်ရန်အတွက် ယခုနည်းပညာသင်တန်းအစီအစဉ် (TTP) ကို ဆောင်ရွက်ခဲ့ပါတယ်။  ယခုအခါ ဒစ်ဂျစ်တယ်ခေတ်သို့ ရောက်ရှိနေပြီဖြစ်သောကြောင့် ကျွန်ုပ်တို့ရဲ့လုပ်ငန်းနယ်ပယ်တွင် ပိုမိုအတွေ့အကြုံရှိပြီး အရည်အချင်းပြည့်ဝသောသူများ ပေါ်ထွန်းလာစေရန် အရေးကြီးပါတယ်။ TTP အစီအစဉ်ဟာ အခြေခံအုတ်မြစ်တစ်ခုဖြစ်နိုင်ပြီး သင်ယူလိုစိတ်ပြင်းပြသော မြန်မာလူငယ်အားလုံးအတွက် စွမ်းရည်မြှင့်တင်ရန်နှင့် နည်းပညာတွင် စိတ်ပါဝင်စားသော လူငယ်များအတွက် အခွင့်အလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။

ရွေးချယ်ခံရသူများအနေနဲ့ IT နယ်ပယ်မှာ လိုအပ်သော အရည်အချင်းများကို လေ့လာသင်ယူရမည်ဖြစ်ပြီး ပြိုင်ဆိုင်မှုပြင်းထန်သော လုပ်ငန်းခွင်အတွက် ပိုမိုကောင်းမွန်စွာ ပြင်ဆင်နိုင်မှာပဲဖြစ်ပါတယ်။ ရွေးချယ်ခံရသူများသည် ATOM အသင်းအဖွဲ့ရဲ့ တစ်စိတ်တစ်ပိုင်းအနေဖြင့် သင်တန်းကြာချိန် (၁) နှစ်အစီအစဉ်ကို ဖြတ်သန်းရမည်ဖြစ်ပြီး နည်းပညာကို စိတ်ပါဝင်စားသော လူငယ်များရဲ့အိပ်မက်များ အမှန်တကယ်ဖြစ်လာစေရန် ၊ ၎င်းတို့ရဲ့ အရည်အချင်းများကို မြှင့်တင်ရန် အသက်မွေးဝမ်းကြောင်းခြေလှမ်းကို လျှောက်လှမ်းရာမှာ အကောင်းဆုံးဖြစ်အောင် ကူညီဖန်တီးပေးသွားရန် ကတိပြုပါတယ်။

- Advertisement -

ATOM တွင် ကွဲပြားခြားနားမှုဖြစ်စေသော ပြီးပြည့်စုံသည့်အသက်မွေးဝမ်းကြောင်းများကို အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ယနေ့ပဲ အလုပ်လျှောက်လွှာ (Resume) နှင့် ကိုယ်ရေးအကျဉ်း(Cover Letter) တို့ကို  trainee@atom.com.mm သို့ အီးမေးလ်ခေါင်းစဉ် “Application for Technology Trainee Program” ဖြင့် ပေးပို့၍ လျှောက်ထားနိုင်ပြီး ရွေးချယ်ခံရသူများကိုသာ ပြန်လည်ဆက်သွယ်အကြောင်းကြားပေးသွားမှာ ဖြစ်ပါတယ်။ (လျှောက်လွှာတင်ရန် နောက်ဆုံးနေ့မှာ  စက်တင်ဘာလ ၁၄ ရက်နေ့ ဖြစ်ပါတယ်။)

- Advertisement -

သတင်းထုတ်ပြန်ချက်အပြည့်အစုံကို ဤနေရာတွင် ဖတ်ရှုနိုင်ပါတယ်။

https://bit.ly/3ATkBPa

 

#atom

#atommyanmar

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

twenty − ten =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...