HomeEntertainmentမကြာခဏ ဆံပင်အရောင်ပြောင်းခြင်းရဲ့ နောက်ကွယ်ကအကြောင်းအရာကို ထုတ်ဖော်ပြောကြားလာတဲ့ BLACKPINK အဖွဲ့ဝင် Lisa (Video နဲ့တကွ)

မကြာခဏ ဆံပင်အရောင်ပြောင်းခြင်းရဲ့ နောက်ကွယ်ကအကြောင်းအရာကို ထုတ်ဖော်ပြောကြားလာတဲ့ BLACKPINK အဖွဲ့ဝင် Lisa (Video နဲ့တကွ)

- Advertisement -

Kpop idol အများစုကို ဓာတ်ပုံတွေမှာ ပြီးပြည့်စုံတယ်လို့ထင်ရပေမယ့် အများစုကတော့ ၎င်းတို့ရဲ့အခြေအနေကို လက်တွေ့ကျကျ ရှုမြင်တတ်ကြတာဖြစ်ပါတယ်။ Blackpink အဖွဲ့ဝင် Lisa မှလည်း ဆံပင်နဲ့ပတ်သက်လာရင် ဘာ filter မှမပါတဲ့ ဆံပင်အစစ်တွေကို ကြိုက်နှစ်သက်သူဖြစ်တယ်လို့ သိရပါတယ်။ ‘LILI’s FILM’ vlog တွင် Lisa က သူမရဲ့ဆံပင်ပျက်စီးတဲ့အကြောင်းကို ဆွေးနွေးခဲ့ပြီး ‘Lovesick Girls’ ကို ပရိုမိုးရှင်းလုပ်ပြီးနောက် သူမရဲ့ဆံံပင်ပျက်စီးခဲ့တဲ့အကြောင်းကို မျှဝေခဲ့ပါတယ်။

‘LILI’s FILM’ vlog မှာတော့ Lisa က ပါရီမြို့ရှိ သူမရဲ့ဖက်ရှင်ပွဲတွေနောက်က ပြင်ဆင်မှုတွေဆီသို့ ပရိတ်သတ်တွေကို ခေါ်သွားခဲ့ပြီး အဆိုပါဗီဒီယိုထဲမှာတော့ Lisa က အင်တာနက်ကို ရိုက်ခတ်သွားစေခဲ့တဲ့ သူမရဲ့အထင်ရှားဆုံး အသွင်အပြင်နှစ်ခုရဲ့နောက်ကွယ်က လက်ရာတွေကို ပြသခဲ့ပါတယ်။ ဗီဒီယိုအစမှာ Lisa က BVLGARI’s ‘Eden, The Garden of Wonders’ လက်ဝတ်ရတနာစုဆောင်းခြင်းပွဲအတွက် ပြင်ဆင်နေခဲ့တာကို တွေ့မြင်ရမှာဖြစ်ပါတယ်။

- Advertisement -

သူမရဲ့ဆံပင်ပုံစံကို ပြင်ဆင်နေစဉ်မှာ ပရိတ်သတ်တစ်ဦးက သူမ,ဆံပင် မရှည်လာရတဲ့အကြောင်းအရင်းကို မေးမြန်းခဲ့ကြောင်း Lisa က ပြောကြားခဲ့ပါတယ်။ ဆံပင်မညုပ်ပဲထားထားပေမယ့် အခုလိုမျိုးပုံစံဖြစ်နေတာကို သူမ,အံ့သြမိကြောင်း Lisa ကဆိုပါတယ်။ အဲနောက်မှာတော့ Lisa က CELINE ရှိုးအတွက် သူမရဲ့ ‘Rock’ အပြင်အဆင်ပုံစံနဲ့ ကိုက်ညီတဲ့ဆံပင်ပုံစံကို လုပ်ဆောင်ခဲ့ပါတယ်။

- Advertisement -

Lisa ရဲ့ဆံပင်ဟာ အရောင်ချွတ်ခြင်းနဲ့ အဆက်မပြတ် ဆံပင်ပုံစံပြောင်းလဲခြင်းတို့ကြောင့် ဆံပင်တွေပျက်စီးကာ ကြီးထွားနှုန်းကို နှေးသွားစေကြောင်း သူမက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ သူမရဲ့ ကျိုးကြေနေတဲ့ဆံပင်တွေကို ပရိတ်သတ်တွေထံပြသခဲ့ပြီး ဆံပင်ပိုရှည်လာစေမယ့် ဆံပင်ပုံစံသစ်ကို ရှာဖွေနေကြောင်းလည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။

<Unicode Version>

 

#soshwe

#soshweentertainment

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

2 × 4 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...