HomeTechစကားစစ်ထိုးဖို့ Twitter CEO ကို စိန်ခေါ်လိုက်တဲ့ Elon Musk

စကားစစ်ထိုးဖို့ Twitter CEO ကို စိန်ခေါ်လိုက်တဲ့ Elon Musk

- Advertisement -

ဒေါ်လာ ၄၄ ဘီလျံကျော်တန် လုပ်ငန်းဝယ်မယ့်ကိစ္စ ပျက်ပြီးနောက် အမှုဖြစ်နေကြတဲ့ Twitter နဲ့ အီလွန်မတ်စ်အကြား အကောင့်တုနဲ့ Spam Account တွေအကြောင်း လူရှေ့သူရှေ့မှာ အပြန်အလှန်စကားစစ်ထိုးဖို့ Twitter အမှုဆောင်အရာရှိချုပ် ပါရက်အဂ္ဂရာဝဲလ်ကို အီလွန်မတ်စ်က စိန်ခေါ်လိုက်တယ်ဆိုပြီး CNBC သတင်းက ဖော်ပြခဲ့ပါတယ်။

“Twitter မှာ အကောင့်တု ဒါမှမဟုတ် Spam အကောင့်ပမာဏဟာ နေ့စဉ်သုံးစွဲသူရဲ့ ၅% အောက်ပဲ ရှိတယ်ဆိုတာကို လူသိရှင်ကြား သက်သေပြုခွင့်ပေးသွားမှာပါ” လို့ မတ်စ်က Twitter မှာ ပြောခဲ့ပါတယ်။ မတ်စ်ဟာ Twitter နေ့စဉ်သုံးစွဲသူရဲ့ ၅% အောက်က အကောင့်တု ဒါမှမဟုတ် Spam အကောင့် ဟုတ်သလား မဟုတ်သလားဆိုတာကိုပါ အသုံးပြုသူတွေဆီက စစ်တမ်းကောက်တဲ့ Poll တစ်ခု တင်ခဲ့ပါတယ်။

Poll မှာ စက်ရုပ် emojis ၃ ခုပုံပါ Yes ဆိုတဲ့ Option နဲ့ Lmaooo no ဆိုပြီး Option နှစ်ခု ပေးထားပါတယ်။ ဩဂုတ်လ ၆ ရက်နေ့က သူတင်ထားတဲ့ Poll ကို လူပေါင်း ၇ သိန်း ၉ သောင်းနီးပါးက မဲပေးခဲ့ပြီး ၆၇.၂% က Lmaooo no (Twitter အကောင့်ထဲက ၅% အောက်က အကောင့်တုတွေလို့ လက်မခံကြောင်း) ဖြေထားပါတယ်။

- Advertisement -

မတ်စ်တယောက် ဧပြီလကတည်းက Twitter ကို ဝယ်ယူကာ ပုဂ္ဂလိကပိုင်အဖြစ်ပြောင်းလဲဖို့ စီစဉ်ခဲ့ခြင်း ဖြစ်ပါတယ်။ နောက်တော့ Twitter ပလက်ဖောင်းပေါ်မှာ ဖော်ပြထားတဲ့ အမှန်တကယ်သုံးစွဲသူ အရေအတွက်ဟာ ကိန်းဂဏန်း တလွဲတွေလို့ မတ်စ်ဘက်က ထုတ်ပြောလာပြီးနောက် အရောင်းအဝယ်ဖျက်သိမ်းကြောင်း ကြေညာခဲ့ပါတယ်။ အရောင်းအဝယ်ဖျက်ခဲ့တဲ့ မတ်စ်ကိုလည်း Twitter ဘက်က ချက်ချင်း တရားစွဲခဲ့ပါတယ်။

- Advertisement -

မတ်စ်ဘက်ကလည်း ဇူလိုင် ၂၉ ရက်နေ့တုန်းက Twitter ကို ပြန်လည်တရားစွဲခဲ့တာကြောင့် တစ်ဖက်နဲ့တစ်ဖက် ဥပဒေစစ်ပွဲအရှိန် မြင့်တက်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်အချို့ကလည်း မက်စ်က Twitter အနေနဲ့ အကောင့် ၁၀၀ ကို နမူနာယူပြီး အကောင့်အစစ် ဟုတ်မဟုတ် ဘယ်လိုအတည်ပြုသလဲဆိုတဲ့နည်းလမ်းကို ထုတ်ပေးမယ်ဆိုရင် ကုမ္ပဏီဝယ်မယ့်ကိစ္စကို မူလသဘောတူညီတဲ့အတိုင်း ရှေ့ဆက်မယ်လို့ ပြောခဲ့ပါတယ်။

မတ်စ်ဟာ Twitter ကို ဝယ်ဖို့ကမ်းလှမ်းပြီး တစ်လခန့်အကြာ မေလ ၉ ရက်နေ့ကစတင်ပာ သတင်းအချက်အလက်ပေးဖို့ ကုမ္ပဏီကို ထပ်တလဲလဲ တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။ အီလွန်မတ်စ်ဟာ Twitter ပလက်ဖောင်း သုံးစွဲသူတွေထဲမှာ အကောင့်အရေအတွက် ဘယ်လောက်က အကောင့်တုတွေ ဖြစ်နေမလဲဆိုတာကို စစ်ထုတ်တွက်ချက်ချင်နေတာ ဖြစ်ပါတယ်။ သူကိုယ်တိုင်လည်း Twitter ပလက်ဖောင်းပေါက် အကောင့်တု bots အရေအတွက်ကို ခန့်မှန်းတွက်ချက်ဖို့ Botometer ဆိုတဲ့ အွန်လိုင်း Tool တစ်ခုကို အသုံးပြုခဲ့တယ်လို့ The Washington Post က ဖော်ပြခဲ့ပါတယ်။

အီလွန်မတ်စ်ကတော့ Twitter ဟာ ကုမ္ပဏီကြေညာထားတာထက် အသုံးပြုသူဦးရေ ၆၅ သန်း ပိုနည်းလိမ့်မယ်လို့ ပြောထားပြီး တစ်နေ့ကို လူ ၁၆ သန်းလောက်ပဲ ကုမ္ပဏီပလက်ဖောင်းပေါ်က ကြော်ငြာတွေကို မြင်နိုင်မယ်လို့ ပြောထားခဲ့ပါတယ်။ Twitter ကတော့ ကုမ္ပဏီပလက်ဖောင်းမှာ ငွေရှာလို့ရနိုင်တဲ့ နေ့စဉ်ပုံမှန်အသုံးပြုသူ (mDAU) ဟာ ၂၃၈ သန်းခန့် ရှိပြီး ဒါဟာ ပြီးခဲ့တဲ့နှစ် ဒုတိယသုံးလပတ်ကထက် ၁၆% ပိုတက်လာတာလို့ ကြေညာထားပါတယ်။ Twitter ကုမ္ပဏီနဲ့ အီလွန်မတ်စ်အကြား တရားစွဲဆိုကြားနာမှုကို လာမယ့်အောက်တိုဘာ ၁၇ ရက်နေ့မှာ စတင်သွားဖို့ရှိပြီး အမှုမြန်မြန်ပြီးလောက်တယ်လို့လည်း သတင်းထွက်နေပါတယ်။

<Unicode Version>

 

#soshwe

#soshwetech

#soshweforyourdailylife

- Advertisement -

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

two + four =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...