HomeOtherဘန်ကောက်မှာ ပထမဦးဆုံးဖွင့်လှစ်လိုက်ပြီဖြစ်တဲ့ ဆေးခြောက်ကော်ဖီဆိုင်။

ဘန်ကောက်မှာ ပထမဦးဆုံးဖွင့်လှစ်လိုက်ပြီဖြစ်တဲ့ ဆေးခြောက်ကော်ဖီဆိုင်။

- Advertisement -

၂၀၁၈ ခုနှစ်တုန်းက ထိုင်းနိုင်ငံဟာ ဆေးခြောက်ကို ဆေးဘက်ဆိုင်ရာအသုံးပြုမှုအတွက် တရားဝင်ခွင့်ပြုသည့် ပထမဆုံး အရှေ့တောင်အာရှနိုင်ငံ ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ ဇွန်လမတိုင်ခင်အထိ တရားဝင်အသုံးပြုခွင့် မရရှိသေးပါဘူး။

RG420 လို့အမည်ရတဲ့ ဆေးခြောက်ကော်ဖီဆိုင်ကို နိုင်ငံခြားခရီးသွားတွေနဲ့ ရေပန်းစားပြီး ရာနှင့်ချီသော ပြည်တွင်းပြည်ပ ဖောက်သည်များ စုပြုံရောက်ရှိနေပြီဖြစ်တဲ့ Khao San မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။ အခုလို ဆေးခြောက်ကဖေးတွေကို ထိခိုက်စေနိုင်တဲ့ ဆေးခြောက်သုံးစွဲမှုကိုထိန်းညှိရန် ဥပဒေကြမ်းကို ပါလီမန်ကော်မတီကလည်း အခြေအတင် ဆွေးနွေးနေပြီဖြစ်ပါတယ်။

RG420 ပိုင်ရှင် Ongard Panyachatiraksa နဲ့ အခြားဆိုင်ပိုင်ရှင်များက ၎င်းတို့ရဲ့ကဖေးဆိုင်များဟာ GDP ၁၂ ရာခိုင်နှုန်းခန့် မြင့်မားလာနိုင်ပြီး ခရီးသွားလုပ်ငန်းကို ပြန်လည်အသက်သွင်းရန်ကြိုးပမ်းမှုမှာ အရေးပါတယ်ဆိုပြီး သုံးသပ်ထားကြပါတယ်။ နိုင်ငံခြားသားဝင်ရောက်မှု ပမာဏကလည်း ၂၀၂၂ ခုနှစ် ပထမနှစ်ဝက်တွင် (၂) သန်းသာရှိခဲ့ပြီး ၂၀၁၉ ခုနှစ်တုန်းက သန်း (၄၀) အထိ ရှိခဲ့ပါတယ်။ “ ဆေးခြောက်နှင့် ခရီးသွားလုပ်ငန်းဟာ တစ်ထပ်တည်းကျပါတယ်။ ” ဆိုပြီး Panyachatiraksa က ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

- Advertisement -

ဇွန်လမှာ ထုတ်ပြန်ခဲ့တဲ့ ဥပဒေအသစ်နဲ့ပတ်သက်ပြီး CNN သတင်းဌာနက “ အခုလိုထုတ်ပြန်လိုက်တဲ့ ဥပဒေအသစ်ဟာ ဆေးခြောက်နဲ့ ဆက်စပ်ပစ္စည်းတွေ ရောင်းဝယ်ဖောက်ကားခြင်းမှာ ကြီးမားတဲ့ရာဇဝတ်မှုတွေ မဖြစ်နိုင်တော့ခြင်း ၊ ရောဂါကုသဖို့အတွက်လည်း တရားဝင်အသုံးပြုလို့ရခြင်း ၊ ကော်ဖီဆိုင်များနှင့် စားသောက်ဆိုင်တွေအနေနဲ့လည်း ဆေးခြောက်ထည့်ထားတဲ့ အစားအစာများနဲ့ အဖျော်ယမကာများကိုလည်း ဝန်ဆောင်မှုပေးနိုင်ပါတယ်။ ဒါပေမယ့် ထုတ်ကုန်များမှာ tetrahydrocannabinol (THC) 0.2%  ထက်နည်းတဲ့ပမာဏပဲ ပါဝင်ရပါမယ်။” ဆိုပြီး ထည့်သွင်းဖော်ပြခဲ့ပါတယ်။

- Advertisement -

<Unicode Version>

 

#soshwe

#soshwenews

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

one × two =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...