HomeTechကိုယ်ပိုင် Social Media ပလက်ဖောင်း တည်ထောင်မယ်ဆိုပြီး ပြောကြားလိုက်တဲ့ Elon Musk

ကိုယ်ပိုင် Social Media ပလက်ဖောင်း တည်ထောင်မယ်ဆိုပြီး ပြောကြားလိုက်တဲ့ Elon Musk

- Advertisement -

Tesla သူဌေး အီလွန်မတ်စ်ဟာ X.com နာမည်နဲ့ Social Media တည်ထောင်မယ်ဆိုပြီး ပြောကြားလိုက်ပါတယ်။ အဆိုပါ Domain နာမည်က သူအရင် ထောင်ထားတဲ့ နည်းပညာလုပ်ငန်းတစ်ခုရဲ့ နာမည်ဖြစ်တယ်လို့ သိရပါတယ်။ X.com ဟာ ပြိုင်ဘက် အွန်လိုင်း Banking ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Confinity Inc နဲ့ ပေါင်းစည်းခဲ့ပြီးနောက်ပိုင်းမှာ PayPal ဆိုပြီး Global Brand တစ်ခုအဖြစ် ကမ္ဘာကျော်ခဲ့ပါတယ်။ အီလွန်မတ်စ်ဟာ PayPal ကို အွန်လိုင်းလေလံအရောင်းဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ eBay ကို ၂၀၀၂ ခုနှစ်တုန်းက ဒေါ်လာ ၁.၅ ဘီလျံနဲ့ ရောင်းချခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်အချို့က Twitter ပေါ်မှာ “Twitter နဲ့ အရောင်းအဝယ်ဖြစ်မလာခဲ့ရင် ကိုယ်ပိုင် လူမှုကွန်ရက်ပလက်ဖောင်း ဖန်တီးဖို့ စဉ်းစားထားသလား” ဆိုတဲ့ Tweet ကို အီလွန်မတ်စ်က “X.com” ဆိုပြီး Reply ပြန်ခဲ့ပါတယ်။ Twitter နဲ့ အရောင်းအဝယ်ကိစ္စ ဖျက်သိမ်းခဲ့တာကြောင့် တရားရင်ဆိုင်နေရတဲ့ အီလွန်မတ်စ်ဟာ အခြေအနေအရ Twitter ကို ဝယ်ဖြစ်ခဲ့ရင် အရေးပေါ်အနေနဲ့ လက်ထဲငွေရှိနေဖို့ ဒေါ်လာ ၆.၉ ဘီလျံတန် Tesla ရှယ်ယာ ၇.၉၂ သန်းကို ထုတ်ရောင်းပြီးနောက် အခုလို မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

ဩဂုတ်လ ၅ ရက်ကနေ ၉ ရက်အတွင်း အီလွန်မတ်စ်ဟာ အစုရှယ်ယာပေါင်း ၇၉၂၄၁၀၇ စုအတွက် အစုရှယ်ယာတစ်စုကို ပျမ်းမျှ ၈၇၅ ဒေါ်လာနှုန်းနဲ့ ရောင်းချခဲ့ပါတယ်။ အစုရှယ်ယာ ၈ သန်းနီးပါး (ကန်ဒေါ်လာ ၆.၉ ဘီလျံဖိုး) ရောင်းချမှုကနေ ဖက်ဒရယ်အခွန်ဌာနကို ရောင်းရတဲ့အထဲက ဒေါ်လာ ၁.၆၅ ဘီလျံခန့် ပေးရမှာဖြစ်လို့ သူ့အနေနဲ့ ဒေါ်လာ ၅.၂၅ ဘီလျံခန့်ပဲ ရရှိမှာပါ။ Twitter ဝယ်ဖို့အတွက် ပြီးခဲ့တဲ့ဧပြီလကလည်း သူ့ကိုယ်ပိုင် Tesla ရှယ်ယာ ၈.၄ ဘီလျံဖိုးကို ရောင်းချခဲ့ပါသေးတယ်။ အသက် ၅၁ နှစ်အရွယ် အီလွန်မတ်စ်ဟာ ပြီးခဲ့တဲ့ ၁၀ လအတွင်း သူ့ရဲ့ Tesla အစုရှယ်ယာ ၃၂ ဘီလျံဖိုးဝန်းကျင် ရောင်းချခဲ့ပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။

