HomeTechမန်ချက်စတာယူနိုက်တက်အသင်းကို ဝယ်ယူဖို့ စီစဉ်နေတယ်လို့ ပြောကြားလိုက်တဲ့ Elon Musk

မန်ချက်စတာယူနိုက်တက်အသင်းကို ဝယ်ယူဖို့ စီစဉ်နေတယ်လို့ ပြောကြားလိုက်တဲ့ Elon Musk

- Advertisement -

Elon Musk အနေနဲ့ Twitter နဲ့ သဘောတူညီချက် ပျက်သွားပြီးနောက် ထိပ်တန်းဘောလုံးအသင်းတစ်သင်းကို ဝယ်ယူရန် ကြိုးပမ်းနေတယ်လို့ သတင်းရရှိပါတယ်။ ကမ္ဘာ့အချမ်းသာဆုံးသူဌေးက မန်ချက်စတာယူနိုက်တက်ကို ဝယ်ယူတော့မယ်လို့ တွစ်တာမှာ Tweet ခဲ့သော်လည်း ဘီလျံနာကြီးအနေနဲ့ လေးလေးနက်နက်ပြောဆိုခြင်းလား ဒါမှမဟုတ် ထုံးစံအတိုင်း ရယ်မောစရာတခုအနေနဲ့ Tweet ခဲ့တာလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

Elon Musk ရဲ့ ကြုံရာကျပန်း tweet ပြီးနောက်မှာတော့ “ ငါ့အနေနဲ့ ရှင်းအောင်ပြောရရင် ရီပတ်ဘလီကန်ပါတီရဲ့ ဘယ်ဘက်တစ်ဝက်နဲ့ ဒီမိုကရက်တစ်ပါတီရဲ့ ညာဘက်တစ်ဝက်ကို ထောက်ခံပါတယ်။ ” ဆိုပြီး ပို့စ်တခုတက်လာပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ အင်္ဂလန်မှာ လိဂ်ဖလား အကြိမ် (၂၀) အထိရရှိထားကာ အားကစားလောကမှာ ထင်ရှားကျော်ကြားတဲ့ အသင်းတသင်းဖြစ်ပြီး ဥရောပဖလားကိုလည်း သုံးကြိမ်တိတ် ဆွတ်ခူးထားနိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ ယူနိုက်တက်အသင်းကို ဂလေဇာမိသားစုက ပိုင်ဆိုင်ထားပြီး Reuters သတင်းဌာနရဲ့ စုံစမ်းမေးမြန်းတာကိုတော့ ပြန်လည်ဖြေကြားခြင်း မရှိသေးပါဘူး။

ဂလေဇာမိသားစုအနေနဲ့ ယူနိုက်တက်အသင်းကို ၂၀၀၅ ခုနှစ်တုန်းက ဒေါ်လာ ၉၅၅.၅၁ သန်းဖြင့် ဝယ်ယူခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ အသင်းရဲ့ အောင်မြင်မှု ကင်းမဲ့မှုအတွက် ပရိသတ်တွေရဲ့ ဒေါသကို ရင်ဆိုင်ခဲ့ရပါတယ်။ Forbes မှပြုလုပ်ထားတဲ့ စာရင်းပြုစုချက်တွေအရ ပြီးခဲ့တဲ့မေလတုန်းက အသင်းရဲ့တန်ဖိုးမှာ ကန်ဒေါ်လာ ၄ ဒသမ ၆ ဘီလီယံဖြစ်တယ်လို့သိရပြီး ပြီးခဲ့တဲ့ရက်အချို့ စတော့ဈေးကွက်ပိတ်ချိန်တွင် ဈေးကွက်တန်ဖိုးမှာ ဒေါ်လာ ၂.၀၈ ဘီလီယံသာရှိတော့တယ်လို့ သိရပါတယ်။

- Advertisement -

Musk အနေနဲ့ ယခုနှစ်အစောပိုင်းတုန်းက Twitter ကို ကန်ဒေါ်လာ ၄၄ ဘီလီယံဖြင့် ဝယ်ယူရန် သဘောတူညီမှု ရရှိခဲ့ကြောင်းလည်း ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် Twitter အနေနဲ့ ၎င်းတို့ရဲ့ Platform မှာ အကောင့်အတု အရေအတွက်ကို အပြည့်အ၀ မဖော်ပြဘူးလို့ဆိုကာ သဘောတူညီချက်ကို ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။

- Advertisement -

<Unicode Version>

 

#soshwe

#soshwetech

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

two + 12 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...