HomeEntertainmentJoker 2 ရုပ်ရှင်ကားမှာ ပါဝင်သရုပ်ဆောင်မယ့် ကမ္ဘာကျော်အဆိုတော် သရုပ်ဆောင် Lady Gaga

Joker 2 ရုပ်ရှင်ကားမှာ ပါဝင်သရုပ်ဆောင်မယ့် ကမ္ဘာကျော်အဆိုတော် သရုပ်ဆောင် Lady Gaga

- Advertisement -

အဆိုတော်သရုပ်ဆောင်မင်းသမီး လေဒီဂါဂါဟာ အော်စကာဆုရ Joker ရုပ်ရှင်ကားရဲ့နောက်ဆက်တွဲရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်မယ်ဆိုတဲ့အကြောင်း သူမရဲ့တွစ်တာမှာ ဇာတ်ကားနဲ့ပတ်သက်တဲ့ ကြော်ငြာအတိုလေးတစ်ခုတင်ပြီး အတည်ပြုခဲ့ပါတယ်။

အဲ့ဒီကြော်ငြာအတိုလေးမှာ Top Hat ရုပ်ရှင်ကားအတွက် ၁၉၃၅ ခုနှစ်က တေးရေးဆရာ အီဗင် ဘာလင်ရေးသားခဲ့တဲ့ Cheek to Cheek သီချင်းရဲ့တေးသွားနဲ့အတူ ကပြနေတဲ့ ပုံရိပ် (၂) ခုကို တွေ့မြင်ရပါတယ်။ ဂျိုအာကွင်း ဖိုနစ်နဲ့ လေဒီဂါဂါတို့ရဲ့နာမည်တွေအပြင် Joker 2 ရဲ့ဇာတ်ကားနာမည်၊ ရုံတင်မယ့်ရက်တွေကိုလည်း စာတန်းထိုးထားပါတယ်။

- Advertisement -

Joker 2 ရုပ်ရှင်နဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်ကို Warner Bros က ထုတ်ပြောထားခြင်းမျိုး မရှိသေးပါဘူး။ ဒါပေမယ့် နောက်ဆက်တွဲရုပ်ရှင်ကားက အဆိုအက ဇာတ်ဝင်ခန်းတွေ ပါဝင်မယ်လို့ သိရပြီး လေဒီဂါဂါက ဂျိုကာရဲ့တွဲဖက် ဟာလေကွင်းဇာတ်ကောင်အဖြစ် ပါဝင်ဖို့ မျှော်လင့်ရတယ်လို့ Variety သတင်းဌာနက ဆိုပါတယ်။

- Advertisement -

မင်းသမီး မားဂေါ့ရော်ဘီက Birds of Prey နဲ့ The Suicide Squad ဇာတ်ကားတွေမှာ ဟာလေကွင်း ဇာတ်ရုပ်ကို သရုပ်ဆောင်ခဲ့ကာ သူမအနေနဲ့ ဒီဇာတ်ရုပ်ကို ဆက်ပြီးသရုပ်ဆောင်သွားမလားဆိုတာ သေချာမသိရပါဘူး။ “ဂျိုကာ” အဓိကဇာတ်ရုပ်အဖြစ် ဂျိုအာကွင်း ဖိုနစ် ဆက်ပြီးပါဝင်မယ့် Joker: Folie a Deux ရုပ်ရှင်ကားက ၂၀၂၄ ခုနှစ် အောက်တိုဘာ ၄ ရက်နေ့မှာ ရုံတင်ပြသသွားဖို့စီစဉ်ထားပါတယ်။ ဖိုနစ်က အော်စကာဆုပေးပွဲမှာ ၂၀၁၉ ခုနှစ်ရဲ့ Joker ရုပ်ရှင်ကားနဲ့ အကောင်းဆုံးမင်းသားဆုကို ရရှိခဲ့ပါတယ်။

<Unicode Version>

 

#soshwe

#soshweentertainment

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

10 − four =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...