HomeOtherကမ္ဘာပေါ်မှာ လျှို့ဝှက်ဆန်းကြယ်စွာ တည်ရှိနေတဲ့အရာများ။

ကမ္ဘာပေါ်မှာ လျှို့ဝှက်ဆန်းကြယ်စွာ တည်ရှိနေတဲ့အရာများ။

- Advertisement -

ကမ္ဘာပေါ်မှာ သိပ္ပံပညာရှင်တွေနဲ့ သာမာန်ခရီးသွားတွေကို ရှုပ်ထွေးသွားစေနိုင်တဲ့ အရာဝတ္တုတွေနဲ့ နေရာပေါင်းများစွာ တည်ရှိနေပါတယ်။ တစ်ခါတစ်လေမှာ ဒီဖြစ်တည်မှုတွေက ကျွန်တော်တို့ရဲ့ ဘိုးဘေးဘီဘင်ကတတည်းက သဘာဝကနေပြုလုပ်ထားပုံရပြီး လျို့ဝှက်ဆန်းကြယ်တဲ့ အဆောက်အဦးတွေက ရှေးဟောင်းသုတေသနပညာရှင်တွေကို ပဟေဠိဆန်စေခဲ့ပါတယ်။ ဆက်လက်ပြီး ကမ္ဘာပေါ်မှာ လျို့ဝှက်ဆန်းကြယ်စွာ တည်ရှိနေတဲ့ ဖြစ်တည်မှုတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

 

(၁) ဆီးရီးယားနိုင်ငံ Ain Dara ဘုရားကျောင်းရှိ ဧရာမခြေရာကြီးများ။

- Advertisement -

- Advertisement -

ဆီးရီးယားနိုင်ငံ Ain Dara ရှိ သံခေတ်ဘုရားကျောင်းကြမ်းပြင်တွင် ထွင်းထုထားတဲ့ ကြီးမားတဲ့ခြေရာတစုံကို တွေ့ရှိခဲ့ကြပြီး နောက်ထပ်ခြေရာတစုံကိုတော့ တံခါးအဝင်ဝမှာ တွေ့ရှိခဲ့ပါတယ်။ ခြေရာတခုစီဟာ အလျားတမီတာခန့် ရှည်လျားပြီး သုံးပေခန့််ကြီးမားတာ ဖြစ်ပါတယ်။

 

(၂) ဆာဟာရမျက်လုံး။

Richat structure သို့မဟုတ် ဆာဟာရမျက်လုံးဟာ ဆာဟာရသဲကန္တရမှာ တည်ရှိတဲ့ ဘူမိဗေဒဆိုင်ရာ အင်္ဂါရပ်တစ်ခုဖြစ်ပါတယ်။ အစောပိုင်းမှာတော့ ဘူမိဗေဒပညာရှင်တွေက ဒါဟာ ဂြိုလ်သိမ်ဂြိုလ်မွှားတစ်ခုရဲ့ ရိုက်ခတ်မှုကြောင့် ဖြစ်တယ်ဆိုပြီး ယူဆခဲ့ကြပါတယ်။ ဒါပေမယ့် လေ့လာမှုတွေအရ အဆိုပါဖွဲ့စည်းပုံအတွင်းရှိ ကျောက်တုံးတွေဟာ ကမ္ဘာမြေကို အခြေခံထားကြောင်း တွေ့ရှိပြီးနောက် အစောပိုင်းအယူအဆကို ငြင်းဆိုခဲ့ကြပါတယ်။

 

(၃) Bosnia မှာရှိတဲ့ Stone Sphere Ball

- Advertisement -

Bosnia တောအုပ်ထဲမှာ တွေ့ရှိခဲ့တဲ့ (၁၀) ပေရှိတဲ့ ကျောက်ဘောလုံးတစ်လုံးဟာ ပြီးပြည့်စုံတဲ့ စက်ဝိုင်းပုံသဏ္ဌာန်ရှိပြီး သိပ္ပံပညာရပ်ဆိုင်ရာအရ အပြင်းအထန် ဆွေးနွေးခဲ့ကြပါတယ်။ ဒီကျောက်တုံးဟာ သဘာဝအရ ဒါမှမဟုတ် ပျောက်ဆုံးသွားတဲ့ လူမှုတိုးတက်မှုတွေကြောင့်လားဆိုတာကို အဖြေရှာခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ ဒီကျောက်ဘောလုံးတွေဟာ နှစ်သန်းပေါင်းများစွာ သက်တမ်းရှိပြီး ဒါဟာ စည်းလုံးခြင်းလုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

 

(၄) Ellora, India

Ellora ဂူထဲမှာရှိတဲ့ Kailasa ဘုရားကျောင်းဟာ ကမ္ဘာပေါ်ရှိ အဆန်းကြယ်ဆုံးနဲ့ အကြီးဆုံးသော ဆောက်လုပ်ရေးတွေထဲကတစ်ခုဖြစ်ပြီး ကျောက်တုံးတွေကို ထွင်းထုထားတဲ့ပုံစံမျိုးနဲ့ ဆောက်လုပ်ထားတာ ဖြစ်ပါတယ်။ ခေတ်သစ်ရှေးဟောင်းသုတေသနပညာရှင်တွေက ရှေးခေတ်အိန္ဒိယလူမျိုးတွေအနေနဲ့ ဘာကြောင့်ဒီလိုမျိုး ထူးခြားတဲ့ဖွ့ဲစည်းပုံကို ပြုလုပ်ခဲ့ကြကြောင်း ခန့်မှန်းချက်တွေ ပြုလုပ်ခဲ့ကြပါတယ်။

<Unicode Version>

 

#soshwe

#soshwenews

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

14 + 14 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...