HomeSportမားကပ်စ် ရက်ရှ်ဖို့ဒ်နဲ့ပတ်သက်ပြီး PSG အား သတိပေးလိုက်တဲ့ မန်ချက်စတာယူနိုက်တက်။

မားကပ်စ် ရက်ရှ်ဖို့ဒ်နဲ့ပတ်သက်ပြီး PSG အား သတိပေးလိုက်တဲ့ မန်ချက်စတာယူနိုက်တက်။

အင်္ဂလန်လက်ရွေးစင်ကစားသမားဟာ အဲရစ်တန်ဟက်လက်အောက်မှာ သူ့ရဲ့ကစားသမားဘဝကို ပြန်စနိုင်ဖို့ အခွင့်အရေးမရရှိခင် နွေရာသီအစောပိုင်းတုန်းက မန်ယူအသင်းကနေ ထွက်ခွာဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်အနေနဲ့ ယခုရာသီ မန်ယူအသင်းရဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်နှစ်ပွဲစလုံးမှာ ပွဲထွက်ကစားခွင့်ရခဲ့ပေမယ့် ဘရိုက်တန်နဲ့ ဘရန့်ဖို့ဒ်တို့ကို ရှုံးနိမ့်ခဲ့ပါတယ်။

- Advertisement -

အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ ရက်ရှ်ဖို့ဒ်ဟာ ဆယ်ကျော်သက်အရွယ်ဘဝတွင် Theatre of Dreams လို့ခေါ်တဲ့ Old Trafford ကွင်းထဲမှာ နာမည်ကျော်ကြားခဲ့သော်လည်း Ole Gunnar Solskjaer နှင့် Ralf Rangnick တို့လက်ထက်မှာ အတော်လေး ရုန်းကန်ခဲ့ရပါတယ်။ ရက်ရှ်ဖို့ဒ်အနေနဲ့ ၂၀၂၁ – ၂၀၂၂ ရာသီစုံပြိုင်ပွဲ ၃၂ ပွဲကစားပြီး ၅ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။

အင်္ဂလန်လက်ရွေးစင်ကစားသမားဟာ အဲရစ်တန်ဟက်လက်အောက်မှာ သူ့ရဲ့ကစားသမားဘဝကို ပြန်စနိုင်ဖို့ အခွင့်အရေးမရရှိခင် နွေရာသီအစောပိုင်းတုန်းက မန်ယူအသင်းကနေ ထွက်ခွာဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်အနေနဲ့ ယခုရာသီ မန်ယူအသင်းရဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်နှစ်ပွဲစလုံးမှာ ပွဲထွက်ကစားခွင့်ရခဲ့ပေမယ့် ဘရိုက်တန်နဲ့ ဘရန့်ဖို့ဒ်တို့ကို ရှုံးနိမ့်ခဲ့ပါတယ်။

လီဂူး ၁ ချန်ပီယံ PSG ဟာလည်း နွေရာသီအပြောင်းအရွှေ့အတွက် ဆွေးနွေးရန် ရက်ရှ်ဖို့ဒ်ရဲ့ လုပ်ဖော်ကိုင်ဖက်များနဲ့ အဆက်အသွယ်ရှိခဲ့တယ်ဆိုတဲ့ သတင်းတွေဟာ ပြီးခဲ့သည့်အပတ်က ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့ပါတယ်။ မကြာသေးမီက ထွက်ပေါ်လာတဲ့သတင်းတစ်ရပ်အရ ခရစ်စတိုဖီ ဂယ်တီယာရဲ့အသင်းဟာ ရာသီကုန်မှာ အလွတ်အေးဂျင့်ဖြစ်လာနိုင်တဲ့ အင်္ဂလန်သားအတွက် ကာလရှည်စာချုပ်ကမ်းလှမ်းရန် ပြင်ဆင်နေကြောင်း သိရပါတယ်။

- Advertisement -

သို့သော်လည်း ယခုနွေရာသီမှာ ရက်ရှ်ဖို့ဒ်ကို မန်ယူအသင်းမှ ထွက်ခွာခွင့်ပေးရန် အနေအထားမရှိကြောင်း Daily Mail က ဖော်ပြထားပြီး ကစားသမားကိုယ်တိုင်ကလည်း အိုးလ်ထရက်ဖို့ဒ်မှာ အကောင်းဆုံးခြေစွမ်းပြရန် ဆုံးဖြတ်ထားကြောင်း သိရပါတယ်။ မန်ယူအသင်းအနေနဲ့လည်း ရက်ရှ်ဖို့ဒ်နဲ့ စာချုပ်သစ်ချုပ်ဆိုရန် စိတ်အားထက်သန်နေကြောင်း သတင်းများက ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် Ten Hag ကလည်း Brentford နဲ့ပွဲမတိုင်မီ Rashford ရဲ့အနာဂတ်နဲ့ပတ်သက်၍ “ သူဟာ တကယ်ကိုအရေးပါတဲ့ ကစားသမားပါ ” ဆိုပြီး သတင်းထောက်များကို ပြောကြားခဲ့ပါတယ်။

- Advertisement -

<Unicode Version>

 

#soshwe

#soshwesport

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

2 × 2 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...