HomeEducationတပတ် (၃) ရက်သာဖွင့်ရန် ပြင်ဆင်နေတဲ့ UK ကျောင်းများ။

တပတ် (၃) ရက်သာဖွင့်ရန် ပြင်ဆင်နေတဲ့ UK ကျောင်းများ။

- Advertisement -

UK နိုင်ငံတစ်ဝှမ်းရှိ ကျောင်းများဟာ ကျောင်းဆရာများရဲ့လစာနဲ့ စွမ်းအင်ကုန်ကျစရိတ်များ မြင့်တက်နေသောကြောင့် ဆောင်းဦးရာသီမှာ သုံးရက်ကြာ သီတင်းပတ်သို့ ပြောင်းရွှေ့ဖို့အတွက် ပြင်ဆင်နေကြပါတယ်။ ကုန်ကျစရိတ်တွေဟာ ခွင့်ပြုထားတဲ့ဘက်ဂျက်ထက် ပိုမိုများပြားလာပြီး စက်တင်ဘာလမှာ ချီးမြှင့်မယ့် ဆရာ၊ ဆရာမများရဲ့ လစာတိုးမြှင့်မှုနှင့်အတူ ဖိအားများ ထပ်မံတိုးလာမှာလည်း ဖြစ်ပါတယ်။ စွမ်းအင်ကုန်ကျစရိတ်ဟာလည်း ၃၀၀ ရာခိုင်နှုန်းအထိ မြင့်တက်လာဖွယ်ရှိကြောင်း The Telegraph က ဖော်ပြခဲ့ပါတယ်။

အမည်မဖော်လိုတဲ့ နိုင်ငံအတွင်းရှိ ထိပ်တန်းအကယ်ဒမီတစ်ခုရဲ့ အမှုဆောင်အရာရှိချုပ်က “ တိုတောင်းတဲ့စာသင်ရက်တွေ ၊ ကြွယ်ဝမှုအခွင့်အလမ်းတွေနဲ့ စွမ်းအင်အသုံးပြုမှုအပေါ် ပြင်းထန်လွန်းတဲ့ ကန့်သတ်ချက်တွေဟာ လက်တွေ့ဖြစ်လာပါလိမ့်မယ်။ အထူးသဖြင့် သေးငယ်တဲ့ သီးသန့်ကျောင်းတွေအတွက် အခုအခြေအနေဟာ စိန်ခေါ်မှုအကြီးကြီး ဖြစ်လာပါလိမ့်မယ် ” ဆိုပြီး ပြောကြားခဲ့ပါတယ်။ အင်္ဂလန်ရှိ ကျောင်းသားတစ်ဦးချင်းစီရဲ့ ရန်ပုံငွေဟာ ၂၀၁၀ မှ ၂၀၂၀ ခုနှစ်အတွင်း ကိုးရာခိုင်နှုန်းအထိ ကျဆင်းသွားတာကြောင့် ကျောင်းတွေအနေနဲ့ ဖိအားများစွာနဲ့ ရင်ဆိုင်နေရပါတယ်။

အစိုးရအနေနဲ့ ၂၀၂၃ ခုနှစ်မှာ ကျောင်းအသုံးစရိတ် အပိုပေါင် ၇ ဘီလီယံ တိုးမြှင့်မယ်ဆိုပြီး ကတိပြုထားသော်လည်း မြင့်တက်လာတဲ့ ကုန်ကျစရိတ်တွေကို ထည့်သွင်းတွက်ချက်တဲ့အခါ ၂၀၁၀ အဆင့်ထက် လျော့နည်းနေတာကို တွေ့ရပါတယ်။ Essex မှာရှိတဲ့ Southend အမျိုးသားအထက်တန်းကျောင်းရဲ့ ကျောင်းအုပ်ဆရာကြီး ဒေါက်တာ Robin Bevan က “ အကယ်၍ လေးရက်တပတ်တာ မစီစဉ်ရသေးဘူးဆိုရင်တော့ သေချာပေါက် စဉ်းစားဖို့လိုအပ်ပါတယ်။ ” ဆိုပြီး ပြောကြားခဲ့ပါတယ်။

- Advertisement -

<Unicode Version>

- Advertisement -

 

#soshwe

#soshweeducation

#soshweforyourdailylife

#likeandshare

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

19 + 10 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...