HomeHealth & Beautyဆီးချိုရောဂါရဲ့ အစောပိုင်းလက္ခဏာရပ်များ။

ဆီးချိုရောဂါရဲ့ အစောပိုင်းလက္ခဏာရပ်များ။

ဆီးချိုရောဂါကို ထိန်းချုပ်နိုင်ဖို့အတွက် အကောင်းဆုံးနည်းကတော့ ဆရာဝန်နဲ့ပြပြီး တိုင်ပင်ကြည့်တာပဲဖြစ်ပါတယ်။ သင့်တင့်မျှတစွာ စားသုံးတာ၊ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းလုပ်တာ၊ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ ဘဝနေထိုင်မှုပုံစံကို ထိန်းသိမ်းတာကလည်း ဆီးချိုရောဂါကို ထိန်းနိုင်ဖို့အတွက် အရေးကြီးပါတယ်။

- Advertisement -

ကျွန်တော်တို့ခန္ဓာကိုယ်မှာ သဘာဝအလျောက် သကြားပမာဏ အနည်းငယ်ရှိပါတယ်။ စွမ်းအင်နဲ့အတူ ကျွန်တော်တို့ကို ထောက်ပံ့ပေးဖို့ သကြားဓာတ် လိုအပ်ပါတယ်။ ဒါပေမယ့် သတ်မှတ်ထားတဲ့ပမာဏထက် သကြားပမာဏ ကျော်လွန်သွားတဲ့အခါ သွေးအတွင်းသကြားဓာတ်များတဲ့အခြေအနေကို ကြုံတွေ့ရနိုင်ပါတယ်။ သွေးအတွင်း သကြားဓာတ်များတာက သင့်ရဲ့ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို ပျက်စီးစေနိုင်ပြီး အခြားကျန်းမာရေးပြဿနာတွေ ဖြစ်လာစေနိုင်ပါတယ်။ သွေးအတွင်းသကြားဓာတ်များတဲ့ ဆီးချိုရောဂါရဲ့နောက်ကွယ်က အဓိကအကြောင်းအရင်းကိုတော့ မသိကြပါဘူး။

ဒါပေမယ့် ဆီးချိုရောဂါကို ထိန်းချုပ်နိုင်ဖို့အတွက် အကောင်းဆုံးနည်းကတော့ ဆရာဝန်နဲ့ပြပြီး တိုင်ပင်ကြည့်တာပဲဖြစ်ပါတယ်။ သင့်တင့်မျှတစွာ စားသုံးတာ၊ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းလုပ်တာ၊ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ ဘဝနေထိုင်မှုပုံစံကို ထိန်းသိမ်းတာကလည်း ဆီးချိုရောဂါကို ထိန်းနိုင်ဖို့အတွက် အရေးကြီးပါတယ်။ ဆီးချိုရောဂါကို အချိန်အကြာကြီးမကုသဘဲ ထားမယ်ဆိုရင် ပြင်းထန်တဲ့ ကျန်းမာရေးအခြေအနေ ရှိလာနိုင်ပါတယ်။ ဒါကြောင့် ဆီးချိုရောဂါဖြစ်နေတယ်လို့ သိနိုင်တဲ့ အစောပိုင်းလက္ခဏာရပ်တွေကတော့ . . .

 

- Advertisement -

(၁) ဆီးမကြာခဏသွားခြင်း။

- Advertisement -

သွေးအတွင်းသကြားဓာတ်များလာတဲ့အခါ သကြားတွေက ဆီးမှာ စုပြုံလာတာကြောင့် သင့်ကျောက်ကပ်တွေက သကြားဓာတ်ကို ကောင်းကောင်းစစ်ထုတ်နိုင်ခြင်း မရှိတော့ပါဘူး။ ရလဒ်အနေနဲ့ မကြာခဏ ဆီးသွားခြင်းကိုဖြစ်စေပြီး ပုံမှန်ထက် ဆီးခဏခဏသွားနေတယ်ဆိုရင် ဆီးချိုရောဂါရဲ့ လက္ခဏာရပ် ဖြစ်နိုင်ပါတယ်။

 

(၂) ရုတ်တရက်ကိုယ်အလေးချိန်ကျသွားခြင်း။

သွေးအတွင်းသကြားဓာတ်မြင့်မားလာရင် သင့်ခန္ဓာကိုယ်က မထင်မှတ်ထားလောက်အောင် ကိုယ်အလေးချိန် ကျဆင်းသွားမှာဖြစ်ပါတယ်။ သင့်ခန္ဓာကိုယ်က စွမ်းအင်နဲ့အတူ ဂလူးကို့စ်ကို မသုံးနိုင်တော့တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် သင့်ခန္ဓာကိုယ်မှာ အဆီတွေ လောင်ကျွမ်းလာပြီး ကိုယ်အလေးချိန်ကျသွားရပါတယ်။ ကိုယ်အလေးချိန်ချဖို့ကြိုးစားနေတာမဟုတ်ဘူးဆိုရင် ဆီးချိုရောဂါဖြစ်နေတယ်ဆိုတဲ့ လက္ခဏာရပ်ပါပဲ။

 

(၃) အမြင်အာရုံအားနည်းလာခြင်း။

သွေးအတွင်းသကြားဓာတ်မြင့်မားမှုက သင့်အမြင်အာရုံကို ပျက်စီးစေပါတယ်။ သင့်ရဲ့မျက်စိကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး အမြင်အာရုံဆုံးရှုံးနိုင်ခြေများပါတယ်။ အမြင်အာရုံမှာ ရုတ်တရက်ပြောင်းလဲမှုဖြစ်လာရင် ဆီးချိုရောဂါရဲ့လက္ခဏာရပ်ဖြစ်နိုင်တဲ့အတွက် ဆရာဝန်နဲ့ ပြကြည့်သင့်ပါတယ်။

 

- Advertisement -

(၄) အသားအရောင်ပြောင်းလဲလာခြင်း။

သွေးတွင်းသကြားဓာတ်များလာရင် အသားအရေအရောင် ပြောင်းလဲတာတွေဖြစ်လာနိုင်ပါတယ်။ အထူးသဖြင့် လည်ပင်းတစ်ဝိုက်၊ ခြေဆစ်လက်ဆစ်နေရာတွေမှာ အဖြစ်များပြီး အရေပြားမှာ ရုတ်တရက်မဲလာရင် ဆရာဝန်နဲ့ ပြကြည့်သင့်ပါတယ်။

 

(၅) ပင်ပန်းနွမ်းလျလွန်းခြင်း။

ကျန်းမာရေးနဲ့ညီညွှတ်စွာစားသုံးပြီး ကောင်းကောင်းအနားယူပေမယ့် မောပန်းနွမ်းလျသလို ခံစားရရင် ဆီးချိုရောဂါရဲ့ သတိပေးလက္ခဏာရပ် ဖြစ်နိုင်ပါတယ်။ ဆီးချိုရောဂါက မကြာခဏ ရေဓာတ်ကုန်ခန်းတာနဲ့ ပင်ပန်းတာတွေ ခံစားရနိုင်ပါတယ်။

<Unicode Version>

 

#soshwe

#soshwehealthandbeauty

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

one × two =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...