HomeEducationအလုပ်ခွင်မှာ ရာထူးတိုးစေဖို့ လုပ်ဆောင်သင့်တဲ့ အလေ့အကျင့်ကောင်းများ။

အလုပ်ခွင်မှာ ရာထူးတိုးစေဖို့ လုပ်ဆောင်သင့်တဲ့ အလေ့အကျင့်ကောင်းများ။

- Advertisement -

တစ်ခါတစ်လေမှာ တစ်ချို့သောသူတွေက နောက်မှအလုပ်ဝင်လာကြပေမယ့် တခြားသူတွေထက် ရာထူးအရင်တိုးသွားတာမျိုးကို ကြုံဖူးကောင်းကြုံဖူးကြပါလိမ့်မယ်။  ဒီလိုအလွယ်တကူ ရာထူးတိုးသွားရခြင်းရဲ့ အကြောင်းအရင်းတွေထဲကတစ်ခုက အခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းပုံနဲ့ အားလပ်ချိန်တွေမှာတောင် လုပ်ဆောင်တတ်တဲ့ အလေ့အကျင့်ကြောင့် ဖြစ်နိုင်ပါတယ်။ အလုပ်ခွင်မှာ ရာထူးတိုးစေဖို့ လိုက်နာရမယ့် အလေ့အကျင့်တချို့ကို ဖော်ပြပေးလိုက်ပါတယ်။

 

- Advertisement -

၁။ အရည်အချင်းတွေကို ထုတ်ဖော်ပြသသင့်တဲ့အချိန်။

- Advertisement -

အလုပ်တစ်ခုမှာ နေရာရဖို့ (သို့) ရာထူးတိုးဖို့ဆိုရင်တော့ အခြေအနေနဲ့ အချိန်အခါကို ကြည့်တတ်ဖို့ လိုအပ်ပါတယ်။ ဆိုလိုချင်တာက နေရာတကာဆရာကြီးလုပ်နေပြန်ရင်လည်း လူအမြင်ကတ်ပြီး လူမုန်းခံရမှာဖြစ်ကာ ကိုယ့်အတွက် အကျိုးမရှိနိုင်ပါဘူး။ ဒီတော့ ကိုယ့်ရဲ့အရည်အချင်းကို ဘယ်လိုအချိန်မှာ ပြသရမလဲဆိုတာကို သိဖို့လိုအပ်ပါတယ်။ မှန်ကန်တဲ့အချိန်မျိုးမှာ အရည်အချင်းတွေထုတ်ပြခြင်းက လူတွေရဲ့အထင်ကြီးမှုနဲ့ သူဌေးရဲ့အသိအမှတ်ပြုခြင်းကိုခံရမှာ အမှန်ပဲဖြစ်ပါတယ်။

- Advertisement -

 

၂။ အာရုံမလွင့်အောင် ဂရုစိုက်ပါ။

လေ့လာတွေ့ရှိချက်တွေအရ ရာထူးတိုးခံရတဲ့သူတွေဟာ မကြာခဏဆိုသလို နေ့စဉ်တာဝန်ဝတ္တရားတွေနဲ့ ကြီးမားတဲ့ လုပ်ဆောင်မှုတွေကြားမှာ မျှတအောင်ဆောင်ရွက်နိုင်သူတွေ ဖြစ်ကြပါတယ်။ သူတို့ဟာ အခြေအနေတိုင်းမှာ မှန်ကန်မျှတစွာနေထိုင်တတ်ကြပြီး ဘယ်လိုအချိန်မှာ ဘာကိုအာရုံစိုက်ရမယ်ဆိုတာကို သိကြပါတယ်။

 

၃။ သူဌေးရဲ့တန်ဖိုးကို နားလည်ခြင်း။

အလုပ်တစ်ခုမှာ သူဌေးကအရေးအကြီးဆုံးဆိုတာကို နားလည်ကြတဲ့အတွက် သူဌေးနဲ့ပတ်သက်တဲ့အလုပ်တွေ၊ သူဌေးနှစ်သက်မယ့်အလုပ်တွေကို လုပ်ဆောင်ခြင်းက  သင့်အတွက် ရာထူးတိုးဖို့ အလားအလာပိုရှိပါတယ်။  သူဌေးအတွက် ဦးစားပေးတဲ့ပရောဂျက်တွေ၊ အစည်းအဝေးတွေ တက်ရောက်ခြင်းက  သင့်အတွက် အခွင့်အရေးတွေ ပိုမိုရရှိစေနိုင်ပါတယ်။

 

၄။ အတင်းပြောခြင်းမှ ရှောင်ကြဉ်ပါ။

ဝန်ထမ်းကောင်းတွေဟာ ရုံးမှာသူများအတင်းပြောတာမျိုးကို ရှောင်တတ်ကြပါတယ်။ သူများအတင်းအဖျင်းပြောတာတွေ ကြားနေရင်တောင် သူတို့ရဲ့နှုတ်ကနေ တစ်ခွန်းတစ်လေမှ ထွက်မလာတတ်ကြပါဘူး။ အတင်းပြောခြင်းဖြင့် အချိန်ဖြုန်းရတာကို မကြိုက်ပဲ အလုပ်ကြိုးစားပြီး နေ့လည်စာစားချိန်ကို ပျော်ပျော်ပါးပါးကုန်ဆုံးရင်း  အိမ်ပြန်တတ်ကြသူတွေဖြစ်ပါတယ်။

 

၅။ လူတိုင်းနဲ့ အဆင်ပြေအောင်နေတယ်

ဒီအချက်က လူတိုင်းမလုပ်နိုင်တဲ့ အရာတစ်ခုပဲဖြစ်ပါတယ်။ အလုပ်ခွင်တစ်ခုမှာ သူဌေးပဲအရေးကြီးတာမဟုတ်ပဲ လုပ်ဖော်ကိုင်ဖက်တွေကလည်း ကိုယ့်အတွက်အရေးပါတာ ဖြစ်ပါတယ်။ အလုပ်ခွင်မှာ လူတိုင်းနဲ့အဆင်ပြေအောင် နေတတ်တဲ့သူတွေဟာ အများရဲ့အားပေးထောက်ခံမှုကို ခံရတတ်တာကြောင့် ရာထူးတိုးဖို့ လွယ်ကူတာဖြစ်ပါတယ်။

<Unicode Version>

 

#soshwe

#soshwelifestyle

#soshweforyourdailylife

#likeandshare

- Advertisement -

Must Read