- Advertisement -

အကောင့်တုကိစ္စ အကြောင်းပြုပြီး Twitter ကို မဝယ်တော့ဘူးဆိုပြီး ပြောခဲ့တဲ့နောက် အီလွန်မတ်စ်နဲ့ Twitter အကြား ဥပဒေရေးရာတိုက်ပွဲတွေ စတင်ခဲ့ပါတယ်။ Twitter ကို အစုရှယ်ယာတစ်ခု ၅၄.၂၀ ဒေါ်လာနှုန်းနဲ့ ဒေါ်လာ ၄၄ ဘီလျံပေးပြီး ဝယ်မယ်ဆိုတဲ့ အီလွန်မတ်စ်ရဲ့ကမ်းလှမ်းမှုကို အစောပိုင်းက ကုမ္ပဏီရှယ်ယာရှင်တွေ သဘောမတူခဲ့ပေမယ့် နောက်ပိုင်းမှာ ရောင်းချဖို့ ခေါင်းငြိမ့်ခဲ့ပါတယ်။ ပြဿနာက Twitter လူမှုကွန်ရက်ပေါ်က တကယ်သုံးစွဲသူမဟုတ်တဲ့ အကောင့်တုအရေအတွက်ကိစ္စပဲ ဖြစ်ပါတယ်။ Twitter ဘက်က အကောင့်တုအရေအတွက်ဟာ အသုံးပြုသူဦးရေရဲ့ ၅% အောက်ပဲ ရှိတယ်လို့ ထုတ်ပြန်ခဲ့တဲ့အပေါ် အီလွန်မတ်စ်က သဘောတူခဲ့ခြင်းမရှိဘဲ ကိုယ်တိုင်စစ်ဆေးခွင့်ပြုဖို့ တောင်းဆိုခဲ့တာတွေရှိပြီး ဒါကို Twitter ဘက်က လက်မခံခဲ့တဲ့နောက် အီလွန်မတ်စ်က အရောင်းအဝယ်ဖျက်ခဲ့တာ ဖြစ်ပါတယ်။

- Advertisement -

Twitter နဲ့ အီလွန်မတ်စ်တို့ဟာ အောက်တိုဘာ ၁၇ ရက်နေ့ ဒီလာဝဲလ်တရားရုံးမှာ တရားရင်ဆိုင်ရတော့မှာဖြစ်ပြီး အီလွန်မတ်စ်ဘက်ကလည်း Twitter ကို အပြန်အလှန် တရားစွဲထားတာ ရှိပါတယ်။ အမှုကိစ္စ အရှိန်တက်နေချိန်မှာ Twitter ကို အစားထိုးနိုင်မယ့် Social Media အသစ်တစ်ခု ကိုယ်တိုင်ထောင်မယ်လို့ အီလွန်မတ်စ်ဘက်က သွေးတိုးစမ်း ပြောလာတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းကလည်း Twitter User တစ်ဦးက မတ်စ်ကို mention ခေါ်ပြီး Social Media ပလက်ဖောင်းအသစ် တည်ထောင်ဖို့ စဉ်းစားနေသလားဆိုတဲ့မေးခွန်းကို အလေးအနက်စဉ်းစားနေတယ်လို့ မတ်စ်က ပြန်ဖြေထားတာ ရှိပါတယ်။

X.com ကို Twitter နဲ့ အပြိုင် လူမှုကွန်ရက်ပလက်ဖောင်းတစ်ခုအဖြစ် အသက်သွင်းဖြစ်မယ်ဆိုရင် မတ်စ်ဟာ အကောင့်တု Bots ရှင်းလင်းရေးနဲ့ ဆင်ဆာဖြတ်မှုလျှော့ချရေးကို ဦးစားပေးသွားဖို့ရှိပါတယ်။ အရင်ကလည်း မက်စ်အနေနဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို Ban တဲ့ Twitter ရဲ့ အပြုအမူနဲ့ Twitter ပေါ်က လူမဟုတ်တဲ့ အကောင့်တု Bots ကိစ္စကို ဝေဖန်ကန့်ကွက်ခဲ့ပါတယ်။ X.com နာမည်နဲ့ Social Media ထောင်မယ်ဆိုတာ Twitter ကို တမင်သက်သက် ကလိလိုက်တာလား အတည်လားဆိုတာကတော့ အီလွန်မတ်စ်ပဲ သိမယ့်ကိစ္စဖြစ်ပါတယ်။

<Unicode Version>

 

#soshwe

#soshwetech

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

five × 2 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...