HomeSportမော်ရင်ဟိုနဲ့ ဖြစ်ပျက်ခဲ့တဲ့ပြသနာအကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ အန်တိုနီမာရှယ်။

မော်ရင်ဟိုနဲ့ ဖြစ်ပျက်ခဲ့တဲ့ပြသနာအကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ အန်တိုနီမာရှယ်။

- Advertisement -

ယူနိုက်တက်နည်းပြဟောင်း မော်ရင်ဟိုက သူ့အပေါ်မှာ လေးစားမှုမရှိခဲ့ဘူးလို့ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး အန်သိုနီမာရှယ်က ထုတ်ဖော်ပြောဆိုမှုတွေ ပြုလုပ်လိုက်ပါတယ်။ ယူနိုက်တက်နည်းပြအဖြစ် တာဝန်ယူချိန်မှာ သူတို့နှစ်ဦးကြား ပြသနာတွေဖြစ်ပွားခဲ့ပြီး မာရှယ်က ပုံမှန်နေရာပါ ပျောက်ဆုံးခဲ့ရကာ အဆင်မပြေမှုတွေအားလုံးက ကျောနံပါတ်ကြောင့် ဖြစ်ခဲ့ရတာလို့ ပြင်သစ်တိုက်စစ်မှူးက ဆိုပါတယ်။

“မော်ရင်ဟိုနဲ့ ကျနော့်ကြားပြသနာတွေက ကျောနံပါတ်နဲ့ စခဲ့တာပါ၊ အားလပ်ရက်ရတဲ့အချိန်တွေတုန်းက သူက ကျနော့်ကို နံပါတ် ၁၁ ယူချင်လားလို့ မက်ဆေ့ချ်ပို့ပြီး မေးခဲ့ပါတယ်၊ ဒါက ရိုင်ယန်ဂစ်လို ဂန္ထဝင်ကစားသမားတယောက် ဝတ်ဆင်ခဲ့တာမို့ အရမ်းကောင်းတဲ့ နံပါတ်ဖြစ်တယ်ဆိုပြီး ရှင်းပြတယ်၊ ရိုင်ယန်ဂစ်ကို ကျနော်လေးစားမှုရှိတဲ့အကြောင်း သူ့ကို ကျနော်ပြောပြခဲ့တယ်၊ ဒါပေမယ့် ကျနော် နံပါတ် ၉ ကိုပဲ ဆက်ယူချင်တယ်လို့ပဲ ပြောခဲ့ပါတယ်”

“အသင်းကို ကျနော်ပြန်ရောက်ချိန်မှာ ကျနော့်ဂျာစီနံပါတ်က နံပါတ် ၁၁ ဖြစ်နေပါပြီ။ ဒီဇာတ်လမ်းက ကောင်းကောင်းစတင်ခဲ့တာ မဟုတ်တော့ဘူး၊ သူက ကျနော့်ကို လေးစားမှုမရှိခဲ့ဘူး၊ ၂၀၁၇-၁၈ ရာသီမှာ ကျနော်က အသင်းအတွက် ရာသီဝက်ဂိုးသွင်းအများဆုံးကစားသမားဖြစ်နေခဲ့တာ၊ သူက အလက်ဆစ်ဆန်းချက်ဇ်ကို ခေါ်ခဲ့တယ်၊ ကျနော်လည်း ဒီထက်ပိုပြီးတော့ မကြိုးစားနိုင်တော့ဘူးလေ၊ ကမ္ဘာ့ဖလားအချိန်လည်းဖြစ်နေပြီး ကျနော်ပေးဆပ်ခဲ့ရတာ ကြီးမားလွန်းပါတယ်၊ ကျနော် ပြင်သစ်နဲ့အတူ ရုရှားမှာ ရှိနေခဲ့သင့်ရမှာပါ” ပါလို့ မာရှယ်က France Football ကို ပြန်ပြောင်းပြောကြားခဲ့ပါတယ်။

- Advertisement -

မော်ရင်ဟိုထွက်ခွာသွားတဲ့နောက် မာရှယ်က ၂၀၁၉-၂၀၂၀ ရာသီမှာ အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်သွင်းဂိုး ၁၇ ဂိုးအထိ ရရှိခဲ့ကာ ယူရိုပါလိဂ်မှာလည်း ၄ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီနောက်ပိုင်းမှာ ခြေစွမ်းပြန်ပျောက်သွားခဲ့လို့ ပြီးခဲ့တဲ့ရာသီမှာ ဆီဗီလာကို အငှားနဲ့ ထွက်ကစားခဲ့ရပါတယ်။ အခုရာသီမှာတော့ တန်ဟက်ဂ်ျရောက်လာမှုနဲ့အတူ သူ့ကို အဓိကတိုက်စစ်မှူးအဖြစ်အသုံးပြုဖို့ ရည်ရွယ်ခဲ့ပါတယ်။ ရာသီကြိုခြေစမ်းပွဲတွေမှာ မာရှယ်က ခြေစွမ်းပြနိုင်ခဲ့လို့ ပုံမှန်ကစားခွင့်ရဖို့ရှိပေမယ့် လက်ရှိမှာ ဒဏ်ရာကြောင့် အနားယူနေရပါတယ်။

- Advertisement -

<Unicode Version>

 

#soshwe

#soshwesport

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

eight − 7 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...