HomeLifeStyleဘတ်စကက်ဘောစွမ်းရည်ကြောင့် လူမှုကွန်ယက်မှာ နာမည်ကြီးခဲ့တဲ့ အသက် ၇၁ နှစ်အရွယ်အဘွားအို။

ဘတ်စကက်ဘောစွမ်းရည်ကြောင့် လူမှုကွန်ယက်မှာ နာမည်ကြီးခဲ့တဲ့ အသက် ၇၁ နှစ်အရွယ်အဘွားအို။

- Advertisement -

မက္ကဆီကန်မှ အန်ဒရီယာ ဂါစီယာ လိုပက်ဇ်ကို အသက်(၇၁) နှစ် လောက်ရှိမယ်လို့ မည်သူမျှ ထင်ကြမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်က လက်ဖျားခါလောက်စရာ ကောင်းလို့ပါ။ အဘွား အန်ဒရီယာတယောက် လူမှုကွန်ယက်မှာ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်ကို ပြသထားတဲ့ဗီဒီယို ပျံ့နှံ့သွားခဲ့ပြီးနောက် နာမည်ကြီးသွားခဲ့တာ ဖြစ်ပါတယ်။

San Esteban Atatlahuca မြို့လေးက ဘတ်စကက်ဘောကစားရုံမှာ ဘတ်စကက်ဘောကစားနေတဲ့ အဘွားအန်ဒရီယာရဲ့အရည်အချင်းကြောင့် သူမကို “အဘွားဂျော်ဒန်” လို့ နာမည်ပြောင်ပေးခဲ့ကြပါတယ်။ ဗီဒီယိုထဲမှာ အဘွားအန်ဒရီယာက အခြားကစားသမားတွေကို ကျော်ဖြတ်ပြီး ဘောလုံးကို ဘတ်စကက်ဘောခြင်းထဲ သွင်းပြခဲ့တာကို တွေ့မြင်ရမှာဖြစ်ပါတယ်။

- Advertisement -

အဘွား အန်ဒရီယာ ဘတ်စကတ်ဘောကစားနေတဲ့ဗီဒီယိုကို မြေးဖြစ်သူက လူမှုကွန်ယက်မှာ တင်ခဲ့ခြင်းဖြစ်ပြီး ကြည့်ရှုသူပေါင်း (၁) သန်းရှိခဲ့ကာ အဘွားရဲ့ဘက်စကတ်ဘောစွမ်းရည်နဲ့ပတ်သက်ပြီး ချီးကျူးခဲ့ကြပါတယ်။ အဘွား အန်ဒရီယာ ဂါစီယာ လိုပက်ဇ်ဟာ လက်မှုပညာသည်တစ်ယောက်ဖြစ်ပြီး သူမရဲ့ ဒူးနာစပြုလာပေမယ့် နောက်နှစ်တွေမှာ ဘတ်စကက်ဘောဆက်လက်ကစားနိုင်ဖို့ မျှော်လင့်နေတုန်းလို့ သိရပါတယ်။

- Advertisement -

<Unicode Version>

 

#soshwe

#soshwelifestyle

#soshweforyourdailylife

#likeandshare

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

13 − three =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...