HomeHealth & Beautyဒန့်သလွန်သီးကိုစားသုံးခြင်းဖြင့် ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ။

ဒန့်သလွန်သီးကိုစားသုံးခြင်းဖြင့် ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ။

သင့်အရိုးတွေကို ကျန်းမာသန်စွမ်းစေချင်ရင်တော့ ဒန့်သလွန်သီးကို စားပေးဖို့ လိုအပ်ပါတယ်။ သတ္တုဓာတ်ပါဝင်မှုများတဲ့အတွက် အသက်အရွယ်ရလာတာနဲ့ အရိုးအဆစ်ကျန်းမာစေဖို့ ကူညီပေးနိုင်ပါတယ်။ ရောင်ရမ်းနာကျင်မှုကို တွန်းလှန်ပေးတဲ့ အာနိသင်ပါဝင်တာကြောင့်လည်း အဆစ်ရောင်ရောဂါလို အခြေအနေမျိုးကို ကုသပေးနိုင်တဲ့အပြင် ပျက်စီးသွားတဲ့အရိုးတွေကိုလည်း ပြန်လည်ကောင်းမွန်လာအောင် ကူညီပေးနိုင်ပါတယ်။

- Advertisement -

ဒန့်သလွန်သီးကလည်း လူတော်တော်များများကြိုက်နှစ်သက်ကြတဲ့ ဟင်းသီးဟင်းရွက် တမျိုးဖြစ်ပြီး အာဟာရဓာတ်ပါဝင်မှု မြင့်မားတဲ့အပြင် သင့်ကိုလည်း ကျန်းမာရေးနဲ့ ညီညွှတ်စေပါတယ်။ ကျွန်တော်တို့ ဒန့်သလွန်သီးကို စားသုံးဖြစ်တဲ့ပုံစံက ပဲကုလားဟင်းအနေနဲ့ ချက်စားဖြစ်ကြသလို အရည်သောက်အနေနဲ့ ချက်စားဖြစ်တာ များပါတယ်။ ဒန့်သလွန်သီးရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့

 

(၁) အာဟာရဓာတ်ပါဝင်မှု မြင့်မားခြင်း။

- Advertisement -

ဗီတာမင်ဓာတ်တွေ၊ သတ္တုဓာတ်တွေရနိုင်တဲ့ အစားအစာဆိုရင်တော့ ဒန့်သလွန်သီးပါပဲ။ ဒန့်သလွန်သီးမှာပါဝင်တဲ့ အာဟာရဓာတ်တွေကို ကျန်းမာရေးနဲ့ညီညွှတ်တဲ့ မုန်လာဥနီ၊ လိမ္မော်သီးနဲ့ နွားနို့တွေတောင် လိုက်မမှီပါဘူး။

- Advertisement -

 

(၂) အသည်းအတွက် ကောင်းခြင်း။

ဒန့်သလွန်သီးက အသည်းပျက်စီးခြင်းမဖြစ်အောင် ကာကွယ်ပေးတဲ့ အစားအစာဖြစ်တယ်လို့ သုတေသီတော်တော်များများက ဆိုထားပါတယ်။ ဒန့်သလွန်သီးက အသည်းမပျက်စီးအောင် ကာကွယ်ပေးသလို ပြန်လည်ကောင်းမွန်လာအောင်လည်း ထောက်ပံ့ပေးနိုင်ပါတယ်။

 

(၃) အစာအိမ်ပြဿနာတွေကိုလည်း ကုသပေးနိုင်စွမ်းရှိခြင်း။

အစာခြေစနစ်အတွက် ကူညီထောက်ပံ့ပေးနေတဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တော်တော်များများ ရှိပါတယ်။ အဲဒီအထဲမှာမှ ဒန့်သလွန်ရွက်မှာပါဝင်တဲ့ အာနိသင်တွေက အစာအိမ်ပြဿနာတွေကို ကုသတဲ့နေရာမှာ အကူအညီပေးနိုင်ပါတယ်။ ဒန့်သလွန်သီးမှာ တွေ့ရှိရတဲ့ Antibacterial နဲ့ antibiotic ဓာတ်တွေက ကူးစက်ရောဂါဖြစ်စေနိုင်တဲ့ ပိုးမွှားတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။

 

(၄) ကင်ဆာရောဂါကို ကာကွယ်ကုသပေးနိုင်ခြင်း။

- Advertisement -

ဒန့်သလွန်သီးမှာပါဝင်တဲ့ ဓာတ်တွေကလည်း ကင်ဆာရောဂါမဖြစ်အောင် ကာကွယ်ကုသပေးနိုင်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ဆိုထားပါတယ်။ Niazimicin ဓာတ်က ခန္ဓာကိုယ်အတွင်း ကင်ဆာဆဲလ်တွေ မတိုးပွားလာအောင် ဟန့်တားပေးနိုင်ပါတယ်။

 

(၅) အရိုးသန်မာခြင်း။

သင့်အရိုးတွေကို ကျန်းမာသန်စွမ်းစေချင်ရင်တော့ ဒန့်သလွန်သီးကို စားပေးဖို့ လိုအပ်ပါတယ်။ သတ္တုဓာတ်ပါဝင်မှုများတဲ့အတွက် အသက်အရွယ်ရလာတာနဲ့ အရိုးအဆစ်ကျန်းမာစေဖို့ ကူညီပေးနိုင်ပါတယ်။ ရောင်ရမ်းနာကျင်မှုကို တွန်းလှန်ပေးတဲ့ အာနိသင်ပါဝင်တာကြောင့်လည်း အဆစ်ရောင်ရောဂါလို အခြေအနေမျိုးကို ကုသပေးနိုင်တဲ့အပြင် ပျက်စီးသွားတဲ့အရိုးတွေကိုလည်း ပြန်လည်ကောင်းမွန်လာအောင် ကူညီပေးနိုင်ပါတယ်။

 

(၆) ဆီးချိုသမားအတွက်ကောင်းခြင်း။

ဒန့်သလွန်သီးက သွေးအတွင်းသကြားဓာတ်ကို ထိန်းညှိပေးတဲ့အတွက် ဆီးချိုသမားတွေအတွက် ကောင်းမွန်ပါတယ်။ ဆီးချိုသမားတွေက ဒန့်သလွန်ရွက်ကို ပုံမှန်စားသုံးပေးလို့ရပါတယ်။

 

(၇) ပန်းနာရင်ကျပ်ရောဂါကို ကုသပေးခြင်း။

ဒန့်သလွန်သီးနဲ့ ထုတ်လုပ်ထားတဲ့ ဆေးတွေကို ပုံမှန်သောက်သုံးပေးတာက ပန်းနာရင်ကျပ်ရောဂါကို သက်သာသွားစေနိုင်တယ်လို့ သုတေသီတချို့က ဆိုထားပါတယ်။ ဒန့်သလွန်သီးက အဆုတ်အားကောင်းစေတဲ့အပြင် အသက်ရှုလုပ်ဆောင်ချက်တွေကိုလည်း အားကောင်းစေတယ်လို့ သိရပါတယ်။

ကလေးယူဖို့ စိတ်ကူးနေတဲ့သူဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ ဒန့်သလွန်သီးကို စားသုံးပေးသင့်ပါတယ်။ ရောဂါအခံရှိတဲ့သူတွေကလည်း အရင်ဆုံး ဆရာဝန်နဲ့ တိုင်ပင်ကြည့်သင့်ပါတယ်။

<Unicode Version>

 

#soshwe

#soshwehealthandbeauty

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

14 − nine =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...