HomeLifeStyle"ပါကျဲ" လို ဝတ်ဆင်ပြီး ကိုယ်ဝန်ဆောင်အမှတ်တရဓာတ်ပုံရိုက်ခဲ့တဲ့ ဗီယက်နမ်အမျိုးသမီး။

“ပါကျဲ” လို ဝတ်ဆင်ပြီး ကိုယ်ဝန်ဆောင်အမှတ်တရဓာတ်ပုံရိုက်ခဲ့တဲ့ ဗီယက်နမ်အမျိုးသမီး။

- Advertisement -

ဗီယက်နမ်က ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးဟာ လူအများသိကြတဲ့ “အနောက်ဘက်သို့ ခရီးသွားခြင်း” ဇာတ်လမ်းတွဲထဲက “ပါကျဲ” ဇာတ်ကောင်လိုဝတ်ဆင်ပြီး ကိုယ်ဝန်ဆောင်အမှတ်တရဓာတ်ပုံတွေ ရိုက်ခဲ့ပါတယ်။

“ပါကျဲ” ဇာတ်ကောင်က သူမရဲ့ကိုယ်ဝန်ကို အသားပေးရိုက်လို့ အကောင်းဆုံးထင်မှတ်တဲ့အတွက် အခုလိုရိုက်ခဲ့တာဖြစ်ပါတယ်။ မိသားစုဓာတ်ပုံတွေကို အဓိကရိုက်ပေးတဲ့ ဗီယက်နမ်လူမျိုးဓာတ်ပုံဆရာ Lê Đình Tân က အဆိုပါအမျိုးသမီးရဲ့ဓာတ်ပုံတွေကို ရိုက်ကူးပေးခဲ့ခြင်းဖြစ်ပါတယ်။ “ပါကျဲ” ဇာတ်ကောင်လိုပဲ အနက်ရောင်ဝတ်စုံဝတ်ဆင်ထားတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ဓာတ်ပုံတွေက သဘာဝဆန်ပြီး ချစ်ဖို့ကောင်းလှပါတယ်။ အဆိုပါအမျိုးသမီးဟာ ပါကျဲလောက် မဝပေမယ့် ပါကျဲလို ဗိုက်ကလေးတော့ ထွက်နေပါတယ်။

- Advertisement -

- Advertisement -

“ပါကျဲ” ကိုင်ဆောင်လေ့ရှိတဲ့ လက်နက်မျိုးကို ကိုင်ပြီးတော့တောင် ဓာတ်ပုံတွေ ရိုက်ကူးခဲ့ပါတယ်။ ဖရဲသီးကိုင်ပြီး ရယ်မောပျော်ရွှင်နေတဲ့ပုံလေးက လူမှုကွန်ယက်အသုံးပြုသူတွေကို ဆွဲဆောင်ထားနိုင်မှာပါ။ နွားတစ်ကောင်ကို လက်ပြနေတဲ့ပုံ၊ နွားလိုက်လို့ ပြေးနေတဲ့ပုံတွေကိုလည်း ပါဝင်ပါတယ်။

ကိုယ်ဝန်ဆောင်အမှတ်တရအနေနဲ့ “ပါကျဲ” လို ဝတ်ဆင်ပြီး ရိုက်ခဲ့တဲ့ဓာတ်ပုံတွေကို ကိုယ်ဝန်ဆောင်အမျိုးသမီး Ngô Thị Hồng Tươi ရဲ့ဖေ့စ်ဘွတ်ခ်အကောင့်မှာ တင်ခဲ့ပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတချို့က သူတို့ရဲ့ခင်ပွန်းတွေကို mention ခေါ်ပြီး အလားတူဓာတ်ပုံမျိုး ရိုက်ချင်တဲ့အကြောင်း ပူဆာတဲ့ ကွန်မန့်တွေလည်း ပေးခဲ့ကြပါတယ်။ “ပါကျဲ” လို ဝတ်ဆင်ပြီး ဓာတ်ပုံရိုက်ကူးမှုက ဗီယက်နမ်မီဒီယာတွေမှာ တော်တော်လေး ပျံ့နှံ့ခဲ့ပါတယ်။

<Unicode Version>

 

#soshwe

#soshwelifestyle

#soshweforyourdailylife

- Advertisement -

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

twenty + 8 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...