HomeHealth & Beautyတစ်ကိုယ်ရည်သန့်ရှင်းမှုနဲ့ပတ်သက်ပြီး လူအများစုလုပ်တတ်ကြတဲ့ မှားယွင်းတဲ့နည်းလမ်းများ။

တစ်ကိုယ်ရည်သန့်ရှင်းမှုနဲ့ပတ်သက်ပြီး လူအများစုလုပ်တတ်ကြတဲ့ မှားယွင်းတဲ့နည်းလမ်းများ။

- Advertisement -

ကလေးဘဝကတည်းက တစ်ကိုယ်ရည်သန့်ရှင်းမှုနဲ့ပတ်သက်ပြီး အခြေခံအချက်တွေကို သင်ယူခဲ့ကြရကာ လက်ဆေးဖို့နဲ့ သွားမှန်မှန်တိုက်ဖို့က ဘယ်လောက်အရေးကြီးတယ်ဆိုတာကို သိရှိပြီးသားဖြစ်ကြမှာပါ။ ဒါပေမယ့် တစ်ခါတစ်လေမှာ ကျွန်တော်တို့အနေနဲ့ အမှန်တကယ် အန္တရာယ်ဖြစ်စေနိုင်တဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေးနည်းလမ်းတွေကို သတိမပြုမိပဲ ထပ်တလဲလဲ လုပ်ဆောင်နေတတ်ကြပါတယ်။ ဆက်လက်ပြီး လူအများစုပြုလုပ်တတ်ကြတဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှုနဲ့ပတ်သက်ပြီး မှားယွင်းတဲ့နည်းလမ်းတွေကို soshwe စာဖတ်ပရိသတ်ကြီး သိရှိအောင် ဝေမျှပေးလိုက်ပါတယ်။

 

(၁) တူညီတဲ့နေရာကနေ သွားစတိုက်ခြင်း။

- Advertisement -

ကျွန်တော်တို့ သွားစတိုက်တဲ့အခါ အစပိုင်းတိုက်တဲ့သွားတွေကိုသာ အာရုံစိုက်လေ့ရှိကြပြီး နောက်မှတိုက်ဖြစ်တဲ့သွားတွေကို သိပ်ပြီးအာရုံမစိုက်မိတော့ပဲ အမြန်ပြီးသွားအောင် လက်စသတ်လိုက်ကြပါတယ်။ ဒါကြောင့် ဆရာဝန်တွေက တူညီတဲ့သွားတိုက်ခြင်းပုံစံကို အသုံးမပြုပဲ သွားတွေကို ပိုမိုညီညာသန့်ရှင်းနေစေဖို့ မတူညီတဲ့နေရာကနေ စတင်သွားတိုက်ဖို့ အကြံပြုထားပါတယ်။

- Advertisement -

 

(၂) ကိုယ်လက်လှုပ်ရှားမှု လုပ်ပြီးမှ မျက်နှာသစ်ခြင်း။

ကိုယ်လက်လှုပ်ရှားမှု မပြုလုပ်ခင်ကတည်းက မျက်နှာကို ဆေးကြောသန့််စင်သင့်ကြောင်း ကျွမ်းကျင်သူတွေက ဆိုပါတယ်။ မိတ်ကပ် ဒါမှမဟုတ် အညစ်အကြေးတွေကို ကြိုတင် သန့်စင်ပေးတာက ချွေးပေါက်တွေမပိတ်စေဖို့ ကူညီပေးမှာပါ။

 

(၃) လက်သည်းတွေ စိုစွက်နေတဲ့အချိန်မှာ ညှပ်ခြင်း။

စိုစွက်နေတဲ့လက်သည်းတွေဟာ ခြောက်နေတဲ့လက်သည်းတွေထက် ပိုပျော့ပျောင်းတာကြောင့် ၎င်းတို့ကိုဖြတ်တောက်ရန် ပိုမိုလွယ်ကူပုံရပါတယ်။ ဒါပေမယ့် တကယ်တော့ ဒီနည်းလမ်းဟာ လက်သည်းကို ကွေးပြီးဖြတ်လိုက်တာကြောင့် မညီမညာမှုကိုဖြစ်စေကာ အဆင်မပြေမှုတွေ ဖြစ်စေပါတယ်။ လက်သည်းတွေရဲ့ မညီမညာတဲ့အစွန်းတွေဟာ အဝတ်အစားပေါ်မှာ ကပ်ငြိတွယ်နိုင်တာကြောင့် ပျက်စီးမှုတွေလည်း ဖြစ်စေပါတယ်။

 

(၄) ရေချိုးပြီးနောက် ခန္ဓာကိုယ်ကို ခြောက်သွေ့သွားအောင်ပြုလုပ်ခြင်း။

- Advertisement -

ရေချိုးပြီးနောက် ခန္ဓာကိုယ်ကို လုံးဝခြောက်သွေ့သွားအောင်သုတ်ဖို့ ကျွမ်းကျင်သူတွေက အကြံမပြုထားပါဘူး။ မျက်နှာသုတ်ပဝါက ခန္ဓာကိုယ်ကို ကာကွယ်ပေးထားတဲ့ ဆဲလ်သေတွေကို ဖယ်ရှားပစ်တဲ့အတွက် အသားအရေကို ထိခိုက်မှု ဖြစ်စေနိုင်ပါတယ်။ အဲဒီအစား အရေပြားကို သူ့အလိုလိုခြောက်အောင်စောင့်တာ ဒါမှမဟုတ် မျက်နှာသုတ်ပဝါဖြင့် ညင်သာစွာ ခြောက်အောင်သုတ်တာမျိုးသာ ပြုလုပ်သင့်ပါတယ်။

<Unicode Version>

 

#soshwe

#soshwehealthandbeauty

#soshweforyourdailylife

#likeandshare

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

11 − 4 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...