HomeHealth & Beautyကူးစက်ရောဂါပိုးအသစ် ထပ်မံပျံ့နှံ့လာပြန်တဲ့ တရုတ်။

ကူးစက်ရောဂါပိုးအသစ် ထပ်မံပျံ့နှံ့လာပြန်တဲ့ တရုတ်။

- Advertisement -

ကြွက်စုတ်ကနေတစ်ဆင့် လူတွေကို ကူးစက်တတ်တဲ့ ရောဂါပိုးအသစ်ကြောင့် လူ ၃၅ ဦး ကူးစက်ခံခဲ့ရတယ်ဆိုပြီး တရုတ်အာဏာပိုင်တွေက သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။ “Langya” ဗိုင်းရပ်စ်လို့ အမည်ရတဲ့ အဆိုပါကူစက်ရောဂါဟာ တရုတ်နိုင်ငံ အရှေ့ပိုင်းပြည်နယ်နှစ်ခုမှာ ဒါဇင်နှင့်ချီ ကူးစက်နေပြီဖြစ်ပါတယ်။ ထိုင်ဝမ်ရောဂါထိန်းချုပ်ရေးစင်တာ (CDC) ရဲ့ အဆိုအရ အခုကူးစက်နေတဲ့ ဗိုင်းရပ်စ်ဟာ အသစ်ဖြစ်ပြီး အရင်က လူတွေကို ကူးစက်နိုင်ခြင်းမရှိဘူးလို့ သိရပါတယ်။

Langya henipavirus လို့ တရားဝင်အမည်ပေးထားတဲ့ ၎င်းဗိုင်းရပ်စ်ဟာ Henipavirus ရဲ့ မျိုးကွဲဖြစ်ပါတယ်။ အမျိုးအစားတူ မျိုးစိတ်နှစ်ခုဖြစ်တဲ့ Hendra နှင့် Nipah ဗိုင်းရပ်စ်များကို ယခင်က တွေ့ရှိခဲ့ကြောင်း The Sun သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ အဆိုပါ ဗိုင်းရပ်စ်နှစ်မျိုးအတွက် ကုသဆေးလည်းမရှိသလို ကာကွယ်ဆေးလည်း မရှိခဲ့ဘဲ ကူးစက်ခံရပါက ကြောက်မက်ဖွယ်ကောင်းတဲ့ ရောဂါလက္ခဏာတွေ ဖြစ်ပေါ်လာတယ်လို့ သိရပါတယ်။

- Advertisement -

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အချက်အလက်များအရ အဆိုပါဗိုင်းရပ်စ်ကို biosafety Level 4 အဖြစ် သတ်မှတ်ထားပြီး ၎င်းဗိုင်းရပ်စ်ဟာ လေထုအတွင်း ကူးစက်နိုင်ခြေ မြင့်မားကာ ၎င်းရဲ့ပြင်းထန်မှုကို လျှော့ချနိုင်တဲ့နည်းလမ်းမရှိဘဲ အသက်အန္တရာယ်ဖြစ်စေနိုင်တယ်လို့ ဖော်ပြထားပါတယ်။ တရုတ်အစိုးရပိုင် Global Times အရ ရောဂါကူးစက်ခံရသူ ၃၅ ဦးစလုံး အသက်ရှင်လျက်ရှိပြီး ပြင်းထန်တဲ့ရောဂါလက္ခဏာများ ဖြစ်ပွားခြင်းမရှိဘူးလို့ သိရပါတယ်။ ရောဂါလက္ခဏာတွေအနေနဲ့ ဖျားနာခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ကြွက်သားနာကျင်ခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ ချောင်းဆိုးခြင်း၊ ပျို့အန်ခြင်းနှင့် ခေါင်းကိုက်ခြင်းတို့ ပါဝင်ကြောင်း သိရပါတယ်။ အဆိုပါဗိုင်းရပ်စ်ပိုးကို တိရစ္ဆာန်များနှင့် ထိတွေ့ခဲ့သူများတွင် အများဆုံးတွေ့ရကြောင်း စာတမ်းမှာ ထည့်သွင်းဖော်ပြထားပါတယ်။

- Advertisement -

လူအစုလိုက်အပြုံလိုက်ကြားမှာ အဆိုပါဗိုင်းရပ်စ်ကို တွေ့ရှိခဲ့ရတာကြောင့် ၎င်းဗိုင်းရပ်စ်ပိုးအသစ်ဟာ လူအချင်းချင်းကြား ကူးစက်နေပြီဖြစ်တယ်လို့ သုံးသပ်ထားကြပါတယ်။ သိပ္ပံပညာရှင်များအနေနဲ့ တိရိစ္ဆာန် ၂၅ ကောင်ကို လေ့လာခဲ့ရာ Langya ဗိုင်းရပ်စ်ကို အထင်ရှားဆုံး သယ်ဆောင်သူမှာ ကြွက်စုတ်များဖြစ်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။ Covid-19 စတင်ဖြစ်ပွားပြီး အချိန် (၂) နှစ်ခွဲအတွင်း သိပ္ပံပညာရှင်များက ကမ္ဘာတစ်ဝှမ်း ကူးစက်ရောဂါများ ပိုမိုအဖြစ်များလာနိုင်တဲ့ အခြေအနေများစွာကြောင့် ကျန်းမာရေးဆိုင်ရာ ဘေးအန္တရာယ်များ ပိုမိုကြုံတွေ့လာမှာကို အကောင်းဆုံးပြင်ဆင်ထားကြဖို့ သတိပေးခဲ့ပါတယ်။

<Unicode Version>

 

#soshwe

#soshwehealthandbeauty

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

eighteen − eleven =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...